Wednesday 17 December 2014

မြန်မာ့ကျေးလက်ကဏ္ဍ ဆင်းရဲတွင်းသို့ ဦးတည်နေကြောင်း ကမ္ဘာ့ဘဏ်ထောက်ပြ

Photo: မြန်မာ့ကျေးလက်ကဏ္ဍ ဆင်းရဲတွင်းသို့ ဦးတည်နေကြောင်း ကမ္ဘာ့ဘဏ်ထောက်ပြ
Wednesday, December 17, 2014

ရန်ကုန်− ကျေးလက်ဒေသတွင် လယ်ယာကဏ္ဍ ထုတ်လုပ်နိုင်မှု နိမ့်ကျခြင်း၊ မြေယာမပိုင်ဆိုင်မှု၊ အခြေခံ အဆောက်အအုံအား နည်းမှု၊ ရာသီဥတု ဖောက်ပြန်မှု တို့ကြောင့် ဆင်းရဲတွင်းသို့ တွန်း ပို့သော အခြေအနေဖြစ်နေ ကြောင်း ကမ္ဘာ့ဘဏ်၏ နိုင်ငံအခြေအနေစနစ်တကျလေ့လာဆန်းစစ်မှု အနှစ်ချုပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တိုင်းတာသော ပြည် တွင်းအသားတင်ထုတ်လုပ်မှု (ဂျီ ဒီပီ)တွင် လယ်ယာကဏ္ဍ ပါဝင် မှုသည် ၃၆ ရာခိုင်နှုန်းကျော်ရှိပြီး အာဆီယံ၌ အများဆုံးဖြစ်နေသည်။ ဂျီဒီပီတွင် လယ်ယာကဏ္ဍပါဝင်မှုကို လျှော့ချနိုင်မှသာ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးသည်ဟု ပြောနိုင်ကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဦးမြင့်ကပြောသည်။

‘‘ကျေးလက်မှာနေတဲ့ လူတွေက ပညာရေးအဆင့် နိမ့်တယ်။ ကုန်ထုတ်လုပ်မှုတန်ဖိုးက လည်း မရှိသလောက်နည်းတယ်’’ ဟု ကမ္ဘာ့ဘဏ် စီးပွားရေးပရိုဂရမ်ခေါင်းဆောင် မစ္စတာ Khwima Nthara က ပြောကြားသည်။

ကျေးလက်ဒေသတွင် နေ ထိုင်သူများသည် ပညာရေး အ ဆင့်နိမ့်ကျကာ ဘ၀ရပ်တည်ရေး အတွက် လယ်ယာလုပ်ငန်း ပေါ် မှီခိုနေရသော်လည်း မြေယာ၊ငွေကြေးကဲ့သို့ ထုတ်လုပ်မှုဆိုင် ရာအထောက်အပံ့များပြည့်ပြည့် ၀၀မရရှိကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်မှုအနှစ်ချုပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုသည် ၂၀၀၆ မှ ၂၀၁၀ ကြား ဂျီဒီပီ၏ ၅ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အသွင်ကူးပြောင်း ရေးကာလစတင်ချိန်တွင် ၆ ဒသမ၅ ရာခိုင်နှုန်းအထိရှိလာသည်။ လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ဂျီဒီပီ ၈ ဒသမ ၅ ရာခိုင်နှုန်းထိရှိသည်။

 လက်ရှိမြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက် မှု၊ ငွေကြေးဝန်ဆောင်မှုများ အား နည်းမှု၊ ကျွမ်းကျင်လုပ်သားရှား ပါးမှုနှင့် သတင်းနှင့် နည်းပညာဝန်ဆောင်မှုများ အားနည်းမှု ပြဿနာများ ဖြေရှင်းနိုင်ပါက သိသာထင်ရှားသော အပြောင်းအလဲများ လုပ်ဆောင်နိုင်မည်ဟု ကမ္ဘာဘဏ်လေ့လာဆန်းစစ်မှုတွင် ဖော်ပြထားသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင် ရေးကြိုးပမ်းရာတွင် ရေရှည်ဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် ဧရာဝတီမြစ် ဘက်စုံစီမံမှု လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖော်ပြ ထားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအကူးအပြောင်း ကာလတွင် ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ခြင်းနှင့် အားလုံးမျှဝေ ပိုင်ဆိုင်သည့် သာယာဝပြောမှုကိုမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ထုတ်ပြန်သော နိုင်ငံရေးအခြေအနေလေ့လာစမ်းစစ်မှုအနှစ်ချုပ်ကို အကြောင်းအရာ ၂၁ ခုဖြင့် ၂၀၁၄ နိုဝင်ဘာတွင် ကမ္ဘာ့ဘဏ်  က ထုတ်ပြန်ခဲ့သည်။

7Day DAILY

ရှမ်းပြည်နယ်ရှိ ကျေးရွာတစ်ရွာ (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)
ရှမ်းပြည်နယ်ရှိ ကျေးရွာတစ်ရွာ (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)
ရန်ကုန်− ကျေးလက်ဒေသတွင် လယ်ယာကဏ္ဍ ထုတ်လုပ်နိုင်မှု နိမ့်ကျခြင်း၊ မြေယာမပိုင်ဆိုင်မှု၊ အခြေခံ အဆောက်အအုံအား နည်းမှု၊ ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ဆင်းရဲတွင်းသို့ တွန်းပို့သောအခြေ အနေ ဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်၏ နိုင်ငံအခြေအနေစနစ်တကျလေ့လာဆန်းစစ်မှု အနှစ်ချုပ်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တိုင်းတာသော ပြည် တွင်းအသားတင်ထုတ်လုပ်မှု (ဂျီ ဒီပီ)တွင် လယ်ယာကဏ္ဍ ပါဝင် မှုသည် ၃၆ ရာခိုင်နှုန်းကျော်ရှိပြီး အာဆီယံ၌ အများဆုံးဖြစ်နေသည်။ ဂျီဒီပီတွင် လယ်ယာကဏ္ဍပါဝင်မှုကို လျှော့ချနိုင်မှသာ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးသည်ဟု ပြောနိုင်ကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဦးမြင့်ကပြောသည်။

‘‘ကျေးလက်မှာနေတဲ့ လူတွေက ပညာရေးအဆင့် နိမ့်တယ်။ ကုန်ထုတ်လုပ်မှုတန်ဖိုးက လည်း မရှိ သလောက် နည်းတယ်’’ ဟု ကမ္ဘာ့ဘဏ် စီးပွားရေးပရိုဂရမ်ခေါင်းဆောင် မစ္စတာ Khwima Nthara က ပြောကြားသည်။

ကျေးလက်ဒေသတွင် နေထိုင်သူများသည် ပညာရေးအဆင့်နိမ့်ကျကာ ဘ၀ရပ်တည်ရေး အတွက် လယ်ယာလုပ်ငန်းပေါ် မှီခိုနေရသော်လည်း မြေယာ၊ငွေကြေးကဲ့သို့ ထုတ်လုပ်မှုဆိုင် ရာအထောက်အပံ့များ ပြည့်ပြည့် ၀၀မရရှိကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်မှုအနှစ်ချုပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုသည် ၂၀၀၆ မှ ၂၀၁၀ ကြား ဂျီဒီပီ၏ ၅ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အသွင်ကူးပြောင်း ရေးကာလစတင်ချိန်တွင် ၆ ဒသမ၅ ရာခိုင်နှုန်းအထိရှိလာသည်။ လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ဂျီဒီပီ ၈ ဒသမ ၅ ရာခိုင်နှုန်းထိရှိသည်။

 လက်ရှိမြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှု၊ ငွေကြေးဝန်ဆောင်မှုများ အား နည်းမှု၊ ကျွမ်းကျင် လုပ်သားရှား ပါးမှုနှင့် သတင်းနှင့် နည်းပညာဝန်ဆောင်မှုများ အားနည်းမှု ပြဿနာများ ဖြေရှင်းနိုင်ပါက သိသာထင်ရှားသော အပြောင်းအလဲများ လုပ်ဆောင်နိုင်မည်ဟု ကမ္ဘာဘဏ်လေ့လာ ဆန်းစစ်မှုတွင် ဖော်ပြထားသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင် ရေးကြိုးပမ်းရာတွင် ရေရှည်ဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် ဧရာဝတီမြစ် ဘက်စုံစီမံမှု လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖော်ပြ ထားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအကူးအပြောင်း ကာလတွင် ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ခြင်းနှင့် အားလုံး မျှဝေ ပိုင်ဆိုင်သည့် သာယာဝပြောမှုကိုမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ထုတ်ပြန်သော နိုင်ငံရေးအခြေအနေ လေ့လာစမ်းစစ်မှုအနှစ်ချုပ်ကို အကြောင်းအရာ ၂၁ ခုဖြင့် ၂၀၁၄ နိုဝင်ဘာတွင် ကမ္ဘာ့ဘဏ် က ထုတ်ပြန် ခဲ့သည်။

7Day DAILY

No comments:

Post a Comment