Wednesday 8 October 2014

တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေး မူဘောင်ချမှတ်နိုင်ရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ကယန်းမျိုးဆက်သစ်လူငယ်များ တောင်းဆို

ကယန်းတစ်မျိုးသားလုံး နှင့် သက်ဆိုင်သည့် နိုင်ငံရေးမူဘောင်များ ချမှတ်နိုင်ရေးအတွက် ကယန်းနိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများ ပါဝင်သည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများကို အမြန်ဆုံး အကောင်အထည် ဖော်ရန်ကယန်းမျိုးဆက်သစ် လူငယ်များက တောင်းဆိုလိုက်သည်။

ကယန်းလက်နက်ကိုင်တပ် ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် အသင်းအဖွဲ့များသည် တစ်ဖွဲ့ ချင်း လွတ်လပ် သည့် လှုပ်ရှားမှု မျိုး ပြုလုပ်နေရာမှ ပူးပေါင်း ဆောင်ရွက်နိုင်သည့် နိုင်ငံရေးမူ ဘောင်ချမှတ်နိုင်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေး နွေးပွဲကျင်းပရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကယန်းမျိုးဆက်သစ် လူငယ် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခွန်းတူးတူးလေးက ပြောသည်။

‘‘အဓိကကတော့ ကယန်း တစ်မျိုးသားလုံး စည်းလုံးမှုရ အောင် ဆွေးနွေးပွဲလုပ်ဖို့ ကြိုး စားတာ။ တစ်နိုင်ငံ လုံး အတိုင်း အတာအရ ငြိမ်းချမ်းရေးရော ကရင်နီပြည်(ကယားပြည်နယ်) ငြိမ်းချမ်းရေးဖြစ်စဉ်လည်း ဆက် လက်အထောက်အကူပြုအောင် လို့ ဒီလိုတောင်းဆိုတာ’’ ဟု ခွန်း တူးတူးလေးက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲပြုလုပ်ရန် ကယန်းလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်း များကို ပူးပေါင်းဆောင်ရွက်ရန်လည်း ကယန်းမျိုးဆက်သစ် လူငယ်များက တိုက်တွန်းလိုက် သည်။

ကယန်းတိုင်းရင်းသားများ အခြေစိုက်ရာဒေသအတွင်း ဖြစ်ပွားသည့် ပြဿနာများ ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း အသင်းအဖွဲ့များ၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့်လည်း ပိုမိုပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခွန်းတူးတူး လေးက ပြောသည်။

ထို့အပြင် ကယားပြည်နယ် အတွင်း ငြိမ်းချမ်းရေးကို အ ထောက်အကူပြုစေမည့် လှုပ်ရှား မှုများကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment