Wednesday 8 October 2014

ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ယောက်ျားအင်္ဂါအတု ပညာရှင်များ စမ်းသပ်လိုဟုဆို

Photo: ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ယောက်ျားအင်္ဂါအတု ပညာရှင်များ စမ်းသပ်လိုဟုဆို
Wednesday, October 8, 2014

မြောက်ကာရိုလိုင်းနား ပြည်နယ် Wake Forest Institute မှ အန်သိုနီအက်တလာ ဦးဆောင်သည့် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် စမ်းသပ်ခန်းအတွင်း ယောက်ျားအင်္ဂါအတုကို မွေးမြူထားနိုင်ခဲ့ပြီး၊ လာမည့် ငါးနှစ်အတွင်း ယင်းအင်္ဂါအတုကို တပ်ဆင်စမ်းသပ်ပေးမည့် စေတနာ့ ဝန်ထမ်းလူနာ တစ်ဦးကို အလိုရှိကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

မွေးဖွားစဉ်ကတည်းက ယောက်ျားအင်္ဂါ မပါခဲ့သူများ၊ ကင်ဆာကြောင့် ဖြတ်တောက်လိုက်ရသူများနှင့် ထိခိုက်ဒဏ်ရာ တစ်ခုခုကြောင့် ဆုံးရှုံးသွားသူများအတွက် အဆင်ပြေစေရန် ယင်းအင်္ဂါအတုကို စမ်းသပ်ခန်းအတွင်း မွေးမြူခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
ယင်းအဖွဲ့သည် လူသားများတွင် ဓာတ်ခွဲခန်းထုတ် လိင်အင်္ဂါအတုကို တပ်ဆင်စမ်းသပ်နိုင်ရန် အတွက် အမေရိကန် အစားအစာနှင့် ဆေးဝါးအုပ်ချုပ်ရေး အဖွဲ့ (FDA) ၏ လက်ခံအတည်ပြုချက်ကို ဦးစွာရယူရမည်ဖြစ်သည်။

ဒေါက်တာ အန်သိုနီနှင့်အဖွဲ့သည် အမျိုးသားနှင့် အမျိုးသမီးအင်္ဂါများ အစားထိုးနိုင်ရေးအတွက် ကာလကြာမြင့်စွာ စမ်းသပ် တီထွင်လျက်ရှိပြီး၊ ယခုထုတ်လုပ်ထားသည့် ယောက်ျားအင်္ဂါအတုကို တပ်ဆင်လိုသူ၏ ကိုယ်ပိုင်ဆဲလ်များဖြင့် ထုတ်လုပ် မွေးမြူထား နိုင်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။ 

ပညာရှင်များသည် လူနာ၏ ဆဲလ်မျှင်များကို ထုတ်ယူပြီး ယင်းဆဲလ်များကို စမ်းသပ်ခန်းအတွင်းရှိ ဓာတ်ခွဲခန်းသုံး ဖန်ခွက်ထဲတွင် ပေါင်းစပ် မွေးမြူခဲ့ခြင်းဖြစ်ကြောင်း၊ ဆဲလ်များသည် ကြွက်သားမျှင်များ၊ သွေးကြောများဖြင့် ပကတိ လူသားအင်္ဂါကဲ့သို့ တဖြည်းဖြည်း ကြီးထွားလာစေရန် မွေးမြူပေးနိုင်ခဲ့ကြောင်း၊ ယခုမွေးမြူထားသော အင်္ဂါအတုမှာ သေဆုံးသူ အလှူရှင်ထံမှ ဆဲလ်များကို ထုတ်ယူကာ မွေးမြူထားခြင်း ဖြစ်ကြောင်း The Guardian သတင်းကဆိုသည်။

အကယ်၍ အင်္ဂါအတုတွင် အသုံးပြုထားသော ဆဲလ်များသည် လူနာရှင်နှင့် ကိုက်ညီမှုရှိလျှင် ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ရုံမျှမက၊ ကံကောင်းလျှင် ကလေးအဖေ ဖြစ်ခွင့်ပင် ရရှိနိုင်ကြောင်း ဒေါက်တာ အန်သိုနီက ပြောကြားသည်။

ယင်းအဖွဲ့သည် ယုန်အထီး ၁၂ ကောင်ကို ဓာတ်ခွဲခန်းထုတ် လိင်အင်္ဂါအတုဖြင့် အောင်မြင်စွာ တပ်ဆင်စမ်းသပ်ပြီး ဖြစ်သည်ဟု The Guardian တွင်ဖော်ပြထားသည်။

The Voice Weekly
မြောက်ကာရိုလိုင်းနား ပြည်နယ် Wake Forest Institute မှ အန်သိုနီအက်တလာ ဦးဆောင်သည့် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် စမ်းသပ်ခန်းအတွင်း ယောက်ျားအင်္ဂါအတုကို မွေးမြူထားနိုင်ခဲ့ပြီး၊ လာမည့် ငါးနှစ်အတွင်း ယင်းအင်္ဂါအတုကို တပ်ဆင်စမ်းသပ်ပေးမည့် စေတနာ့ဝန်ထမ်းလူနာ တစ်ဦးကို အလိုရှိကြော င်း The Guardian သတင်းတွင် ဖော်ပြထားသည်။

မွေးဖွားစဉ်ကတည်းက ယောက်ျားအင်္ဂါ မပါခဲ့သူများ၊ ကင်ဆာကြောင့် ဖြတ်တောက်လိုက်ရသူများနှင့် ထိခိုက်ဒဏ်ရာ တစ်ခုခုကြောင့် ဆုံးရှုံးသွားသူများအတွက် အဆင်ပြေစေရန် ယင်းအင်္ဂါအတုကို စမ်းသပ်ခန်း အတွင်း မွေးမြူခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ ယင်းအဖွဲ့သည် လူသားများတွင် ဓာတ်ခွဲခန်း ထုတ် လိင်အင်္ဂါအတုကို တပ်ဆင်စမ်းသပ်နိုင်ရန် အတွက် အမေရိကန် အစားအစာနှင့် ဆေးဝါးအုပ်ချုပ်ရေး အဖွဲ့ (FDA) ၏ လက်ခံအတည်ပြုချက်ကို ဦးစွာရယူရမည်ဖြစ်သည်။

ဒေါက်တာ အန်သိုနီနှင့်အဖွဲ့သည် အမျိုးသားနှင့် အမျိုးသမီးအင်္ဂါများ အစားထိုးနိုင်ရေးအတွက် ကာလ ကြာမြင့်စွာ စမ်းသပ် တီထွင်လျက်ရှိပြီး၊ ယခုထုတ်လုပ်ထားသည့် ယောက်ျားအင်္ဂါအတုကို တပ်ဆင်လိုသူ၏ ကိုယ်ပိုင်ဆဲလ်များဖြင့် ထုတ်လုပ် မွေးမြူထား နိုင်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။ 

ပညာရှင်များသည် လူနာ၏ ဆဲလ်မျှင်များကို ထုတ်ယူပြီး ယင်းဆဲလ်များကို စမ်းသပ်ခန်းအတွင်းရှိ ဓာတ်ခွဲ ခန်းသုံး ဖန်ခွက်ထဲတွင် ပေါင်းစပ် မွေးမြူခဲ့ခြင်းဖြစ်ကြောင်း၊ ဆဲလ်များသည် ကြွက်သားမျှင်များ၊ သွေးကြော များဖြင့် ပကတိ လူသားအင်္ဂါကဲ့သို့ တဖြည်းဖြည်း ကြီးထွားလာစေရန် မွေးမြူပေးနိုင်ခဲ့ကြောင်း၊ ယခုမွေးမြူ ထားသော အင်္ဂါအတုမှာ သေဆုံးသူ အလှူရှင်ထံမှ ဆဲလ်များကို ထုတ်ယူကာ မွေးမြူထားခြင်း ဖြစ်ကြောင်း The Guardian သတင်းကဆိုသည်။

အကယ်၍ အင်္ဂါအတုတွင် အသုံးပြုထားသော ဆဲလ်များသည် လူနာရှင်နှင့် ကိုက်ညီမှုရှိလျှင် ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ရုံမျှမက၊ ကံကောင်းလျှင် ကလေးအဖေ ဖြစ်ခွင့်ပင် ရရှိနိုင်ကြောင်း ဒေါက်တာ အန်သိုနီက ပြောကြားသည်။

ယင်းအဖွဲ့သည် ယုန်အထီး ၁၂ ကောင်ကို ဓာတ်ခွဲခန်းထုတ် လိင်အင်္ဂါအတုဖြင့် အောင်မြင်စွာ တပ်ဆင်စမ်း သပ်ပြီး ဖြစ်သည်ဟု The Guardian တွင်ဖော်ပြထားသည်။

The Voice Weekly 

No comments:

Post a Comment