Wednesday 8 October 2014

ပျောက်ဆုံးရဟတ်ယာဉ်ပါ သုံးဦးပြန်တွေ့

Photo: ပျောက်ဆုံးရဟတ်ယာဉ်ပါ သုံးဦးပြန်တွေ့
Wednesday, October 8, 2014

 တောင်တက်သမား နှစ် ဦးကိုရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ပျောက်ဆုံး သွားသော B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွား သူသုံးဦးကို ပျောက်ဆုံးပြီး ၁၀ ရက်မြောက်သည့်နေ့တွင် ပြန် လည်တွေ့ရှိခဲ့သည်။

‘‘ဦးရွှေရင်တော်ကြီးနဲ့အတူ သုံးဦးလုံးကို ယနေ့ညနေ ၄ နာရီ ကပြန်တွေ့ပါပြီ။ အခုလောလော ဆယ် နောင်မွန်မြို့နယ်က လန် ကာကျေးရွာမှာ ရောက်နေပါ တယ်။ သူတို့ရှိနေတဲ့အကြောင်း ကို ဦးရွှေရင်တော်ကြီးက ထူး ဖောင်ဒေးရှင်း ဂရု(ပ) ထဲကို မက် ဆေ့ခ်ျပို့လာတာပါ။ သုံးဦးစလုံး ကျန်းမာရေးအခြေအနေ ကောင်း ပါတယ်။ သူတို့ကိုသွားခေါ်နေပါ တယ်။ ပူတာအိုကိုလာမှာပါ’’ဟု ထူးဖောင်ဒေးရှင်းမှ ကိုဖြိုးကိုကို က အတည်ပြုပြောသည်။

ခါကာဘိုရာဇီရေခဲတောင် တွင် ပျောက်ဆုံးနေသော တောင် တက်သမားနှစ်ဦး ကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်းဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်။

B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး မစ္စ တာ Chat Chawal၊ မြန်မာလူမျိုး ရဟတ်ယာဉ်မှူး ဦးအောင်မြတ် တိုးနှင့် ထူးဖောင်ဒေးရှင်း နာယကဦးတေဇ၏ ကိုယ်ရေး လက် ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင် တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါသွားခြင်းဖြစ်သည်။

၎င်းတို့သည် ပျောက်ဆုံးနေ သော တောင်တက်သမား နှစ်ဦး ကို ရှာဖွေ ကယ်ဆယ်ရေးပြုလုပ် နေစဉ် အဆက်အသွယ်ပြတ် တောက်သွားခြင်းဖြစ်သည်။

‘‘သူတို့ ဘယ်နေရာထိ ရောက်သွားတယ်။ ဘာဖြစ်သွား တယ်ဆိုတာ မသိရသေးပါဘူး။ သတင်းအတိအကျရရင် ထုတ် ပြန်ပေးပါမယ်’’ဟု ကိုဖြိုးကိုကိုက ပြောသည်။

၎င်းတို့ ရှာဖွေနေသော ခါ ကာဘိုရာဇီ ရေခဲတောင်ထိပ် ရောက်တောင်တက် သမား နှစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်လ ကျော် ကြာမြင့်နေပြီဖြစ်သော် လည်း ယနေ့ထိ မတွေ့ရှိသေးဘဲ မြေပြင်ရှာဖွေရေးအဖွဲ့က အမြင့် ပေ ၁၆,၂၀၀ တွင် ပျောက်ဆုံး တောင်တက်သမားတို့ချန်ရစ်ခဲ့ သည့် အိတ်အနီတစ်လုံးနှင့် အမြင့်ပေ ၁၇,၃၀၀ တွင် ကျောပိုးအိတ် အပြာတစ်လုံးတို့ကိုသာ တွေ့ရှိ ထားသည်။

အဆိုပါတောင်တက်သမား နှစ်ဦး ရှာဖွေနေမှုကို ရာသီဥတု အခြေအနေကြောင့် ယာယီရပ် ဆိုင်းပြီး ပွင့်လင်းရာသီကျမှသာ ဆက်လက်ရှာဖွေသွားမည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

7Day DAILY
 တောင်တက်သမား နှစ် ဦးကိုရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ်ပျောက်ဆုံး သွားသော B4 ရဟတ် ယာဉ်ပေါ် လိုက်ပါသွား သူသုံးဦးကို ပျောက်ဆုံးပြီး ၁၀ ရက်မြောက်သည့်နေ့တွင် ပြန် လည်တွေ့ရှိ ခဲ့သည်။

‘‘ဦးရွှေရင်တော်ကြီးနဲ့အတူ သုံးဦးလုံးကို ယနေ့ညနေ ၄ နာရီ ကပြန်တွေ့ပါပြီ။ အခုလောလော ဆယ် နောင်မွန်မြို့နယ်က လန်ကာကျေးရွာမှာ ရောက်နေပါတယ်။ သူတို့ရှိနေတဲ့အကြောင်း ကို ဦးရွှေရင်တော် ကြီး က ထူး ဖောင်ဒေးရှင်း ဂရု(ပ) ထဲကို မက် ဆေ့ခ်ျပို့လာတာပါ။ သုံးဦးစလုံး ကျန်းမာရေးအခြေအနေ ကောင်း ပါတယ်။ သူတို့ကိုသွားခေါ်နေပါ တယ်။ ပူတာအိုကိုလာမှာပါ’’ဟု ထူးဖောင်ဒေးရှင်းမှ ကိုဖြိုးကိုကို က အတည်ပြုပြောသည်။

ခါကာဘိုရာဇီရေခဲတောင် တွင် ပျောက်ဆုံးနေသော တောင် တက်သမားနှစ်ဦး ကို ရှာဖွေကယ်ဆယ်ရေးပြု လုပ်နေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်းဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်။

B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး မစ္စ တာ Chat Chawal၊ မြန်မာလူမျိုး ရဟတ်ယာဉ် မှူး ဦးအောင်မြတ် တိုးနှင့် ထူးဖောင်ဒေးရှင်း နာယကဦးတေဇ၏ ကိုယ်ရေး လက် ထောက်ဖြစ်ပြီး ကျွမ်းကျင် တောင် တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါသွားခြင်းဖြစ်သည်။

၎င်းတို့သည် ပျောက်ဆုံးနေ သော တောင်တက်သမား နှစ်ဦး ကို ရှာဖွေ ကယ်ဆယ်ရေးပြုလုပ် နေစဉ် အဆက်အသွယ်ပြတ် တောက်သွားခြင်းဖြစ်သည်။

‘‘သူတို့ ဘယ်နေရာထိ ရောက်သွားတယ်။ ဘာဖြစ်သွား တယ်ဆိုတာ မသိရသေးပါဘူး။ သတင်းအတိအကျ ရရင် ထုတ် ပြန်ပေးပါမယ်’’ဟု ကိုဖြိုးကိုကိုက ပြောသည်။

၎င်းတို့ ရှာဖွေနေသော ခါ ကာဘိုရာဇီ ရေခဲတောင်ထိပ် ရောက်တောင်တက် သမား နှစ်ဦး ပျောက်ဆုံးနေ သည်မှာ တစ်လ ကျော် ကြာမြင့်နေပြီဖြစ်သော် လည်း ယနေ့ထိ မတွေ့ရှိသေးဘဲ မြေပြင်ရှာဖွေရေးအဖွဲ့က အမြင့် ပေ ၁၆,၂၀၀ တွင် ပျောက်ဆုံး တောင်တက်သမားတို့ချန်ရစ်ခဲ့ သည့် အိတ်အနီတစ်လုံးနှင့် အမြင့်ပေ ၁၇,၃၀၀ တွင် ကျောပိုးအိတ် အပြာတစ်လုံးတို့ကိုသာ တွေ့ရှိ ထားသည်။

အဆိုပါတောင်တက်သမား နှစ်ဦး ရှာဖွေနေမှုကို ရာသီဥတု အခြေအနေကြောင့် ယာယီရပ် ဆိုင်းပြီး ပွင့်လင်းရာသီကျမှသာ ဆက်လက်ရှာဖွေသွားမည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment