Wednesday 17 December 2014

သမ္မတဦးသိန်းစိန် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး တက်ရောက်မည်

သမ္မတဦးသိန်းစိန်သည် ငါးကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်း နိုင်ငံ ဘန်ကောက်မြို့သို့ ဒီဇင်ဘာ၁၈ ရက်တွင် သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်သည် ယင်လတ်အစိုးရလက်ထက်က ထိုင်း သို့တစ်ကြိမ်သွားရောက်ခဲ့ပြီး ယခု အာဏာ သိမ်း ခေါင်းဆောင်၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်တရားဝင်ခရီး သွားရောက်ခြင်း ဖြစ်သည်။

အာဏာသိမ်းအစိုးရအဖြစ် အမေရိကန်အပါအ၀င် နိုင်ငံတကာကဆက်ဆံရန် တွန့်ဆုတ်နေသော လတ် တလော ထိုင်းအစိုးရ၏ ဖိတ်ကြားချက်ကို သမ္မတ ဦးသိန်းစိန် သွားရောက်ခြင်းမှာ အာဆီယံဥက္ကဋ္ဌအနေဖြင့် သွား ရောက်ခြင်းဖြစ်ပြီး နိုင်ငံတကာ က မြန်မာသမ္မတအပေါ် နားလည်မှုလွဲမည်ကို မစိုးရိမ်ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ် ဦးကပြောကြားသည်။

ထို့အပြင်မဟာမဲခေါင် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အာဆီယံစီးပွားရေးပေါင်းစည်းမှု၏  အစိတ် အပိုင်း တစ်ရပ်လည်းဖြစ်ပြီး အာဆီယံပဋိညာဉ်အရ အာဆီယံနိုင်ငံအချင်းချင်းပြည်တွင်း ရေးမစွက်ဖက်ရေး မူဝါဒကို အခြေခံ၍ အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

‘‘ဒါကအရေးမကြီးတဲ့ အစည်းအဝေးလို့ ပြောလို့မရပါဘူး။ အာဆီယံနိုင်ငံတွေမှာ ဖွံ့ဖြိုးမှု ကွာဟာချက် ကြီးမားနေတာတွေ နဲ့ ပတ်သက်ပြီး ကွာဟချက်ကျဉ်း မြောင်းလာအောင် ဆောင်ရွက်ဖို့ အတွက် ဒေသခွဲအလိုက် ပူးပေါင်းဆောင်ရွက်မှုဆိုတာ ပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။ ဒါကို အာ ဆီယံနိုင်ငံတွေ အားလုံးက နား လည်မှုအပြည့်အ၀ရှိပါတယ်။ ဒီအတွက်စိုးရိမ်ပူပန်စရာမရှိပါဘူး’’၎င်းကပြောကြားသည်။

ထိုင်းတွင် မေလက ထိုင်း ၀န်ကြီးချုပ်ဟောင်းယင်လတ်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက အာဏာသိမ်းယူခဲ့ သည်။ အာဏာသိမ်းပြီးနောက် လပိုင်းအတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ထိုင်း နိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်း စစ်တပ်၏ အာဏာသိမ်းမှုအပေါ် နားလည်ထောက်ခံကြောင်း မှတ် ချက်ပြုခဲ့သည့်အတွက် ဝေဖန်မှု များထွက်ပေါ်ခဲ့သည်။

မဟာမဲခေါင်ဒေသခွဲစီးပွား ရေးပူးပေါင်းဆောင်ရွက်မှုထိပ် သီးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ရှိ ရှန်ဂရီလာ ဟိုတယ်တွင် ဒီဇင်ဘာ ၁၉ နှင့် ၂၀ ရက် နှစ်ရက်ကြာကျင်းပမည် ဖြစ်သည်။ အဆိုပါ အစည်းအဝေး သို့ တက်ရောက်ရန် ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာက မဟာ မဲခေါင်ဒေသခွဲတွင် ပါဝင်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက် နမ် ခြောက်နိုင်ငံခေါင်းဆောင် များကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ယင်း အစည်းအဝေးသို့ ခြောက်နိုင်ငံ ထိပ်သီးခေါင်း ဆောင်များအပြင် ၀န်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။ အစည်းအဝေးတွင် မဲခေါင်ဒေသ ခွဲရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ မဲခေါင် ဒေသခွဲလူငယ်ဖိုရမ်၊ ရင်းနှီးမြှုပ်နှံ သူများ၏ စကားဝိုင်းဆွေးနွေးပွဲ၊ မဲခေါင်ဒေသစီးပွားရေးဖိုရမ်၊ မဲခေါင်ဒေသခွဲ ထိပ်သီးခေါင်း ဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးနှင့် တံခါးပိတ် အစည်းအဝေးတို့ ပြုလုပ်မည်ဖြစ်ကြောင်း GMS ထိပ်သီးအစည်းအဝေး ၀က်ဘ်ဆိုက်တွင်ဖော်ပြ ထားသည်။

ဦးသိန်းစိန်ပါဝင်ဆွေးနွေးမည့် တံခါးပိတ်အစည်းအဝေးတွင် မဲခေါင်ဒေသတွင်းစိန်ခေါ်မှုများနှင့် အနာဂတ် ဖွံ့ဖြိုး တိုးတက် မှုလာရာများ၊ မဲခေါင်ဒေသ၏ အရေးကြီးဆွေးနွေးရန် issues များ ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်းသိရသည်။

မဲခေါင်ဒေသသည် ဒေသတွင်း မူးယစ်ဆေးဝါးမှောင်ခို ကူး သန်းရောင်းဝယ်မှုများ၏ ၃၀ ရာ ခိုင်နှုန်းခန့် ရှိနေကြောင်း မူးယစ် ဆေးဝါးဆိုင်ရာအစီရင်ခံစာများ ကဖော်ပြသည်။ ထို့အပြင် ခြောက်နိုင်ငံနယ်စပ်များ ထိစပ်နေသည့်အတွက် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ရာဇ၀တ်ကောင်များထွက်ပြေးလွတ်မြောက်ရန် ကြိုးစားမှု များကိုလည်း ယင်း ခြောက် နိုင်ငံက ရင်ဆိုင်နေရသည်။

7Day DAILY 

No comments:

Post a Comment