Wednesday 8 October 2014

ကပ္ပလီပင်လယ်ပြင်တွင် အားကောင်းလာသော မုန်တိုင်းငယ် ဆိုင်ကလုန်းအဆင့်ဖြစ်လာနိုင်

ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်း အဆင့်သို့ ရောက်လာနိုင်ကြောင်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားပြီး ကိုကိုးကျွန်းအနီးမှ ဖြတ်ကျော် ၍ ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းအတွင်းဦးတည်ရွေ့ လျားနိုင်ကြောင်း ဒေါက်တာ ထွန်း လွင်က  ခန့်မှန်းပြောကြားထားသည်။

‘‘ဘင်္ဂလားပင်လယ်အော်အ ရှေ့တောင်ပိုင်းကို ဦးတည်ရွေ့နေ တော့ မြန်မာ့ပင်လယ်ပြင်နဲ့ ကို ကိုးကျွန်း ဘက်မှာပဲ မိုးနဲ့လေသတိ ထားရမယ်။ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို့ကတော့အ လားအလာ ရှိနေတယ်’’ဟု ဒေါက် တာထွန်းလွင်ကပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ မုန်တိုင်းငယ်သည် ဘန်ကောက်မြို့၏ အနောက် ဘက်-အနောက် တောင်ဘက် ပင်လယ်ရေပြင်ကို ဗဟိုပြုနေပြီး မြန်မာနိုင်ငံကုန်း တွင်းပိုင်းတွင် မိုးအားလျော့နေ ကြောင်း ဒေါက်ထွန်းလွင် ကဆို သည်။

မိုး/ဇလဌာနက ကပ္ပလီပင် လယ်ပြင်တွင်ဖြစ်ပေါ်နေသည့်မုန် တိုင်းငယ်သည် မြန်မာနိုင်ငံ၊ကို ကိုးကျွန်း၏ အရှေ့တောင်ဘက် ၁၈၅မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ဘ လဲလ်ယားမြို့၏ အရှေ့ဘက် ၁၃၅မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီးအနောက်-အ နောက်မြောက်ဘက်သို့ ရွေ့လျား နေကာ ပိုမိုအားကောင်းလာ ၍ ဆိုင်ကလုန်း  မုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်ကြောင်းသတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီး(ကိုကိုးကျွန်းမြို့)နှင့် တနင်္သာ ရီတိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန် ပင်လယ်ပြင်တို့တွင်မိုး သက်လေပြင်းများကျရောက်ကာလှိုင်းကြီးနိုင်ကာ တစ်နာရီလျှင် မိုင် ၄၀ မိုင်အထိ တိုက်ခတ်နိုင် ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment