Wednesday 8 October 2014

အစဉ်အလာကောင်းကို ထိန်းသိမ်းရမယ့်မြန်မာယူ-၁၉အသင်း

Photo: အစဉ်အလာကောင်းကို ထိန်းသိမ်းရမယ့်မြန်မာယူ-၁၉အသင်း
Wednesday, October 8, 2014

မြန်မာနိုင်ငံကနေ ပထမဆုံးအကြိမ်ကျင်းပ မယ့် အာရှယူ-၁၉ပြိုင်ပွဲကြီးက တော့ ကျင်းပဖို့ တစ်ရက်သာလိုတော့ပါတယ်။ 

ဒီတစ်ကြိမ်ကျင်း ပတာ ဟာ(၃၈)ကြိမ်မြောက်ဖြစ်ပြီး ပထမဆုံးအကြိမ်အာရှ ယူ-၁၉ပြိုင်ပွဲကိုတော့ ၁၉၅၉ခုနှစ်မှာမလေးရှားနိုင်ငံ က စတင်ကျင်းပခဲ့တာပါ။ ပထမဆုံးအကြိမ်ပြိုင်ပွဲမှာ အသင်း ကိုးသင်းဝင်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းလည်းပါဝင်ခဲ့ပါ တယ်။ အဲဒီတုန်းကမြန်မာအသင်းဟာ သီရိလင်္ကာကို ၆-၄ ဂိုး၊ စင်ကာပူကို ၇-၅ဂိုး၊ ဖိလစ်ပိုင်ကို ၁ဝ-၁ဂိုးတွေနဲ့အနိုင် ရခဲ့ပြီး ထိုင်းနဲ့တစ်ဂိုးစီသရေကစားကာ အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ဆုံးအဆင့် မှာတော့ ဟောင်ကောင်ကို ၁-၂ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့နောက်ဆုံး လေးသင်း စာရင်းထဲတော့မဝင်ခဲ့ ပါဘူး။

ဒုတိယအအောင်မြင်ဆုံးအသင်း
***********************************
မြန်မာယူ-၁၉အသင်း ဟာပြိုင်ပွဲစတင်တဲ့ ၁၉၅၉ခုနှစ် ကနေ ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၁၉၇၆ခုနှစ်ပြိုင်ပွဲအထိ ဘားမား အမည်နဲ့ နှစ်စဉ်ဝင်ပြိုင်ခဲ့ပါတယ်။ 

တတိယ အကြိမ်မြောက်ကျင်းပတဲ့ ၁၉၆၁ပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာအင်ဒိုနီးရှားအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့်ပူးတွဲချန်ပီယံအဖြစ် ပထမဆုံးအ ကြိမ်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၆၊ ၁၉၆၉ ခုနှစ်တွေမှာ ပူးတွဲချန်ပီယံအဖြစ် ဆက်လက် အောင်ပွဲခံနိုင်ခဲ့ပြီး ၁၉၆၈နဲ့ ၁၉၇ဝပြည့်နှစ်တွေမှာတော့ ချန်ပီယံအဖြစ်သီးသန့်ရပ်တည်နိုင်ခဲ့ပါတယ်။ 

လက်ရှိအ ချိန်မှာတော့ မြန်မာအသင်းဟာ(၁၂)ကြိမ်ချန်ပီယံရရှိထား တဲ့ တောင်ကိုရီးယားအသင်းပြီးရင် ချန်ပီယံခုနစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယနှစ်ကြိမ်နဲ့ ဒုတိယအအောင်မြင် ဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးထားပါတယ်။

နှစ်၃ဝနီးပါးအကြာမှတစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရ
****************************************************
တကယ်တော့ အာရှယူ-၁၉ပြိုင်ပွဲမှာ မြန်မာအ သင်းကခုနစ်ကြိမ်ရရှိကာ ဒုတိယအအောင်မြင်ဆုံးအသင်း အဖြစ်ရပ်တည်နေပေမယ့် ဒီပြိုင်ပွဲနဲ့ဝေးကွာနေတာကတော့ နှစ်ပေါင်း ၃ဝနီးပါးရှိနေပါပြီ။

မြန်မာအသင်းဟာ ထိုင်းနိုင်ငံ မှာကျင်းပတဲ့ ၁၉၇၆ခုနှစ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့် ကိုတက်ရောက်ခဲ့ပြီးနောက်ပိုင်း ၁၉၉၈ခုနှစ်ပြိုင်ပွဲ အထိဝင် ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါဘူး။ ၂ဝဝဝပြည့်နှစ်နဲ့ ၂ဝဝ၂ ခုနှစ်ပြိုင်ပွဲတွေမှာ ပြန်လည်ယှဉ်ပြိုင်ခဲ့ပေမယ့်ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။

၂ဝ၁၄အာရှယူ-၁၉ပြိုင်ပွဲ
****************************
မြန်မာအသင်းဟာ၂ဝ၁၄ခုနှစ်ပြိုင်ပွဲမှာတော့ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့လို့ ခြေစစ်ပွဲကစားစရာမလို တော့ဘဲတိုက်ရိုက်ဝင်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

''မြန်မာ အသင်းအနေနဲ့အိမ်ရှင်ဖြစ်နေလို့သာ ဝင်ပြိုင်ခွင့်ရတာပါ။ ဒီပြိုင်ပွဲမှာဝင်ပြိုင်ခွင့်ရခဲ့တဲ့အသင်းတွေဆိုတာကလဲ တကယ့် အသင်းကောင်းတွေဖြစ်လို့ မြန်မာပရိသတ်တွေအနေနဲ့ပွဲ တိုင်းကို အလွယ်တကူအနိုင်ရမယ်လို့တွေးမထားသင့်ပါ ဘူး''ဟု ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကဆိုပါ တယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ယီမင်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုင်း၊ အီရန်တို့လိုအသင်းကောင်းတွေ နဲ့ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အကောင်းဆုံးခြေစွမ်း ကိုပိုင်ဆိုင်ထားဖို့လိုအပ်ပါလိမ့်မယ်။

လက်မှတ်ရောင်းချမှု
**********************
အာရှယူ-၁၉ပြိုင်ပွဲရဲ့လက်မှတ်ဈေးနှုန်းတွေကို အထူးတန်းကျပ်၅ဝဝဝ၊ ရိုးရိုးတန်းကျပ် ၂ဝဝဝသတ်မှတ် ထားပြီး အထူးလက်မှတ်အနေနဲ့ ကျပ်၅ဝဝဝဝတန်လက် မှတ်တွေကိုလည်း ရောင်းချပေးမှာပါ။ လက်မှတ်တွေကို သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနဲ့စလင်းကွင်းတွေမှာ ရောင်း ချပေးမှာဖြစ်ပြီး မှတ်ပုံတင်ရှိမှသာ ဝယ်ယူခွင့်ရမှာဖြစ်ပြီး မှတ်ပုံ တင်တစ်ခုကို လက်မှတ်နှစ်စောင်နှုန်းရောင်းချပေးမယ်လို့ သိရပါတယ်။ 

''လက်မှတ်ကိုအစကကြိုပြီးတော့ အများကြီး ရောင်းဖို့စီစဉ်ထားတာပါ။ ဒါပေမဲ့ ကြိုရောင်းရင် အဲဒီလက် မှတ်တွေက မှောင်ခိုလက်မှတ်ရောင်းသူ တွေလက်ထဲရောက် သွားတယ်ဆိုတာ ပြီးခဲ့တဲ့ဆီးဂိမ်းမှာတွေ့ကြုံခဲ့ရတယ်။ လက်မှတ်ကို တကယ်ကြည့်ချင်တဲ့သူလက်ထဲပဲရောက် အောင်ပွဲမတိုင်ခင်တစ်ရက် အလိုမှစရောင်းတာပါ။ ကြိုပြီး ဝယ်ချင်တယ် ဆိုရင်တော့ ကျပ် ၅ဝဝဝဝ တန်အထူးလက် မှတ်တွေကို ဝယ်လို့ရပါတယ်''ဟု လက် မှတ်ရောင်းချရေး တာဝန်ခံဦးရဲမျိုးဟိန်းက ပြောပါတယ်။

လုံခြုံရေးစီစဉ်ထားမှု
***********************
ပြီးခဲ့တဲ့ဆီးဂိမ်းပြိုင်ပွဲမှာ ပရိသတ်တွေကို ထိန်းသိမ်းနိုင်မှုမရှိတာ ကြောင့် ဒီတစ်ကြိမ်ကျင်းပမယ့် အာရှ ပွဲမှာတော့ လုံခြုံရေးအခြေအနေကို အထူးတင်းကျပ်မှာဖြစ်တယ်လို့ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးကြီး အေးကြူကဆိုပါတယ်။ ပြီးခဲတဲ့ အာရှယူ ၂၂ ခြေစစ်ပွဲတွေ ကျင်းပတုန်းက အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာပရိသတ်တွေထဲက လေဆာမီးနဲ့ ထိုးတာတွေရှိလို့ ဘောလုံးအဖွဲ့ချုပ်ကနေ ဒဏ် ငွေဆောင်ခဲ့ရတာ ရှိခဲ့တယ်လို့လည်းသူကဆိုပါတယ်။

''မြန်မာ ပရိသတ်တွေ အနေနဲ့အိုးစည်ဗုံမောင်းတွေနဲ့အားပေးချင် ရင် လုံခြုံရေးဆပ်ကော်မတီကို အနည်းဆုံးငါးရက်ကြိုတင် ပြီး ခွင့်တင်ရမှာပါ။ အရက်သေစာသောက်စားထားရင်လဲ ဝင်ခွင့်ပြုမှာမဟုတ်ဘူး။ မွန်းလွဲ ၁ နာရီကနေစပြီး ကွင်း ထဲကိုဝင်ခွင့်ပေးမှာဖြစ်ပြီး မြန်မာပွဲပထမပိုင်းပြီးသွားရင် ဘယ်သူ့ကိုမှကွင်းထဲကို ဝင်ခွင့်မပေးတော့ဘူး''လို့လည်း ဆက်ပြောပါတယ်။ ဒါ့အပြင်''အခုလာမယ့်လုံခြုံရေးတွေက အထူးလေ့ ကျင့်ထားတဲ့သူတွေပါ။ လုံခြုံရေးနဲ့ပတ်သက်လို့ အသေးစိတ်တော့မပြောတော့ပါဘူး။ တော်တော်တော့အစီ အမံတွေလုပ်ထားပါတယ်'' လို့ လည်း ဘောလုံးအဖွဲ့ချုပ်က တာဝန် ရှိသူတစ်ဦးကဆိုပါတယ်။

အစဉ်အလာကောင်းကို ထိန်းသိမ်းရမယ့်မြန်မာယူ-၁၉
***********************************************************
ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့အုပ်စုအဆင့် နဲ့ ကွာတား ဖိုင်နယ် အဆင့်တွေကိုကျော်ဖြတ် နိုင်ခဲ့ရင် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအထိခြေဆန့်နိုင်မှာ ဖြစ်လို့ ပွဲစဉ်တိုင်းကတော့ အကြိတ်အနယ်ရှိနေမှာမလွဲပါ ဘူး။

မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းမှာ ထိုင်း၊ ယီမင် အသင်းတို့လိုခြေရည်တူ အသင်းတို့နဲ့ နောက်တစ်ဆင့်တက် ရေးအတွက် အဓိကထားကစားရမှာဖြစ်ပြီး ပင်ကိုခြေစွမ်း ကောင်းမွန်မှုနဲ့အတူ အိမ်ရှင်ပရိသတ်အားကိုအသုံးချကာ ချန်ပီယံခုနစ်ကြိမ်ရရှိခဲ့တဲ့အစဉ်အလာကောင်းကိုဆက် လက်ထိန်းသိမ်းနိုင်ဖို့လိုအပ်နေပါပြီ။

မြန်မာအသင်း၏ပွဲစဉ်များ
*****************************
၉. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) မြန်မာ - ယီမင်
၁၁. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) ထိုင်း - မြန်မာ
၁၃. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) မြန်မာ - အီရန်

Yangon Media Group
မြန်မာနိုင်ငံကနေ ပထမဆုံးအကြိမ်ကျင်းပမယ့် အာရှယူ-၁၉ပြိုင်ပွဲကြီးက တော့ ကျင်းပဖို့ တစ်ရက်သာ လိုတော့ပါတယ်။ 

ဒီတစ်ကြိမ်ကျင်း ပတာ ဟာ(၃၈)ကြိမ်မြောက်ဖြစ်ပြီး ပထမဆုံးအကြိမ်အာရှ ယူ-၁၉ပြိုင်ပွဲကိုတော့ ၁၉၅၉ ခုနှစ် မှာ မလေးရှားနိုင်ငံ က စတင်ကျင်းပခဲ့တာပါ။ ပထမဆုံးအကြိမ်ပြိုင်ပွဲမှာ အသင်း ကိုးသင်းဝင်ပြိုင် ခဲ့ကြပြီး မြန်မာအသင်းလည်းပါဝင်ခဲ့ပါ တယ်။ အဲဒီတုန်းကမြန်မာအသင်းဟာ သီရိလင်္ကာကို ၆-၄ ဂိုး၊ စင်ကာပူကို ၇-၅ဂိုး၊ ဖိလစ်ပိုင်ကို ၁ဝ-၁ဂိုးတွေနဲ့အနိုင် ရခဲ့ပြီး ထိုင်းနဲ့တစ်ဂိုးစီသရေကစားကာ အုပ်စုဒုတိယ နဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ဆုံးအဆင့် မှာတော့ ဟောင်ကောင်ကို ၁-၂ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့နောက်ဆုံး လေးသင်း စာရင်းထဲတော့မဝင်ခဲ့ ပါဘူး။

ဒုတိယအအောင်မြင်ဆုံးအသင်း
***********************************
မြန်မာယူ-၁၉အသင်း ဟာပြိုင်ပွဲစတင်တဲ့ ၁၉၅၉ခုနှစ် ကနေ ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၁၉၇၆ခုနှစ်ပြိုင်ပွဲအထိ ဘားမား အမည်နဲ့ နှစ်စဉ်ဝင်ပြိုင်ခဲ့ပါတယ်။ 

တတိယ အကြိမ်မြောက်ကျင်းပတဲ့ ၁၉၆၁ပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာအင်ဒိုနီးရှား အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့်ပူးတွဲချန်ပီယံအဖြစ် ပထမဆုံးအ ကြိမ်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၆၊ ၁၉၆၉ ခုနှစ်တွေမှာ ပူးတွဲချန်ပီယံအဖြစ် ဆက်လက် အောင်ပွဲ ခံနိုင်ခဲ့ပြီး ၁၉၆၈နဲ့ ၁၉၇ဝပြည့်နှစ်တွေမှာတော့ ချန်ပီယံအဖြစ်သီးသန့်ရပ်တည်နိုင်ခဲ့ပါတယ်။ 

လက်ရှိအ ချိန်မှာတော့ မြန်မာအသင်းဟာ(၁၂)ကြိမ်ချန်ပီယံရရှိထား တဲ့ တောင်ကိုရီးယားအသင်းပြီးရင် ချန်ပီယံခုနစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယနှစ်ကြိမ်နဲ့ ဒုတိယအအောင်မြင် ဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးထားပါတယ်။

နှစ်၃ဝနီးပါးအကြာမှတစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရ
****************************************************
တကယ်တော့ အာရှယူ-၁၉ပြိုင်ပွဲမှာ မြန်မာအ သင်းကခုနစ်ကြိမ်ရရှိကာ ဒုတိယအအောင်မြင်ဆုံးအသင်း အဖြစ်ရပ်တည်နေပေမယ့် ဒီပြိုင်ပွဲနဲ့ဝေးကွာနေတာကတော့ နှစ်ပေါင်း ၃ဝနီးပါးရှိနေပါပြီ။

မြန်မာအသင်းဟာ ထိုင်းနိုင်ငံ မှာကျင်းပတဲ့ ၁၉၇၆ခုနှစ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့် ကိုတက်ရောက်ခဲ့ပြီးနောက်ပိုင်း ၁၉၉၈ခုနှစ်ပြိုင်ပွဲ အထိဝင် ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါဘူး။ ၂ဝဝဝပြည့်နှစ်နဲ့ ၂ဝဝ၂ ခုနှစ်ပြိုင်ပွဲတွေမှာ ပြန်လည်ယှဉ်ပြိုင်ခဲ့ပေမယ့်ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။

၂ဝ၁၄အာရှယူ-၁၉ပြိုင်ပွဲ
****************************
မြန်မာအသင်းဟာ၂ဝ၁၄ခုနှစ်ပြိုင်ပွဲမှာတော့ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့လို့ ခြေစစ်ပွဲကစားစရာမလို တော့ဘဲတိုက်ရိုက်ဝင်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

''မြန်မာ အသင်းအနေနဲ့အိမ်ရှင်ဖြစ်နေလို့သာ ဝင်ပြိုင်ခွင့်ရတာပါ။ ဒီပြိုင်ပွဲမှာဝင်ပြိုင်ခွင့်ရခဲ့တဲ့ အသင်းတွေ ဆိုတာကလဲ တကယ့် အသင်းကောင်းတွေဖြစ်လို့ မြန်မာပရိသတ်တွေအနေနဲ့ပွဲ တိုင်းကို အလွယ်တကူ အနိုင်ရမယ်လို့တွေးမထားသင့်ပါ ဘူး''ဟု ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကဆိုပါ တယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ယီမင်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုင်း၊ အီရန်တို့လိုအသင်းကောင်း တွေ နဲ့ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အကောင်းဆုံးခြေစွမ်း ကိုပိုင်ဆိုင်ထားဖို့လိုအပ်ပါလိမ့်မယ်။

လက်မှတ်ရောင်းချမှု
**********************
အာရှယူ-၁၉ပြိုင်ပွဲရဲ့လက်မှတ်ဈေးနှုန်းတွေကို အထူးတန်းကျပ်၅ဝဝဝ၊ ရိုးရိုးတန်းကျပ် ၂ဝဝဝသတ်မှတ် ထားပြီး အထူးလက်မှတ်အနေနဲ့ ကျပ်၅ဝဝဝဝတန်လက် မှတ်တွေကိုလည်း ရောင်းချပေးမှာပါ။ လက်မှတ်တွေကို သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနဲ့စလင်းကွင်းတွေမှာ ရောင်း ချပေးမှာဖြစ်ပြီး မှတ်ပုံတင်ရှိမှသာ ဝယ်ယူခွင့်ရမှာဖြစ်ပြီး မှတ်ပုံ တင်တစ်ခုကို လက်မှတ်နှစ်စောင်နှုန်းရောင်းချပေးမယ်လို့ သိရပါတယ်။ 

''လက်မှတ်ကိုအစကကြိုပြီးတော့ အများကြီး ရောင်းဖို့စီစဉ်ထားတာပါ။ ဒါပေမဲ့ ကြိုရောင်းရင် အဲဒီလက် မှတ်တွေက မှောင်ခိုလက်မှတ်ရောင်းသူ တွေလက်ထဲရောက် သွားတယ်ဆိုတာ ပြီးခဲ့တဲ့ဆီးဂိမ်းမှာတွေ့ကြုံခဲ့ရတယ်။ လက်မှတ်ကို တကယ်ကြည့်ချင်တဲ့သူလက်ထဲပဲရောက် အောင်ပွဲမတိုင်ခင်တစ်ရက် အလိုမှစရောင်းတာပါ။ ကြိုပြီး ဝယ်ချင်တယ် ဆိုရင်တော့ ကျပ် ၅ဝဝဝဝ တန်အထူးလက် မှတ်တွေကို ဝယ်လို့ရပါတယ်''ဟု လက် မှတ်ရောင်းချရေး တာဝန်ခံဦးရဲမျိုးဟိန်းက ပြောပါတယ်။

လုံခြုံရေးစီစဉ်ထားမှု
***********************
ပြီးခဲ့တဲ့ဆီးဂိမ်းပြိုင်ပွဲမှာ ပရိသတ်တွေကို ထိန်းသိမ်းနိုင်မှုမရှိတာ ကြောင့် ဒီတစ်ကြိမ်ကျင်းပမယ့် အာရှ ပွဲမှာတော့ လုံခြုံရေးအခြေအနေကို အထူးတင်းကျပ်မှာဖြစ်တယ်လို့ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးကြီး အေးကြူကဆိုပါတယ်။ ပြီးခဲတဲ့ အာရှယူ ၂၂ ခြေစစ်ပွဲတွေ ကျင်းပတုန်းက အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာပရိသတ်တွေထဲက လေဆာမီးနဲ့ ထိုးတာတွေရှိလို့ ဘောလုံးအဖွဲ့ချုပ်ကနေ ဒဏ် ငွေဆောင်ခဲ့ရတာ ရှိခဲ့တယ်လို့လည်းသူကဆိုပါတယ်။

''မြန်မာ ပရိသတ်တွေ အနေနဲ့အိုးစည်ဗုံမောင်းတွေနဲ့အားပေးချင် ရင် လုံခြုံရေးဆပ်ကော်မတီကို အနည်းဆုံးငါးရက်ကြိုတင် ပြီး ခွင့်တင်ရမှာပါ။ အရက်သေစာသောက်စားထားရင်လဲ ဝင်ခွင့်ပြုမှာမဟုတ်ဘူး။ မွန်းလွဲ ၁ နာရီကနေစပြီး ကွင်း ထဲကိုဝင်ခွင့်ပေးမှာဖြစ်ပြီး မြန်မာပွဲပထမပိုင်းပြီးသွားရင် ဘယ်သူ့ကိုမှကွင်းထဲကို ဝင်ခွင့်မပေးတော့ဘူး''လို့လည်း ဆက်ပြောပါတယ်။ ဒါ့အပြင်''အခုလာမယ့်လုံခြုံရေးတွေက အထူးလေ့ ကျင့်ထားတဲ့သူတွေပါ။ လုံခြုံရေးနဲ့ပတ်သက်လို့ အသေးစိတ်တော့မပြောတော့ပါဘူး။ တော်တော်တော့အစီ အမံတွေလုပ်ထားပါတယ်'' လို့ လည်း ဘောလုံးအဖွဲ့ချုပ်က တာဝန် ရှိသူတစ်ဦးကဆိုပါတယ်။

အစဉ်အလာကောင်းကို ထိန်းသိမ်းရမယ့်မြန်မာယူ-၁၉
***********************************************************
ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့အုပ်စုအဆင့် နဲ့ ကွာတား ဖိုင်နယ် အဆင့်တွေကိုကျော်ဖြတ် နိုင်ခဲ့ရင် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအထိခြေဆန့်နိုင်မှာ ဖြစ်လို့ ပွဲစဉ်တိုင်းကတော့ အကြိတ်အနယ်ရှိနေမှာမလွဲပါ ဘူး။

မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းမှာ ထိုင်း၊ ယီမင် အသင်းတို့လိုခြေရည်တူ အသင်းတို့နဲ့ နောက်တစ်ဆင့် တက် ရေးအတွက် အဓိကထားကစားရမှာဖြစ်ပြီး ပင်ကိုခြေစွမ်း ကောင်းမွန်မှုနဲ့အတူ အိမ်ရှင်ပရိသတ် အားကို အသုံးချကာ ချန်ပီယံခုနစ်ကြိမ်ရရှိခဲ့တဲ့အစဉ်အလာကောင်းကိုဆက် လက်ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေပါပြီ။

မြန်မာအသင်း၏ပွဲစဉ်များ
*****************************
၉. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) မြန်မာ - ယီမင်
၁၁. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) ထိုင်း - မြန်မာ
၁၃. ၁ဝ. ၂ဝ၁၄ (ည ၆း ၃ဝ) မြန်မာ - အီရန်

Yangon Media Group

No comments:

Post a Comment