Wednesday 17 December 2014

၁၃ တန်းအထိ တိုးမြှင့်မည်ဖြစ်၍ တက္ကသိုလ်၊ ကောလိပ်များတွင် ၂ နှစ်စာ ကျောင်းသားလစ်လပ်နေမည်

အမျိုးသားပညာရေး ဥပဒေအရ အခြေခံပညာသင်နှစ် များ တိုးမြှင့်မည်ဖြစ်၍ တက္ကသိုလ် ကောလိပ် အားလုံးတွင် ၂ နှစ်ကြာ ကျောင်းသားလစ်လပ်နေ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောသည်။

လက်ရှိအခြေခံပညာ ၁၁ တန်း တက်ရောက်နေရာမှ ၁၃ တန်းတက်ရောက်ရမည်  ဖြစ်သောကြောင့် တက္ကသိုလ်၊ ကောလိပ် များတွင် ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများ လစ်လပ်နေမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ပြုလုပ်သော ပညာရေးဥပဒေကြမ်းများဆိုင်ရာဆွေးနွေးပွဲ၌  ပြောကြားခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးက တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေး မှူးများကို ပညာရေးပြုပြင်ပြောင်းလဲမှုအကူးအ ပြောင်းကာလနှင့် လက်တွေ့အ ကောင်အထည်ဖော် ဆောင်ရွက် ရေးဆွေးနွေးကြရန် ပြောခြင်း ဖြစ်သည်။

‘‘နောင်လာမယ့် အကူးအ ပြောင်းကာလတစ်နှစ်ရယ်၊ နောက်ငါးနှစ်ပေါ့။ ၂၀၁၅ အလွန် ၂၀၁၆ အလွန် ဘာလုပ်မလဲ၊ ဘယ်လို တွေဖြစ်မလဲဆိုတာ ဆွေးနွေးရပါ မယ်။ ဥပမာ-KG+12 (မူကြို+ ၁၂တန်း)က ၂၀၁၆ မှာစရင် အဲ့ဒီ ကလေးက ဆယ်တန်းကို ၂၀၂၅ မှာရောက်မယ်’’ဟု ပညာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောသည်။

 အခြေခံပညာသင်နှစ်များ တိုးမြှင့်သတ်မှတ်ရာတွင် ဆင့်ကဲ ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်သော ကြောင့် လာမည့်ဆယ် နှစ်ကျော်တွင် တက္ကသိုလ်၊ ကောလိပ်အားလုံး၌ ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများရှိနေမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးက ဆိုသည်။

‘‘၂၀၂၅ ပြီးလို့ ဆယ့်နှစ်တန်း ဆက်တက်ရမယ်ဆိုရင် တက္က သိုလ်တွေမှာ ၂ နှစ်ကျောင်းသား မရှိပါဘူး။ အဲ့လောက်ထိ အဝေး ကြီးကို စဉ်းစားရင် ၂၀၂၅ ကနေ ၂၀၂၇ မှာ တက္ကသိုလ်တွေအား လုံးဟာ ကျောင်းသား လစ်လပ်နေ မှာ ဖြစ်ပါတယ်။ ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသားတွေမရှိဖြစ်မယ် ဆိုတဲ့အထိတောင် နောက်တစ် ကြိမ်ကျရင် အဆင့်မြင့်ပညာဥပ ဒေပြဋ္ဌာန်းပြီးရင်၊ ကိုယ့်ကျောင်း ပဋိညာဉ်ရပြီးရင် KG+12 ကတော့ အမျိုးသားပညာရေးဥပဒေမှာပါ ပြီးဖြစ်တဲ့အတွက် ဒီဟာတွေကို တကယ်အကောင်အထည်ဖော်ပြီ ဆိုရင် Implementation (ပြီး မြောက်အောင် ဆောင်ရွက်ခြင်း) ဘယ်လိုလုပ်မလဲ၊ လက်တွေ့နဲ့ ဘယ်လိုဆက်စပ်မလဲဆိုတာတွေ ကို စဉ်းစားကြဖို့အတွက် တစ်နိုင်ငံလုံးက ပညာရှင်တွေကို ခေါ်ယူ ဆွေးနွေးခြင်း ဖြစ်ပါတယ်’’ဟု ဒေါက်တာ ဒေါ်ခင်စန်းရီက ရှင်းပြသည်။

ပညာရေးဝန်ကြီးဌာနသည် အမျိုးသား ပညာရေးဥပဒေ၏ နောက်ဆက်တွဲဥပဒေများနှင့် ပတ်သက်သော ဆွေးနွေးပွဲကို ဒီဇင် ဘာလ ၁၆၊ ၁၇ နှင့် ၁၈ ရက်တို့ တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတု ခန်းမ၌ ကျင်းပပြုလုပ်နေခြင်းဖြစ် ပြီး ၀န်ကြီးဌာနများမှ အဆင့်မြင့် အရာရှိများ၊ ပါမောက္ခချုပ်၊ ပါ မောက္ခ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး စုစုပေါင်း ၃၀၀ ခန့် တက်ရောက်လျက်ရှိသည်။

7Day DAILY 

No comments:

Post a Comment