Wednesday 8 October 2014

ကလေးခရိုင်တွင် သဘာဝအရင်းအမြစ်များ တူးဖော်ရေးလုပ်ငန်း ပွင့်လင်း မြင်သာမှု ဆွေးနွေးပွဲကျင်းပမည်

ကလေးမြို့နယ်ရှိ ကျောက်မီးသွေးထုတ်ယူနေသော ဒေသများတွင် သဘာဝ သယံဇာ တအရင်းအမြစ်များ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများပွင့် လင်းမြင်သာစွာ ဆောင်ရွက်မှု အမြင်ဖွင့် ဆွေးနွေးပွဲများအား ကလေးမြို့နယ် အတွင်းရှိ ကျောက်မီးသွေးထုတ်လုပ်နေသော ဒေသများ၌ အောက်တိုဘာ အတွင်း ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲကျင်းပမှုအနေ ဖြင့် ဒေသခံပြည်သူများနှင့် တိုက် ရိုက်ထိတွေ့ လုပ်ဆောင်နိုင်ရန် ရည်ရွယ် ထားပြီး ကလေးမြို့နယ် အတွင်းရှိ ကျောက်မီးသွေးတူး ဖော်ထုတ်လုပ်ရောင်းချနေသော ကလေးဝမြို့နယ် ဒေသများနှင့် ထုံးကျောက် များ တူးဖော်ထုတ် လုပ်ရောင်းချနိုင်သည့် ကလေး မြို့နယ်တောင်ဘက် ရှိ နွားတောင်ဒေသများတွင် ယခုလ ၂၅ ရက်မှ စတင်ပြုလုပ် သွားမည်ဖြစ်သည်။

ယင်းဒေသများတွင်ကျင်းပ ပြုလုပ်မည့်ဆွေးနွေးပွဲများကို သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှုလုပ်ငန်းများ အဓိကထားလုပ်ကိုင်နေသည့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ကိုယ်တိုင် လာရောက် ဆွေးနွေးမှုများပြုလုပ်သွား မည်ဖြစ် သည် ဟု စစ်ကိုင်းတိုင်းဒေသကြီး သဘာဝသယံဇာတအရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုလုပ်ငန်း(EITI) အဖွဲ့ဝင် ကိုကျော်သက်ဝင်း က ပြောသည်။

 ‘‘သဘာဝ သယံဇာတတူး ဖော်မှုလုပ်ငန်းတွေမှာ တကယ် လက်တွေ့ လုပ်ကိုင်နေကြရတဲ့ ဒေသခံပြည်သူ တွေဆီ သွားပြီး မိမိတို့ဒေသက သယံဇာတတွေ တူးဖော်ရောင်းချလိုက်ရာကနေ ရရှိလာတဲ့ အကျိုးအမြတ် ခွဲဝေမှု အပါအဝင် အခြားအသိပညာပေး အမြင်ဖွင့်ဆွေးနွေးပွဲတွေပြုလုပ် သွားမှာပါ’’ဟု ကိုကျော်သက်ဝင်း ကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် စစ် ကိုင်းတိုင်းဒေသကြီးအတွင်းရှိ EITI အဖွဲ့လူငယ် များနှင့် ရန်ကုန်အခြေစိုက် အပြည်ပြည် ဆိုင်ရာ EITI အဖွဲ့များမှ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ ပထမဆုံး အကြိမ် ကျင်းပပြုလုပ် မည်ဖြစ်ပြီး မုံရွာမြို့၊ ကသာမြို့နှင့် ကနီမြို့များတွင် ဆက်တိုက်ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

7Day DAILY

No comments:

Post a Comment