Wednesday 8 October 2014

ရေကူးချန်ပီယံ မိုက်ကယ်ဖဲ့လ် အရက်သောက်ပြီး ကားမောင်းခြင်းကြောင့် ပြိုင်ပွဲဝင်ခွင့် ခြောက်လပိတ်ခံရ

Photo: ရေကူးချန်ပီယံ မိုက်ကယ်ဖဲ့လ် အရက်သောက်ပြီး ကားမောင်းခြင်းကြောင့် ပြိုင်ပွဲဝင်ခွင့် ခြောက်လပိတ်ခံရ
Wednesday, October 8, 2014

အမေရိကန်မှ ကမ္ဘာ့အိုလံပစ်နှင့် ကမ္ဘာ့စံချိန်ရှင် ရေကူးသမား မိုက်ကယ်ဖဲ့လ်သည်  အရက်သောက်ပြီး ကားမောင်းမှု  ကြောင့် ခြောက်လခန့် ရေကူးအား ကစားနှင့် သက်ဆိုင်သည့် မည် သည့်ယှဉ်ပြိုင်မှုမှ မပြုလုပ်ရန်  ပိတ် ပင် တားမြစ်ခံလိုက်ရကြောင်း သိရသည် ။

ဖဲ့လ် (၂၉) နှစ်သည် စက် တင်ဘာ ၃၀ ရက်က မေရီလင်း ပြည်နယ် ဘာလ်တီမိုးမြို့တွင် တစ် နာရီ ၄၅ မိုင်နှုန်းသာမောင်းရမည့်  သတ်မှတ်ဇုန်အတွင်း  တစ်နာရီ ၈၄ မိုင်နှုန်းမောင်းခဲ့၍  အဖမ်းခံခဲ့ရ ပြီး အရက်သောက်သုံးကာ ကား မောင်းသည်ကိုပါ စစ်ဆေးတွေ့ ရှိခဲ့ရ၍ ယခုကဲ့သို့ ခြောက်လ ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်သည်။

ကမ္ဘာ့ရေကူးအားကစား သမိုင်းတွင် ဆုတံဆိပ်အများဆုံး နှင့် ကမ္ဘာ့စံချိန်များ တင်နိုင်ခဲ့ သည့် ဖဲ့လ်ကိုယ်တိုင်ကလည်း ပြစ် ဒဏ်ကိုမခံယူမီ      တောင်းပန် ကြောင်း ထုတ်ပြန်ခဲ့သည်။

မိုက်ကယ်ဖဲ့လ်သည် ပြစ် ဒဏ်ကြောင့် ရုရှားနိုင်ငံ ကာဇန် တွင်ကျင်းပမည့် ၂၀၁၅ ကမ္ဘာ့ ချန်ပီယံရှစ်ရေကူးပြိုင်ပွဲ၌လည်း ပါဝင်ခွင့်ရတော့မည်မဟုတ်ပေ။

၎င်း၏ ယခုပြစ်ဒဏ်မှာ ၂၀၁၅ ဧပြီ ၆ ရက်တွင် ပြီးဆုံး မည်ဖြစ်သော်လည်း ထိုနှစ်ဩ ဂုတ်လ၌ ကျင်းပမည့် ထိုပြိုင်ပွဲ အတွက် ၎င်းကိုရွေးချယ်တော့ မည်မဟုတ်ကြောင်း အမေရိ ကန် အားကစား အာဏာပိုင်များက ကြေညာခဲ့သည်။

၂၀၀၄ မှ ၂၀၁၂ အတွင်း အိုလံပစ်ဆုတံဆိပ် ၂၂ ခုတွင် ရွှေ တံဆိပ် ၁၈ ခုဆွတ်ခူးနိုင်ခဲ့သည့်

မိုက်ကယ်ဖဲ့လ်သည် ပြီးခဲ့သည့် လန်ဒန်အိုလံပစ်အပြီး အနားယူ မည်ဟု ကြေညာခဲ့ပြီးနောက် ဧပြီလ၌ ပြိုင်ပွဲများပြန်လည်ဝင်ပြိုင်ကာ ရေကူးအားကစားလောကသို့ ပြန်ဝင်လာခြင်းဖြစ်သည်။

Ref: BBC
အမေရိကန်မှ ကမ္ဘာ့အိုလံပစ်နှင့် ကမ္ဘာ့စံချိန်ရှင် ရေကူးသမား မိုက်ကယ်ဖဲ့လ်သည်  အရက်သောက်ပြီး ကားမောင်းမှု  ကြောင့် ခြောက်လ ခန့် ရေကူးအား ကစားနှင့် သက်ဆိုင်သည့် မည် သည့်ယှဉ်ပြိုင်မှုမှ မပြုလုပ်ရန်  ပိတ်ပင်တားမြစ်ခံလိုက်ရကြောင်း သိရသည် ။
ဖဲ့လ် (၂၉) နှစ်သည် စက် တင်ဘာ ၃၀ ရက်က မေရီလင်း ပြည်နယ် ဘာလ်တီမိုးမြို့တွင် တစ် နာရီ ၄၅ မိုင်နှုန်းသာမောင်းရမည့်  သတ်မှတ်ဇုန် အတွင်း  တစ်နာရီ ၈၄ မိုင်နှုန်းမောင်းခဲ့၍  အဖမ်းခံခဲ့ရ ပြီး အရက်သောက်သုံးကာ ကား မောင်းသည်ကိုပါ စစ်ဆေးတွေ့ ရှိခဲ့ရ၍ ယခုကဲ့ သို့ ခြောက် လ ပိတ်ပင်ခံခဲ့ ရခြင်း ဖြစ်သည်။

ကမ္ဘာ့ရေကူးအားကစားသမိုင်းတွင် ဆုတံဆိပ်အများဆုံး နှင့် ကမ္ဘာ့စံချိန်များတင်နိုင်ခဲ့သည့် ဖဲ့လ်ကိုယ်တိုင် ကလည်း ပြစ် ဒဏ်ကိုမခံယူ မီ တောင်း ပန် ကြော င်း ထုတ်ပြန် ခဲ့သည်။

မိုက်ကယ်ဖဲ့လ်သည် ပြစ် ဒဏ်ကြောင့် ရုရှားနိုင်ငံ ကာဇန် တွင်ကျင်းပမည့် ၂၀၁၅ ကမ္ဘာ့ ချန်ပီယံရှစ် ရေကူးပြိုင်ပွဲ ၌လည်း ပါဝင်ခွင့်ရတော့မည် မဟုတ်ပေ။

၎င်း၏ ယခုပြစ်ဒဏ်မှာ ၂၀၁၅ ဧပြီ ၆ ရက်တွင် ပြီးဆုံး မည်ဖြစ်သော်လည်း ထိုနှစ်ဩ ဂုတ်လ၌ ကျင်းပမည့် ထိုပြိုင်ပွဲ အတွက် ၎င်းကိုရွေး ချယ်တော့ မည်မဟုတ်ကြောင်း အမေရိ ကန် အားကစား အာဏာပိုင်များက ကြေညာခဲ့သည်။

၂၀၀၄ မှ ၂၀၁၂ အတွင်း အိုလံပစ်ဆုတံဆိပ် ၂၂ ခုတွင် ရွှေ တံဆိပ် ၁၈ ခုဆွတ်ခူးနိုင်ခဲ့သည့် မိုက်ကယ် ဖဲ့လ် သည် ပြီးခဲ့သည့် လန်ဒန် အိုလံပစ်အပြီး အနားယူ မည်ဟု ကြေညာခဲ့ပြီးနောက် ဧပြီလ၌ ပြိုင်ပွဲ များပြန်လည်ဝင်ပြိုင်ကာ ရေကူးအားကစားလောက သို့ ပြန်ဝင် လာခြင်းဖြစ် သည်။

Ref: BBC

No comments:

Post a Comment