Wednesday 8 October 2014

ဦးဘဂျမ်းအမှတ်တရ ကာတွန်းပြိုင်ပွဲပြုလုပ်မည်

အလင်္ကာကျော်စွာ ကာတွန်းဝိဇ္ဇာ ဆရာကြီး ဦးဘဂျမ်း အမှတ်တရ ကာတွန်းပြိုင်ပွဲနှင့် တန် ဆောင်တိုင် ကာတွန်းမီးထွန်းပွဲ တော်ကို ရန်ကုန်မြို့ ၁၃ လမ်း (အောက်ဘလောက်)၊ ကာတွန်း ဦးဘဂျမ်းလမ်းတွင် အစဉ်အလာ မပျက်ကျင်းပသွားမည်ဟု ပြိုင်ပွဲ စီစဉ်သူများထံမှ သတင်းရရှိသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများ သည် ကောင်းမွေ၊ ဆိုးမွေခေါင်း စဉ်ဖြင့် ၁၀ လက်မ × ၁၅ လက်မ အရွယ် ကြိုက်နှစ်သက်ရာ ပုံစံမျိုးနှင့် ရေးဆွဲထားသည့် ကာတွန်းပုံ သုံးပုံပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှသိရသည်။ ‘‘ဆရာကြီးကို ဂုဏ်ပြုတဲ့အ နေနဲ့ ကာတွန်းပြိုင်ပွဲလုပ်တာပါ။ ခေါင်းစဉ်ကို ခေတ် စနစ်နဲ့ ထင်ဟပ်စေတဲ့ ဘယ်နေရာ ကောင်းမွေရှိလဲ၊ ဘယ်နေရာမှာ ဆိုးမွေရှိလဲ ဆိုတာကို ပြိုင်မယ့် ကာတွန်းဆရာက ရှာကြံပြီး ရေးရမှာပါ။ ကာတွန်း ပြိုင်ပွဲကို မြန်မာပြည်တစ်နံတစ်လျားက ကာတွန်း ၀ါသနာ ရှင်များ၊ ကာတွန်းရေးဆွဲသူများအားလုံး ၀င်ပြိုင်ခွင့်ရှိပါတယ်’’ဟု ကာတွန်း ပြိုင်ပွဲ ဦးဆောင်ကျင်းပ သူ ကာ တွန်းရွှေမင်းသားက ပြောသည်။

ကာတွန်းပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ကာတွန်းပုံများကို နိုဝင်ဘာ ၉ ရက်မှ ၂၇ ရက်အထိ နောက်ဆုံး ထား၍ အမှတ် ၂၂ အောက်၊ ၁၃ လမ်း၊ လမ်းမတော် မြို့နယ်သို့ ပေးပို့ယှဉ်ပြိုင်နိုင် သည်။

ကာတွန်းပြိုင်ပွဲတွင် ဆုငါး ဆုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပထမဆုငွေကျပ် သုံးသိန်း၊ ဒုတိ ယဆုငွေ ကျပ် နှစ်သိန်းခွဲ၊ တတိ ယဆုငွေကျပ် နှစ်သိန်း၊ စတုတ္ထ ဆုငွေကျပ် တစ်သိန်းခွဲနှင့် ပဉ္စမဆုငွေကျပ် တစ်သိန်း ချီးမြှင့်သွားမည် ဖြစ်သည်။

ဆုရရှိသည့် ကာတွန်းပုံများ ကို တန်ဆောင်တိုင်မီးထွန်းပွဲ တော်မတိုင်မီ ကြေညာသွားမည် ဖြစ်ပြီး  ပြိုင်ပွဲမှ ဆုရရှိသည့် ကာ တွန်းပုံများကို ၀ါရင့်ကာတွန်း ဆရာများ၏ ကာတွန်းပုံများနှင့် အတူ ၁၃ လမ်းတွင် ကျင်းပ မည့် ကာတွန်း ဦးဘဂျမ်းလမ်း တန် ဆောင်တိုင်ကာတွန်းမီးထွန်းပွဲ တော်တွင် ထည့်သွင်းပြသသွား မည် ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment