Wednesday 8 October 2014

လက်ရှိပဋိပက္ခများအပေါ် ‘၀’ ကြေညာချက်ထုတ်

Photo: လက်ရှိပဋိပက္ခများအပေါ် ‘၀’ ကြေညာချက်ထုတ်
Wednesday, October 8, 2014

အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ‘၀’ပြည် သွေးစည်းလုံး ညီညွတ် ရေးတပ်ဖွဲ့နှင့် ရှမ်းပြည်နယ် အ ရှေ့ပိုင်းအထူးဒေသ (၄) တို့က လတ်တလောအခြေအနေနှင့် ပတ်သက်သည့် အချက် လေးချက်ပါ အထူးကြေညာ ချက် တစ်စောင် ကို အောက်တိုဘာ ၅ ရက် ရက်စွဲ ဖြင့် ပူးတွဲထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေသော အပြော အဆိုအပြုအမူများကို ပြတ်ပြတ် သားသားဆန့်ကျင်ရှုတ်ချသည်၊ သက်ဆိုင်ရာဘက်များသည်ရန် လိုရန်မူသော စစ်ရေးလှုပ်ရှားမှု အပြုအမူများကို ချက်ချင်းရပ်စဲ ရန်၊ သက်ဆိုင်ရာဘက်များသည်  အောက်တိုဘာ ၂ ရက်နောက်ပိုင်း တွင် သိမ်းပိုက်ထားသော ဒေသ နှင့် စခန်းများမှ ဆုတ်ခွာပေးကြ ရန်တို့ပါဝင်သည်။

‘‘ကောင်းပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် သူတို့ရဲ့ တောင်းဆိုချက်၊ သူတို့ရဲ့ သ ဘောထားကို ပြောလိုက်တာပါ’’ ဟု RCSS/SSA ဗိုလ်မှူးကြီးစိုင်း လှကပြောကြားသည်။

ထို့အပြင် နံပါတ် ၄ အ ချက်မှာ သက်ဆိုင်ရာအဖွဲ့အ စည်းများသည် တစ်ပြည်လုံး၏ တည်ငြိမ်မှုအခြေအနေကြီးကို အလေးထားကြပြီး ထိန်းချုပ်စာ နာသက်ညှာသော သဘောထား ကို ပိုက်ထွေးကာ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အချင်းချင်းတို့ ကြားတည်ရှိနေသော ပဋိပက္ခ များကို ဖြေရှင်းကြရမည်။ ယင်း အခြေအနေများ ဆက်လက်ဆိုး ရွားမလာစေရန်အတွက် ကာ ကွယ်ထိန်းသိမ်းသွားကြမည်၊ အရေးအခင်းများထပ်မံမဖြစ်လာ စေရေးအတွက်ပြတ်ပြတ်သား သားတားဆီးဆောင်ရွက်သွားကြ ရန် လိုအပ်သည်ဟု အထူးကြေ ညာချက်တွင်ဖော်ပြပါရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တပ်မတော်မှာ ရှမ်းပြည်မြောက် ပိုင်းတပ်မတော်(SSPP/SSA) အားထိုးစစ်ဆင်ခြင်းနှင့် ကရင် ပြည်နယ်အတွင်း DKBA တပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခြင်းတို့နှင့် ပတ်သက်၍ ယခုထုတ်ပြန်ချက်  ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရ သည်။

သို့သော် ယခုရက်ပိုင်းအ တွင်းရှမ်းပြည်နယ်နှင့် ကရင်ပြည် နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲ များမှာ ရပ်တန့်လျက်ရှိသည်။

7Day DAILY 

မြ၀တီမြို့တွင်တွေ့ရသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
မြ၀တီမြို့တွင်တွေ့ရသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ‘၀’ပြည် သွေးစည်းလုံး ညီညွတ် ရေးတပ်ဖွဲ့နှင့် ရှမ်းပြည် နယ် အ ရှေ့ပိုင်းအထူးဒေသ (၄) တို့က လတ်တလောအခြေအနေနှင့် ပတ်သက်သည့် အချက် လေးချက်ပါ အထူးကြေညာ ချက် တစ်စောင် ကို အောက်တိုဘာ ၅ ရက် ရက်စွဲ ဖြင့် ပူးတွဲထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြား စေသော အပြော အဆိုအပြုအမူများကို ပြတ်ပြတ် သားသားဆန့်ကျင်ရှုတ်ချသည်၊ သက်ဆိုင်ရာဘက် များသည်ရန် လိုရန်မူသော စစ်ရေးလှုပ်ရှားမှု အပြုအမူများကို ချက်ချင်းရပ်စဲ ရန်၊ သက်ဆိုင်ရာဘက်များ သည်  အောက်တိုဘာ ၂ ရက်နောက်ပိုင်း တွင် သိမ်းပိုက်ထားသော ဒေသ နှင့် စခန်းများမှ ဆုတ်ခွာပေးကြ ရန်တို့ပါဝင်သည်။

‘‘ကောင်းပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် သူတို့ရဲ့ တောင်းဆိုချက်၊ သူတို့ရဲ့ သ ဘောထားကို ပြောလိုက်တာပါ’’ ဟု RCSS/SSA ဗိုလ်မှူးကြီးစိုင်း လှကပြောကြားသည်။

ထို့အပြင် နံပါတ် ၄ အ ချက်မှာ သက်ဆိုင်ရာအဖွဲ့အ စည်းများသည် တစ်ပြည်လုံး၏ တည်ငြိမ်မှုအခြေ အနေကြီးကို အလေးထားကြပြီး ထိန်းချုပ်စာ နာသက်ညှာသော သဘောထားကို ပိုက်ထွေးကာ ငြိမ်းချမ်း သည့် နည်းလမ်းဖြင့် အချင်းချင်းတို့ ကြားတည်ရှိနေသော ပဋိပက္ခ များကို ဖြေရှင်းကြရမည်။ ယင်း အခြေ အနေများ ဆက်လက်ဆိုး ရွားမလာစေရန်အတွက် ကာကွယ်ထိန်းသိမ်းသွားကြမည်၊ အရေးအခင်းများ ထပ်မံမဖြစ်လာ စေရေးအတွက်ပြတ်ပြတ်သား သားတားဆီးဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု အထူး ကြေညာ ချက်တွင်ဖော်ပြပါရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တပ်မတော်မှာ ရှမ်းပြည်မြောက် ပိုင်းတပ်မတော်(SSPP/SSA) အားထိုးစစ် ဆင်ခြင်း နှင့် ကရင် ပြည်နယ်အတွင်း DKBA တပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခြင်းတို့နှင့် ပတ်သက်၍ ယခုထုတ်ပြန်ချက်  ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရ သည်။

သို့သော် ယခုရက်ပိုင်းအ တွင်းရှမ်းပြည်နယ်နှင့် ကရင်ပြည် နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲ များမှာ ရပ်တန့် လျက်ရှိသည်။

7Day DAILY 

No comments:

Post a Comment