Wednesday 17 December 2014

မိကျောင်းကန် သပိတ်စခန်းမှ မြို့တော်ခန်းမ ဒုတိယပင်မ ၀င်ပေါက် တစ်ခုအား ပိတ်ဆို့ ဆန္ဒပြ

မိကျောင်းကန် တပ်မတော် သိမ်းမြေအား ပြန်လည် ရရှိရန် တောင်းဆို နေသည့် မိကျောင်းကန် သပိတ်စခန်းသည် ယမန်နေ့က ရန်ကုန် မြို့တော် ခန်းမ၏ ဒုတိယပင်မ ၀င်ပေါက်အား ပိတ်ဆို့၍ ဆန္ဒပြမှု အရှိန် တိုးမြှင့် လိုက်ကြောင်း သတင်း ရရှိသည်။ ရန်ကုန်မြို့တော် ခန်းမရှိ ၀န်ထမ်းများ ရုံးဆင်းချိန်အား အဓိကထား၍ ဆန္ဒပြမှု အရှိန် တိုးမြှင့်ခြင်း ဖြစ်ပြီး တာဝန်ကျ ရဲများမှ သံဆူး ကြိုးများ ကာရန် တားဆီးခဲ့ကြောင်း မိကျောင်းကန် သပိတ် စခန်းမှ မဇင်မာက The Messenger Media သို့ပြောသည်။ လူကြီး ရုံးဆင်းချိန်ကို အဓိက ထားပြီး ဆန္ဒပြတာ။ ရုံးဆင်းချိန် ပြီးတာနဲ့ ဆူးလေ ၀င်ပေါက်မှာ သွားပူးပေါင်း ကြတယ် ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ပြုလုပ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီတွင် စတင်ခဲ့ခြင် ဖြစ်ပြီး ညနေ (၅) နာ၇ီခန့် အချိန်ထိ မိကျောင်းကန် သပိတ် စခန်းမှ ပိတ်ဆို့ ဆန္ဒပြနေခြင်း ဖြစ်ကြောင်း ကျောက်တံတား စခန်းမှူး ၀င်းမြင့်က The Messenger Media သို့ပြောသည်။ ပုဒ်မ (၁၈)နဲ့ အမှုဖွင့် ထားတယ်။ ဒီ တစ်ကြိမ် ပြတာကို ဖွင့်တာ မဟုတ်ဘူး။ အရင် ဖွင့်ထားတဲ့ အတိုင်းပဲ။ ဥပဒေ အရပဲ ဆောင်ရွက် သွားမှာ ဟု ၎င်းက ပြောသည်။ မိကျောင်းကန် သပိတ် စခန်းသည် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအေးတွင် မိကျောင်းကန် တပ်သိမ်းမြေများ ပြန်လည် ရရှိရန် ဆန္ဒပြ တောင်းဆို နေသည်မှာ ယနေ့ ဆိုလျှင် (၂၆) ရက် ပြည့်ပြီ ဖြစ်သည်။

Messenger News Journal 

No comments:

Post a Comment