Wednesday 8 October 2014

ဗျောက်အိုး နှင့် မီးရှုးမီးပန်းများရောင်းချနေသူများကို ဖမ်းဆီးအရေးယူ

၇.၁၀.၂၀၁၄ရက်နေ့ ၂၀၃၀အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ပီမိုးနင်း လမ်းဘေးတွင် ဗျောက်အိုးနှင့် မီးရှုးမီးပန်းများရောင်းချ နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေဖမ်းဆီး အရေးယူခဲ့ ပါသည်။
အဆိုပါနေရာတွင် ခင်းကျင်းရောင်းချနေကြသော လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ဒေါ်နွဲ့ကြည် (၅၁)နှစ်ထံမှ ဗျောက်အိုးမျိုးစုံ (၁၄၈)ခု၊ မီးပန်းဗျောက်အိုး (၆၇)ခု၊ မီးပန်း (၂၁)ခု၊ ရှုးဒိုင်း (၆၆)ခု၊ ရေပန်း ပုံထွက်မီးပုံး (၁၉)လုံးနှင့် ရောင်းချရငွေကျပ် (၁၃၀၀)အားလည်းကောင်း၊ ဒေါ်ညို (၅၆)နှစ်ထံမှ ဗျောက်အိုး မျိုးစုံ (၆၇)ခု၊ မီးပန်းဗျောက်အိုး (၆၇)ခု၊ မီးပန်း (၄၀)ခု၊ ရှုးဒိုင်း (၂၀)ခု၊ ရေပန်းပုံမီးပုံး (၁၇)ခုနှင့် ရောင်းချရ ငွေကျပ် (၁၉၃၀)အားလည်းကောင်း၊ မသင်းမာဦး (၃၁)နှစ်ထံမှ ဗျောက်အိုးမျိုးစုံ (၂၁၀)ခု၊ မီးပန်းဗျောက် အိုး (၆၀)ခု၊ မီးပန်း (၄၉)ခု၊ ရှုးဒိုင်း (၈၈)ခု၊ ရေပန်းပုံမီးပုံး (၁၈)ခုနှင့် ရောင်းချရငွေကျပ် (၁၃၀၀)အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်နွဲ့ကြည်၊ ဒေါ်ညိုနှင့် မသင်းမာဦးတို့ (၃)ဦးအား လှိုင်သာယာ မြို့မရဲစခန်း တွင် အမှုများအသီးသီးရေးဖွင့် ကာ ပြစ်မှုပုဒ်မ ၂၈၆ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

Yangon Police 

No comments:

Post a Comment