Wednesday 17 December 2014

အာဖဂန်နစ္စတန်နိုင်ငံတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေကို စီစဉ်ထားတဲ့ အတိုင်း ရုပ်သိမ်းသွားမယ်လို့ သမ္မတ အိုဘားမားပြောကြား

Photo: အာဖဂန်နစ္စတန်နိုင်ငံတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေကို စီစဉ်ထားတဲ့ အတိုင်း ရုပ်သိမ်းသွားမယ်လို့ သမ္မတ အိုဘားမားပြောကြား
Wednesday, December 17, 2014 

အာဖဂန်နိုင်ငံတွင်းမှာရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်မှာ စီစဉ်ထားတဲ့အတိုင်း ရပ်ဆိုင်းမှာ
ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား က ပြောပါတယ်။
 
အာဖဂန်နိုင်ငံတွင်းကနေ ပြန်ရောက်လာတဲ့ အမေရိကန်တပ်သားတွေကို နယူးဂျာစီပြည်နယ် စစ်အခြေစိုက်စခန်းမှာ ဒီဇင်ဘာလ (၁၅) ရက်မှာ ကြိုဆိုစဉ် သမ္မတအိုဘားမားက အထက်ပါအတိုင်းပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ တပ်သားတွေ အခုလို ပြန်လာတာကို အမေရိကန်အနေနဲ့ ၀မ်းသာတယ် လို့လည်း သမ္မတက ပြောပါတယ်။
 
(၁၃) နှစ်အကျော်မှာ အာဖဂန်နိုင်ငံအတွင်းက အမေရိကန်တိုက်ခိုက် ရေးမစ်ရှင်တွေဟာ အဆုံးသတ်ပြီဖြစ်ပြီး အာဖဂန်စစ်ပွဲလည်း အဆုံးသတ်မှာဖြစ်တယ်လို့ သမ္မတကပြောပါတယ်။ အာဖဂန်နိုင်ငံတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေသေး တာကြောင့် အာဖဂန်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့အတွက် သတ်မှတ်ထားတဲ့ အမေရိကန်တပ်သား အရေအတွက်ကတော့ အာဖဂန်နိုင်ငံတွင်းမှာ ဆက်ရှိသွား ဦးမှာဖြစ်တယ်လို့ သမ္မတကပြောပါတယ်။ အာဖဂန်တပ်ဖွဲကတွေအနေနဲ့ အယ်လ်ကေးဒါး အကြမ်းဖက်သမားတွေကို အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းဖို့ လိုအပ်နေသေးတယ်လို့လည်း သမ္မတ ကပြောပါတယ်။ 

MRTV-4
အာဖဂန်နိုင်ငံတွင်းမှာရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်မှာ စီစဉ်ထားတဲ့အတိုင်း ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား က ပြောပါတယ်။

 အာဖဂန်နိုင်ငံတွင်းကနေ ပြန်ရောက်လာတဲ့ အမေရိကန်တပ်သားတွေကို နယူးဂျာစီပြည်နယ် စစ်အခြေစိုက်စခန်းမှာ ဒီဇင်ဘာလ (၁၅) ရက်မှာ ကြိုဆိုစဉ် သမ္မတအိုဘားမားက အထက်ပါအတိုင်း ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ တပ်သားတွေ အခုလို ပြန်လာတာကို အမေရိကန်အနေနဲ့ ၀မ်းသာ တယ် လို့လည်း သမ္မတက ပြောပါတယ်။

(၁၃) နှစ်အကျော်မှာ အာဖဂန်နိုင်ငံအတွင်းက အမေရိကန်တိုက်ခိုက် ရေးမစ်ရှင်တွေဟာ အဆုံးသတ် ပြီဖြစ်ပြီး အာဖဂန်စစ်ပွဲလည်း အဆုံးသတ်မှာဖြစ်တယ်လို့ သမ္မတကပြောပါတယ်။ အာဖဂန်နိုင်ငံတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေသေး တာကြောင့် အာဖဂန်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့အတွက် သတ်မှတ်ထားတဲ့ အမေရိကန်တပ်သား အရေအတွက်ကတော့ အာဖဂန်နိုင်ငံတွင်းမှာ ဆက်ရှိသွား ဦးမှာဖြစ်တယ်လို့ သမ္မတကပြောပါတယ်။ အာဖဂန်တပ်ဖွဲကတွေအနေနဲ့ အယ်လ်ကေးဒါး အကြမ်းဖက် သမားတွေကို အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းဖို့ လိုအပ်နေသေးတယ်လို့လည်း သမ္မတ ကပြောပါတယ်။ 

MRTV-4 

No comments:

Post a Comment