Wednesday 17 December 2014

မိခင်နှင့် မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ဒိန်းမတ်က ကန်ဒေါ်လာ ငါးသန်းတိုးမြှင့် ထောက်ပံ့

ရန်ကုန်- မြန်မာနိုင်ငံရှိ မိခင်နှင့်မွေးကင်းစကလေးသူငယ်များအတွက် ကျန်းမာရေးအခြအနေမြှင့် တင်နိုင် ရန် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာ ငါးသန်းတိုးမြှင့်ထောက်ပံ့လိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၂ မှစ၍ မြန်မာနိုင်ငံရှိ ကလေးသေဆုံးနှုန်းလျော့ချရန် မိခင်များ၏ ကျန်းမာရေးတိုးတက် ကောင်း မွန်ရန်၊ အိတ်ခ်ျအိုင်ဗီ၊ တီဘီနှင့်ငှက်ဖျားရောဂါ တိုက်ဖျက်ရန် သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ ငါးနှစ်တာစီမံကိန်းအတွက် ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၄ သန်း ကူညီပံ့ပိုးပေးခဲ့ရာ ဒိန်းမတ်နိုင်ငံက ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းကို ထပ်မံတိုးမြှင့် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။‘‘အမျိုးသမီးတွေ၊ မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေ ရဲ့ကျန်းမာရေးအခြေအနေတွေ မြှင့်တင်ဆောင်ရွက်ဖို့အတွက် တိုးမြှင့်ထောက်ပံ့တာပါ။ မြန်မာနိုင်ငံ အစိုးရနဲ့ လက်တွဲပြီး အနာဂတ်မှာလည်း ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ’’ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီးက ပြောသည်။

ယင်းရန်ပုံငွေကို ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် သုံးရန်ပုံငွေ (3MDG)မှ မွေးကင်း စကလေး နှင့် ကလေးသူငယ်များ ကျန်းမာရေးအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၁၉၉၀ပြည့်နှစ် တွင်  ကျန်းမာရေးစောင့်ရှောက်မှု  ပြည့်ဝစွာမရရှိခြင်းကြောင့် မွေးကင်းစ ကလေးသေဆုံးမှုမှာ ၁၃၀ ဦးရှိခဲ့ကာ ၂၀၀၇ ခုနှစ်တွင် ၁၀၃ ဦးသေဆုံးခဲ့သည်။ အလားတူ အဟာရ မပြည့်ဝမှုကြောင့်  (၅) နှစ် အောက် ကလေးသေဆုံးမှုမှာ ကမ္ဘာ့နိုင်ငံအလိုက်အဆင့်သတ် မှတ်ချက် ၁၈၉ ဆင့် တွင် မြန်မာ နိုင်ငံသည် အဆင့် ၃၆နေရာ၌ ရှိ နေသည်။

7Day DAILY 

No comments:

Post a Comment