Wednesday 17 December 2014

မြန်မာအပါအ၀င် မဲခေါင် သုံးနိုင်ငံ မူးယစ်အရာရှိများ ရုံးထိုင်မည့်ဌာန ချင်းမိုင်တွင် ဖွင့်မည်

Photo: မြန်မာအပါအ၀င် မဲခေါင် သုံးနိုင်ငံ မူးယစ်အရာရှိများ ရုံးထိုင်မည့်ဌာန ချင်းမိုင်တွင် ဖွင့်မည်
Wednesday, December 17, 2014

  မဲခေါင်ဒေသတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးသန်း ရောင်းဝယ်မှုများ  တိုက်ဖျက်ရန် မြန်မာအပါအ၀င် မဲခေါင်ဒေသ သုံးနိုင်ငံမှ မူးယစ်တိုက်ဖျက်ရေး အရာရှိများ ပူးပေါင်းရုံးထိုင်မည့် မူးယစ်တိုက်ဖျက်ရေးဌာနတစ်ခု ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖွင့် လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ မူးယစ်တိုက် ဖျက်ရေးအရာရှိများက အဆိုပါ ဌာနတွင် ပူးပေါင်းရုံးထိုင်၍ မဲ ခေါင်ဒေသတွင်း  မူးယစ်ဆေး ၀ါးကုန်ကူးမှုသတင်းအချက်အ လက်များ ဖလှယ်ခြင်း၊ မူးယစ် ဆေးဝါးမှောင်ခိုကုန်ကူးသူများ နှင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်ကောင်များကို လေးနိုင်ငံပူးပေါင်းဖမ်းဆီး ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့    ရဲမှူးကြီး တင်အောင်က ပြောကြားသည်။

‘‘မူးယစ်ဆေးဝါးမှုခင်းဆို တာ နိုင်ငံဖြတ်ကျော်တဲ့ရာဇ၀တ် မှုမျိုး၊ ဒီတော့ ဒေသတွင်းနိုင်ငံတွေ အချင်းချင်း နားလည်မှုရှိရှိနဲ့ ပူး ပေါင်းနှိမ်နင်းမယ်ဆိုရင် ဒီရာဇ ၀တ်ကောင်တွေ ပြေးစရာမြေကို မရှိတော့ဘူး။ အချိန်နဲ့ တစ်ပြေးညီ လည်း နယ်စပ်ဝင်ပေါက်တွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင် မယ်၊ ပူးပေါင်းမယ်ဆိုရင် ဒီဌာန ဟာ အချိန်ကြာလာတာနဲ့အမျှ မူး ယစ်အန္တရာယ်ကိုလည်း ထိန်းချုပ် သွားနိုင်မှာပါ’’ဟု ၎င်းက ပြော သည်။

အဆိုပါမူးယစ်တိုက်ဖျက် ရေးဌာနကို   ၂၀၁၅   ဇန်န၀ါရီ တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဒေသ (၅)၌  ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက   ဒီဇင်ဘာ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ထိုင်းမူးယစ်တိုက်ဖျက်ရေးအရာ ရှိများကလည်း  ထိုင်းမှတစ်ဆင့် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ် သည့် လာအို၊ မြန်မာနှင့် တရုတ် နိုင်ငံတို့သို့ ထွက်ပြေးတိမ်းရှောင် သွားသော မူးယစ်ဆေးဝါးသံသ ယရှိသူများ   ရှာဖွေရေးတွင် အ ကူအညီပေးရန်    ပန်ကြားထား ကြောင်း   အဆိုပါသတင်းစာက  ဖော်ပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ချင်း ရိုင်မြို့၌   မြန်မာ−ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး      ကျင်းပနေပြီး နှစ်နိုင်ငံကြား     မူးယစ်ဆေးဝါး မှောင်ခိုသတင်းများ ဖလှယ်ရေး၊ မူးယစ်တရားခံများ ထွက်ပြေးတိမ် ရှောင်မှု  သတင်းများနှင့်  ပတ် သက်၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ရဲမှူးကြီးက ပြောသည်။

မဲခေါင်ဒေသတွင်း  မူးယစ် ဆေးဝါးပြဿနာများနှင့် ရာဇ၀တ် ကောင်များ ထွက်ပြေးလွတ်မြောက်မှုတို့မှာ အာဏာပိုင်များ လက် လှမ်းမမီမှုနှင့် ပထ၀ီဝင်အနေအ ထားအရ တစ်စထက်တစ်စကြီး ထွားလာနေပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ဘန်ကောက်မြို့၌ ကျင်းပ မည့် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတွင်လည်း ယင်း ပြဿနာများကို မြန်မာသမ္မတဦး  သိန်းစိန်နှင့် ကျန်ထိပ်သီးငါးနိုင်ငံ တို့ ၀ိုင်းဝန်းဆွေးနွေးကြမည် ဖြစ် သည်။

7Day DAILY 

ဘိန်းခင်းများကို ဖျက်ဆီးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ−မောင်တာ)
ဘိန်းခင်းများကို ဖျက်ဆီးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ−မောင်တာ)
မဲခေါင်ဒေသတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးသန်း ရောင်းဝယ်မှုများ  တိုက်ဖျက်ရန် မြန်မာအပါအ၀င် မဲခေါင်ဒေသ သုံးနိုင်ငံမှ မူးယစ်တိုက်ဖျက်ရေး အရာရှိများ ပူးပေါင်းရုံးထိုင်မည့် မူးယစ် တိုက်ဖျက်ရေး ဌာနတစ်ခု ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖွင့် လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ မူးယစ်တိုက် ဖျက်ရေးအရာရှိများက အဆိုပါ ဌာနတွင် ပူးပေါင်း ရုံးထိုင်၍ မဲ ခေါင်ဒေသတွင်း  မူးယစ်ဆေး ၀ါးကုန်ကူးမှုသတင်းအချက်အ လက်များ ဖလှယ်ခြင်း၊ မူးယစ် ဆေးဝါးမှောင်ခိုကုန်ကူးသူများ နှင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်ကောင်များကို လေးနိုင်ငံပူးပေါင်းဖမ်းဆီး ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့    ရဲမှူးကြီး တင်အောင်က ပြောကြားသည်။

‘‘မူးယစ်ဆေးဝါးမှုခင်းဆို တာ နိုင်ငံဖြတ်ကျော်တဲ့ရာဇ၀တ် မှုမျိုး၊ ဒီတော့ ဒေသတွင်းနိုင်ငံတွေ အချင်းချင်း နားလည်မှုရှိရှိနဲ့ ပူး ပေါင်းနှိမ်နင်းမယ်ဆိုရင် ဒီရာဇ ၀တ်ကောင်တွေ ပြေးစရာမြေကို မရှိတော့ဘူး။ အချိန်နဲ့ တစ်ပြေးညီ လည်း နယ်စပ်ဝင်ပေါက်တွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင် မယ်၊ ပူးပေါင်းမယ်ဆိုရင် ဒီဌာန ဟာ အချိန်ကြာလာတာနဲ့အမျှ မူး ယစ်အန္တရာယ်ကိုလည်း ထိန်းချုပ် သွားနိုင်မှာပါ’’ဟု ၎င်းက ပြော သည်။

အဆိုပါမူးယစ်တိုက်ဖျက် ရေးဌာနကို   ၂၀၁၅   ဇန်န၀ါရီ တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဒေသ (၅)၌  ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက   ဒီဇင်ဘာ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ထိုင်းမူးယစ်တိုက်ဖျက်ရေးအရာ ရှိများကလည်း  ထိုင်းမှ တစ်ဆင့် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် လာအို၊ မြန်မာနှင့် တရုတ် နိုင်ငံတို့သို့ ထွက်ပြေး တိမ်း ရှောင် သွားသော မူးယစ်ဆေးဝါးသံသ ယရှိသူများ   ရှာဖွေရေးတွင် အ ကူအညီပေးရန်    ပန်ကြား ထား ကြောင်း   အဆိုပါသတင်းစာက  ဖော်ပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ချင်း ရိုင်မြို့၌   မြန်မာ−ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး အဆင့် မြင့် အရာရှိကြီးများအစည်းအဝေးကျင်းပနေပြီး နှစ်နိုင်ငံကြား မူးယစ်ဆေးဝါး မှောင်ခိုသတင်းများ ဖလှယ်ရေး၊ မူးယစ်တရားခံများ ထွက်ပြေးတိမ် ရှောင်မှုသတင်းများနှင့်  ပတ်သက်၍ နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ရဲမှူးကြီးက ပြောသည်။

မဲခေါင်ဒေသတွင်း  မူးယစ် ဆေးဝါးပြဿနာများနှင့် ရာဇ၀တ် ကောင်များ ထွက်ပြေးလွတ်မြောက်မှုတို့မှာ အာဏာပိုင်များ လက် လှမ်းမမီမှုနှင့် ပထ၀ီဝင်အနေအ ထားအရ တစ်စထက်တစ်စကြီး ထွားလာနေပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ဘန်ကောက်မြို့၌ ကျင်းပ မည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် လည်း ယင်းပြဿနာများကို မြန်မာသမ္မတဦး  သိန်းစိန်နှင့် ကျန်ထိပ်သီးငါးနိုင်ငံ တို့ ၀ိုင်းဝန်းဆွေးနွေးကြ မည် ဖြစ် သည်။

7Day DAILY 

No comments:

Post a Comment