Wednesday 8 October 2014

စပိန်တွင် အီဘိုလာရောဂါ ကူးစက်မှု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အလေးအနက် ကြပ်မတ်စစ်ဆေးနေ

Photo: စပိန်တွင် အီဘိုလာရောဂါ ကူးစက်မှု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အလေးအနက် ကြပ်မတ်စစ်ဆေးနေ
Tuesday, October 7, 2014

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်တွင် အီဘိုလာရောဂါ ကူးစက်ခံရသူ တစ်ဦး တွေ့ရှိခဲ့ သည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး အာဏာပိုင်များက အလေးအနက် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

အနောက်အာဖရိကတွင် အီဘိုလာ ရောဂါသည်များကို သွားရောက် ပြုစုခဲ့ရာမှ ရောဂါကူးစက်လာသည့် စေတနာ့ဝန်ထမ်း နှစ်ဦးကို ကုသပေးခဲ့သည့် အမျိုးသား သူနာပြု တစ်ဦးတွင် အီဘိုလာရောဂါ စွဲကပ်နေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ၎င်းကုသပေးခဲ့သည့် စေတနာ့ဝန်ထမ်း နှစ်ဦးမှာမူ စပိန်သို့ ပြန်လည်ခေါ်ယူ ကုသပေးခဲ့သည့်တိုင် ဆိုးရွားပြင်းထန်သည့် ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသည်။

ယခုအခါ ရောဂါကူးစက်ခံရသူကို စပိန်တွင် လုံခြုံရေး အဆင့်မြှင့်တင်ပြီး စောင့်ကြပ် ကုသပေးနေသည်။ ၎င်းသည် ယခုနှစ်တွင် ဖြစ်ပွားနေသည့် အီဘိုလာရောဂါကို အနောက် အာဖရိက ပြင်ပဒေသတွင် ပထမဆုံး လူအချင်းချင်း ကူးစက်ခံရသူလည်း ဖြစ်သည်။

အသက်(၄၀)အရွယ်ရှိ သူနာပြုသည် စေတနာ့ဝန်ထမ်း ဘုန်းတော်ကြီး နှစ်ဦးဖြစ်သည့် မန်နျူရယ်လ် ဂါစီယာ ဗီဂျိုနှင့် မီဂွယ်လ်ပါဂျာရက်စ်တို့ကို အာဖရိကမှ ပြန်လည် ခေါ်ယူလာပြီး မက်ဒရစ်တွင် ပြုစု ကုသပေးခဲ့သည့် သူနာပြု အဖွဲ့တွင် အပါအဝင် ဖြစ်ကြောင်း စပိန်အာဏာပိုင်များက ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီး နှစ်ပါးစလုံးသည် အီဘိုလာရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ကြသည်။

မက်ဒရစ်ရှိ တတိယ ကားလို့စ်ဘုရင် ဆေးရုံသည် လုံခြုံရေးစံနှုန်း အမြင့်ဆုံး သတ်မှတ်ကာ အကာအကွယ် လက်အိတ်များ၊ ဝတ်စုံများဖြင့် ကုသမှု ပေးခဲ့သော်လည်း ယခုကဲ့သို့ ရောဂါကူးစက်မှု အခြေအနေတစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘုန်းတော်ကြီး နှစ်ပါးကို ကုသပေးရာတွင် ပါဝင်ခဲ့သည့် အခြားသော ဆေးဝန်ထမ်းများကိုလည်း စောင့်ကြည့်နေကြောင်း သိရသည်။

ရောဂါကူးစက်ခံရသည့် သူနာပြုသည် စက်တင်ဘာ (၃၀)ရက်တွင် စတင်၍ နာမကျန်း ဖြစ်လာပြီး အောက်တိုဘာ (၅)ရက်တွင် ၎င်း၌ အီဘိုလာရောဂါ ကူးစက်နေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ၎င်း၏ အခြေအနေ ပြင်းထန်သော်လည်း တည်ငြိမ်နေကြောင်း ဆရာဝန်များက ဆိုသည်။

အနောက်အာဖရိကတွင် ဆိုးဆိုးရွားရွား ကူးစက်နေသည့် အီဘိုလာရောဂါသည် ယခုနှစ်အတွင်း လူပေါင်း(၇၅၀၀)ကျော်ထိ ပျံ့နှံ့ ကူးစက်ခဲ့ပြီး ယင်းတို့အနက် (၃၄၀၀)မျှ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာထားသည်။

BBC
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်တွင် အီဘိုလာရောဂါ ကူးစက်ခံရသူ တစ်ဦး တွေ့ရှိခဲ့ သည့် ဖြစ်ရပ်နှင့် ပတ် သက်ပြီး အာဏာပိုင်များက အလေးအနက် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

အနောက်အာဖရိကတွင် အီဘိုလာ ရောဂါသည်များကို သွားရောက် ပြုစုခဲ့ရာမှ ရောဂါကူးစက်လာသည့် စေတနာ့ဝန်ထမ်းနှစ်ဦးကို ကုသပေးခဲ့သည့် အမျိုးသားသူနာပြုတစ်ဦးတွင် အီဘိုလာရောဂါ စွဲကပ်နေ ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ၎င်းကုသပေးခဲ့သည့် စေတနာ့ဝန်ထမ်း နှစ်ဦးမှာမူ စပိန်သို့ ပြန်လည် ခေါ်ယူ ကုသပေးခဲ့သည့်တိုင် ဆိုးရွားပြင်းထန်သည့် ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသည်။

ယခုအခါ ရောဂါကူးစက်ခံရသူကို စပိန်တွင် လုံခြုံရေး အဆင့်မြှင့်တင်ပြီး စောင့်ကြပ် ကုသပေးနေသည်။ ၎င်း သည် ယခုနှစ်တွင် ဖြစ်ပွားနေသည့် အီဘိုလာရောဂါကို အနောက် အာဖရိက ပြင်ပဒေသတွင် ပထမ ဆုံး လူအချင်းချင်း ကူးစက်ခံရသူလည်း ဖြစ်သည်။

အသက်(၄၀)အရွယ်ရှိ သူနာပြုသည် စေတနာ့ဝန်ထမ်း ဘုန်းတော်ကြီး နှစ်ဦးဖြစ်သည့် မန်နျူရယ်လ် ဂါစီယာ ဗီဂျိုနှင့် မီဂွယ်လ်ပါဂျာရက်စ်တို့ကို အာဖရိကမှ ပြန်လည် ခေါ်ယူလာပြီး မက်ဒရစ်တွင် ပြုစု ကုသပေးခဲ့သည့် သူနာပြု အဖွဲ့တွင် အပါအဝင် ဖြစ်ကြောင်း စပိန်အာဏာပိုင်များက ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီး နှစ်ပါးစလုံးသည် အီဘိုလာရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ကြသည်။

မက်ဒရစ်ရှိ တတိယ ကားလို့စ်ဘုရင် ဆေးရုံသည် လုံခြုံရေးစံနှုန်း အမြင့်ဆုံး သတ်မှတ်ကာ အကာအကွယ် လက်အိတ်များ၊ ဝတ်စုံများဖြင့် ကုသမှု ပေးခဲ့သော်လည်း ယခုကဲ့သို့ ရောဂါကူးစက်မှု အခြေအနေတစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘုန်းတော်ကြီး နှစ်ပါးကို ကုသပေးရာတွင် ပါဝင်ခဲ့သည့် အခြားသော ဆေးဝန်ထမ်းများကိုလည်း စောင့်ကြည့်နေကြောင်း သိရသည်။

ရောဂါကူးစက်ခံရသည့် သူနာပြုသည် စက်တင်ဘာ (၃၀)ရက်တွင် စတင်၍ နာမကျန်း ဖြစ်လာပြီး အောက်တိုဘာ (၅)ရက်တွင် ၎င်း၌ အီဘိုလာရောဂါ ကူးစက်နေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ၎င်း၏ အခြေအနေ ပြင်းထန်သော်လည်း တည်ငြိမ်နေကြောင်း ဆရာဝန်များက ဆိုသည်။

အနောက်အာဖရိကတွင် ဆိုးဆိုးရွားရွား ကူးစက်နေသည့် အီဘိုလာရောဂါသည် ယခုနှစ်အတွင်း လူပေါင်း(၇၅၀၀)ကျော်ထိ ပျံ့နှံ့ ကူးစက်ခဲ့ပြီး ယင်းတို့အနက် (၃၄၀၀)မျှ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း ကမ္ဘာ့ကျန်း မာရေး အဖွဲ့ကြီး (WHO)က ကြေညာထားသည်။

BBC

No comments:

Post a Comment