Wednesday 8 October 2014

စိန်တောင်ကြီး၊ မြတောင်ကြီး ကျေးရွာသားများ မြေနုကျွန်းခွဲဝေရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

Photo: စိန်တောင်ကြီး၊ မြတောင်ကြီး ကျေးရွာသားများ မြေနုကျွန်းခွဲဝေရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်
Wednesday, October 8, 2014

ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လက်ပံလှကျေးရွာအုပ်စု ပဲခူးစုကျေး ရွာ၊ စိန်တောင်ကြီး၊ မြတောင်ကြီးကျေး ရွာသားတို့မှ အောက်တိုဘာ ၇ရက် နံနက်ပိုင်းက တောင်းဆိုချက်လေး ချက်ဖြင့် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

စိန်တောင်ကြီး၊ မြတောင်ကြီး ကျေးရွာသားတို့ မြေနုကျွန်းခွဲဝေရေး နှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်း သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ်အဖြစ် ဇွန်လ ၁၁ရက်က အ ချက်သုံးချက်ဖြင့် ဆန္ဒထုတ်ဖော်တောင်း ဆိုခဲ့သည်။ 

''ကျွန်တော်တို့ရွာကလူတွေ ပထ မတစ်ခါ ဆန္ဒပြရခြင်းအကြောင်းအ ရင်းကမြေနုကျွန်းနှင့် ပတ်သက်လို့ ဥပဒေနဲ့အညီ ဖော်ဆောင်ပေးခြင်း မရှိလို့၊ အခုဒုတိယအကြိမ်လဲ ကျွန် တော်တို့က ၂ဝ၁၂မြေယာဥပဒေနဲ့အ ညီ မြေယာကိုချထားပေးဖို့ပါ။ ဒီမြေ ကြီးတွေသည် ကျွန်တော်တို့နယ်က ပေါ်တဲ့ မြေကြီးဖြစ်တဲ့အတွက် ကျွန် တော်တို့ပဲ ရပိုင်ခွင့်ရှိပါတယ်''ဟု ဦး ဆောင်သူဦးမြင့်ဌေးက ပြောသည်။

ဧရာဝတီမြစ်ရိုးအတွင်း ပေါ် ထွန်းသော မြေနုကျွန်းသည်ဟင်္သာတ မြို့နယ် ခြင်ဘို့အုပ်စုကျောက်ရဲကျေး ရွာနှင့် သုံးမိုင်ခန့်ကွာဝေးပြီး လက်ပံ လှကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ စိန် တောင်ကြီး၊ မြတောင်ကြီးနှင့်တစ်ဖာ လုံခန့်သာ ဝေးကွာသောကြောင့် ၂ဝ၁၂ခုနှစ် မြေယာဥပဒေနှင့်အညီ ခွဲဝေပါက နီးစပ်ရာကျေးရွာမှရရှိမည် ဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် နိုင်ငံပိုင် မြေကိုယ်ကျိုးရှာသူ အရေးယူပေးရေး၊ မြို့နယ်အမိန့်မဖော်ဆောင်သော အုပ် ချုပ်ရေးမှူးဖယ်ရှားပေးရေး၊ ၂ဝ၁၂ ခုနစ် မြေယာဥပဒေနှင့် မကိုက်ညီ သော ဆုံးဖြတ်ချက်များအား ပြင်ဆင် ပေးရေး၊ ၂ဝ၁၂ခုနစ် မြေယာဥပဒေ နှင့်အညီ မြေယာချထားပေးရေး အ ချက်လေးချက်အား အင်အား ၁ဝဝဦး ခန့်ဖြင့် ကြွေးကြော်တောင်းဆိုကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ သည်။

Yangon Media Group
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လက်ပံလှကျေးရွာအုပ်စု ပဲခူးစုကျေး ရွာ၊ စိန်တောင်ကြီး၊ မြတောင်ကြီးကျေး ရွာသားတို့မှ အောက်တိုဘာ ၇ရက် နံနက်ပိုင်းက တောင်းဆိုချက်လေး ချက်ဖြင့် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

စိန်တောင်ကြီး၊ မြတောင်ကြီး ကျေးရွာသားတို့ မြေနုကျွန်းခွဲဝေရေး နှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်း သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ်အဖြစ် ဇွန်လ ၁၁ရက်က အ ချက်သုံးချက်ဖြင့် ဆန္ဒထုတ်ဖော် တောင်း ဆိုခဲ့သည်။ 

''ကျွန်တော်တို့ရွာကလူတွေ ပထ မတစ်ခါ ဆန္ဒပြရခြင်းအကြောင်းအ ရင်းကမြေနုကျွန်းနှင့် ပတ်သက်လို့ ဥပဒေနဲ့အညီ ဖော်ဆောင်ပေးခြင်း မရှိလို့၊ အခုဒုတိယအကြိမ်လဲ ကျွန် တော်တို့က ၂ဝ၁၂မြေယာဥပဒေနဲ့ အ ညီ မြေယာကိုချထားပေးဖို့ပါ။ ဒီမြေ ကြီးတွေသည် ကျွန်တော်တို့နယ်က ပေါ်တဲ့ မြေကြီးဖြစ်တဲ့အတွက် ကျွန် တော်တို့ပဲ ရပိုင်ခွင့်ရှိပါတယ်''ဟု ဦး ဆောင်သူဦးမြင့်ဌေးက ပြောသည်။

ဧရာဝတီမြစ်ရိုးအတွင်း ပေါ် ထွန်းသော မြေနုကျွန်းသည်ဟင်္သာတ မြို့နယ် ခြင်ဘို့အုပ်စုကျောက်ရဲကျေး ရွာနှင့် သုံးမိုင်ခန့်ကွာဝေးပြီး လက်ပံ လှကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ စိန် တောင်ကြီး၊ မြတောင်ကြီးနှင့် တစ်ဖာ လုံခန့်သာ ဝေးကွာသောကြောင့် ၂ဝ၁၂ခုနှစ် မြေယာဥပဒေနှင့်အညီ ခွဲဝေပါက နီးစပ်ရာကျေးရွာမှ ရရှိမည် ဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် နိုင်ငံပိုင် မြေကိုယ်ကျိုးရှာသူ အရေးယူပေးရေး၊ မြို့နယ်အမိန့်မဖော်ဆောင်သော အုပ် ချုပ်ရေးမှူးဖယ်ရှားပေးရေး၊ ၂ဝ၁၂ ခုနစ် မြေယာဥပဒေနှင့် မကိုက်ညီ သော ဆုံးဖြတ်ချက်များအား ပြင်ဆင် ပေးရေး၊ ၂ဝ၁၂ခုနစ် မြေယာဥပဒေ နှင့်အညီ မြေယာချထားပေးရေး အ ချက်လေးချက်အား အင်အား ၁ဝဝဦး ခန့်ဖြင့် ကြွေးကြော်တောင်းဆိုကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ သည်။

Yangon Media Group 

No comments:

Post a Comment