Wednesday 17 December 2014

မြန်မာ့တရားစီရင်ရေးစနစ် တိုးတက်ရန် ၃ နှစ်ကြာ မဟာဗျူဟာစီမံကိန်း ထုတ်ပြန်

Photo: မြန်မာ့တရားစီရင်ရေးစနစ် တိုးတက်ရန် ၃ နှစ်ကြာ မဟာဗျူဟာစီမံကိန်း ထုတ်ပြန်
Wednesday, December 17, 2014 

ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးစနစ် ပေါ်ထွန်းဖို့ရည်ရွယ်တဲ့  မြန်မာ့တရားစီရင်ရေးစနစ် တိုးတက်ရေး သုံးနှစ်ကြာ မဟာဗျုဟာစီမံကိန်းတရပ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က  ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီစီမံကိန်းမှာ အထူး အရေးကြီး၊ ထိပ်တန်းဦးစားပေးအဆင့်နဲ့ အလယ်အလတ် ဦးစားပေးစီမံကိန်း ဆိုပြီး အစီအစဉ် ၃ ရပ်ပါဝင်တယ်လို့ ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အထူးအရေးကြီးစီမံကိန်းမှာ တရားရုံးတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို အလွယ်တကူ လက်လှမ်းမီဖို့ အများပြည်သူကို သတင်းထုတ်ပြန်ပေးမယ့် ကောင်တာတွေ ထားရှိဖို့၊ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တွေ လုပ်ဆောင်ဖို့နဲ့ တရားသူကြီးတွေအတွက် သာတူညီမျှမှု၊ မျှတမှုနဲ့ ဂုဏ်သိက္ခာဆိုင်ရာ သင်တန်းတွေ တိုးမြှင့်ပို့ချပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် တရားရုံး အသုံးပြုသူတွေရဲ့ ကျေနပ်မှု ၈၀ ရာခိုင်နှုန်း၊ နှစ်အလိုက် အမှု ပြီးပြတ်မှု ၁၀၀ ရာခိုင်နှုန်း ရအောင်ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီအချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ မဟာဗျုဟာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ကြီးကြပ်လုပ်ဆောင်သွားမှာဖြစ်ပြီး တရားရုံးအချို့မှာ ရှေ့ပြေးလုပ်ဆောင်သွားမယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အစိုးရက တရားသူကြီးတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားအောင် မလုပ်ပေးဘဲနဲ့ တရားစီရင်ရေးစနစ် မတိုးတက်နိုင်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။

“တရားရေး တာဝန်ထမ်းဆောင်တဲ့ တရားသူကြီးတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်အောင်လို့ အစိုးရက မလုပ်ပေးဘဲနဲ့ တရားစီရင်ရေးစနစ် ဘယ်လိုမှ တိုးတက်မှာ မဟုတ်ဘူး၊ နောက် အခုလို လုပ်ဆောင်မယ်ဆိုရင်လည်း တရားရေးနယ်ပယ်မှာ လုပ်ဆောင်နေတဲ့ ရှေ့နေတွေကိုလည်း ဖိတ်ခေါ်ပြီး ဆွေးနွေးရမယ်၊ တဘက်တည်း ဆွေးနွေးနေလို့ မရဘူး။ တိုင်းအဆင့်၊ ခရိုင်အဆင့် တရားသူကြီးနဲ့ ရှေ့နေတွေ ၃ လတကြိမ် တွေ့ဆုံဆွေးနွေးပြီး တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းအခက်အခဲတွေကို တဘက်နဲ့တဘက် နားလည်မှု ရှိရှိ အဂတိတရားကင်းကင်းနဲ့ ဖြေရှင်းဆောင်ရွက်ကြဖို့ ကျနော်အစဉ်တစိုက် ပြောနေတာရှိပါတယ်။ တရားရေးတဘက်တည်း လုပ်ရင်တော့ ဘယ်လိုမှ မျှတမှုရှိမှာလဲ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရာထူးတာဝန်အဆင့်ဆင့်ကို စိုးရိမ်ကြောင့်ကြနေကြတဲ့အတွက် အောက်ခြေတရားသူကြီးတွေက အမှန်တရားကို တင်ပြရဲကြမှာ မဟုတ်လို့ဘဲ။”

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီက တနိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်ဖို့ ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ တရားစီရင်ရေးဆိုင်ရာ မဟာဗျုဟာစီမံကိန်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

DVB
ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးစနစ် ပေါ်ထွန်းဖို့ရည်ရွယ်တဲ့  မြန်မာ့တရားစီရင်ရေးစနစ် တိုးတက်ရေး သုံးနှစ်ကြာ မဟာဗျုဟာစီမံကိန်းတရပ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က  ထုတ်ပြန် လိုက်ပါတယ်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီစီမံကိန်းမှာ အထူး အရေးကြီး၊ ထိပ်တန်းဦးစားပေး အဆင့်နဲ့ အလယ်အလတ် ဦးစားပေးစီမံကိန်း ဆိုပြီး အစီအစဉ် ၃ ရပ်ပါဝင်တယ်လို့ ဒီနေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အထူးအရေးကြီးစီမံကိန်းမှာ တရားရုံးတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို အလွယ်တကူ လက်လှမ်းမီဖို့ အများပြည်သူကို သတင်းထုတ်ပြန်ပေးမယ့် ကောင်တာတွေ ထားရှိဖို့၊ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တွေ လုပ်ဆောင်ဖို့နဲ့ တရားသူကြီးတွေအတွက် သာတူညီမျှမှု၊ မျှတမှုနဲ့ ဂုဏ်သိက္ခာဆိုင်ရာ သင်တန်းတွေ တိုးမြှင့် ပို့ချ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် တရားရုံး အသုံးပြုသူတွေရဲ့ ကျေနပ်မှု ၈၀ ရာခိုင်နှုန်း၊ နှစ်အလိုက် အမှု ပြီးပြတ်မှု ၁၀၀ ရာခိုင်နှုန်း ရအောင်ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီအချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ မဟာဗျုဟာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ကြီးကြပ်လုပ်ဆောင်သွားမှာဖြစ်ပြီး တရားရုံးအချို့မှာ ရှေ့ပြေးလုပ်ဆောင်သွား မယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အစိုးရက တရားသူကြီးတွေရဲ့ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားအောင် မလုပ်ပေးဘဲနဲ့ တရားစီရင်ရေးစနစ် မတိုးတက်နိုင်ဘူးလို့ မှတ်ချက် ပေး ပြောပါတယ်။

“တရားရေး တာဝန်ထမ်းဆောင်တဲ့ တရားသူကြီးတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်အောင်လို့ အစိုးရက မလုပ်ပေးဘဲနဲ့ တရားစီရင်ရေးစနစ် ဘယ်လိုမှ တိုးတက်မှာ မဟုတ်ဘူး၊ နောက် အခုလို လုပ်ဆောင်မယ်ဆိုရင်လည်း တရားရေးနယ်ပယ်မှာ လုပ်ဆောင်နေတဲ့ ရှေ့နေတွေကိုလည်း ဖိတ်ခေါ်ပြီး ဆွေးနွေးရမယ်၊ တဘက်တည်း ဆွေးနွေးနေလို့ မရဘူး။ တိုင်းအဆင့်၊ ခရိုင်အဆင့် တရားသူကြီးနဲ့ ရှေ့နေတွေ ၃ လတကြိမ် တွေ့ဆုံဆွေးနွေးပြီး တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းအခက်အခဲတွေကို တဘက်နဲ့တဘက် နားလည်မှု ရှိရှိ အဂတိတရားကင်းကင်းနဲ့ ဖြေရှင်းဆောင်ရွက်ကြဖို့ ကျနော်အစဉ်တစိုက် ပြောနေတာရှိပါတယ်။ တရားရေးတဘက်တည်း လုပ်ရင်တော့ ဘယ်လိုမှ မျှတမှုရှိမှာလဲ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရာထူးတာဝန်အဆင့်ဆင့်ကို စိုးရိမ်ကြောင့်ကြနေကြတဲ့အတွက် အောက်ခြေတရားသူကြီးတွေက အမှန်တရားကို တင်ပြရဲကြမှာ မဟုတ်လို့ဘဲ။”

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီက တနိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်ဖို့ ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ အခုလို ပြည်ထောင်စု တရား လွှတ်တော် ချုပ်ရဲ့ တရားစီရင်ရေးဆိုင်ရာ မဟာဗျုဟာစီမံကိန်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

DVB 

No comments:

Post a Comment