Wednesday 8 October 2014

စာဖိုမှူးက သူ့မိန်းကို သတ်ပြီး ချက်ပြုတ်

Photo: စာဖိုမှူးက သူ့မိန်းကို သတ်ပြီး ချက်ပြုတ်
Wednesday, October 8, 2014
 
သြစီ စဖိုမှူးတဦးဟာ သူ့မိန်းမ ဖြစ်သူကို သတ်ပြီးတော့ ချက်ပြုတ်ထားတယ်။ ဘာကြောင့်ဆိုတာ သေချာ မသိရပါဘူး။ 

စုံတွဲတတွဲနေထိုင်တဲ့ အခန်းဆီက အနံ့ဆိုးတွေရလို့ အိမ်နီချင်းတွေက သြစတေးလျနိုင်ငံ ဘရစ်ဘိန်းက ရဲကို အကြောင်း ကြားခဲ့ပြီး အဲဒီ အခန်းကို သွားရောက် စစ်ဆေးခဲ့ရာက ထူးဆန်းတဲ့ ဖြစ်စဉ်ကို ရဲတွေ တွေ့ လိုက်ရပါတော့တယ်။ 

အဲဒီမှာ အသက် ၂၇ နှစ်အရွယ် ယောက်ျားအဖြစ်ကနေ မိန်းမ အဖြစ် လိင်အင်္ဂါပြောင်းထားတဲ့ Mayang Prasetyo ရဲ့ ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို မီးဖိုပေါ်က အိုးတလုံးမှာ ပြုတ်ထားတာကို ရဲတွေ က တွေ့ရ တယ်။ 

တခြား ခန္ဓာကိုယ် အစိပ်အပိုင်းတွေကိုလည်း အခန်းအပြင်က အမှိုက်အိပ်ထဲမှာ စာဖိုမှူး စုံတွဲပိုင်တဲ့ ခွေသေလေးတွေနဲ့ အတူ ရဲတွေက ထပ်တွေ့ရပြန်တယ်။ 

ရဲတွေ အခန်းထဲ ဝင်လာတာ သိလိုက်ရတဲ့အခါ Prasetyo ရဲ့ ခင်ပွန်း အသက် ၂၈ နှစ်အရွယ် သြစီ စာဖိုမှူး Marcus Volke က မှန်တံခါးကို ခွဲပြီး အောက် ထပ်ပေါ် ခုန်ချ ထွက်ပြေးကာ သူ့လည်ပင်းသူ ဖြတ်ပြီး အဆုံး စီရင်သွားခဲ့တယ်လို့ International Business Times သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ စာဖိုမှူးဟာ သူ့မိန်းမရဲ့ အသားတွေကို ချက်ပြုတ်ပြီး စားသောက်မှု ရှိ၊ မရှိ တော့ သတင်းမှာ မတွေ့ရပါဘူး။  

လိင်ပြောင်းထားတဲ့ Prasetyo ဟာ တချိန်က လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ နာမည်ကြီးခဲ့သူလို့လည်း သတင်းတွေက ဆိုပါတယ်။ 

Prasetyo နဲ့ Marcus တို့ဟာ မနှစ်က နိုဝင်ဘာလ က အကျဉ်းရုံး စေ့စပ်ခဲ့တဲ့ အကြောင်း ဖေ့စ်ဘုတ်ပေါ် အသိပေးခဲ့တာလို့ ဆိုပါတယ်။ 

 ဧရာဝတီ BLOG
သြစီ စဖိုမှူးတဦးဟာ သူ့မိန်းမ ဖြစ်သူကို သတ်ပြီးတော့ ချက်ပြုတ်ထားတယ်။ ဘာကြောင့်ဆိုတာ သေချာ မသိရပါဘူး။ 

စုံတွဲတတွဲနေထိုင်တဲ့ အခန်းဆီက အနံ့ဆိုးတွေရလို့ အိမ်နီချင်းတွေက သြစတေးလျနိုင်ငံ ဘရစ်ဘိန်းက ရဲကို အကြောင်း ကြားခဲ့ပြီး အဲဒီ အခန်းကို သွားရောက် စစ်ဆေးခဲ့ရာက ထူးဆန်းတဲ့ ဖြစ်စဉ်ကို ရဲတွေ တွေ့ လိုက်ရပါတော့တယ်။ 

အဲဒီမှာ အသက် ၂၇ နှစ်အရွယ် ယောက်ျားအဖြစ်ကနေ မိန်းမ အဖြစ် လိင်အင်္ဂါပြောင်းထားတဲ့ Mayang Prasetyo ရဲ့ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို မီးဖိုပေါ်က အိုးတလုံးမှာပြုတ်ထားတာကိုရဲတွေက တွေ့ရတယ်။ 

တခြား ခန္ဓာကိုယ် အစိပ်အပိုင်းတွေကိုလည်း အခန်းအပြင်က အမှိုက်အိပ်ထဲမှာ စာဖိုမှူး စုံတွဲပိုင်တဲ့ ခွေသေလေးတွေနဲ့ အတူ ရဲတွေက ထပ်တွေ့ရပြန်တယ်။ 

ရဲတွေ အခန်းထဲ ဝင်လာတာ သိလိုက်ရတဲ့အခါ Prasetyo ရဲ့ ခင်ပွန်း အသက် ၂၈ နှစ်အရွယ် သြစီ စာဖိုမှူး Marcus Volke က မှန်တံခါးကို ခွဲပြီး အောက် ထပ်ပေါ် ခုန်ချ ထွက်ပြေးကာ သူ့လည်ပင်းသူ ဖြတ်ပြီး အဆုံး စီရင်သွားခဲ့တယ်လို့ International Business Times သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ စာဖိုမှူးဟာ သူ့မိန်းမရဲ့ အသားတွေကို ချက်ပြုတ်ပြီး စားသောက်မှု ရှိ၊ မရှိ တော့ သတင်းမှာ မတွေ့ရပါဘူး။  

လိင်ပြောင်းထားတဲ့ Prasetyo ဟာ တချိန်က လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ နာမည်ကြီးခဲ့သူလို့လည်း သတင်းတွေက ဆိုပါတယ်။ 

Prasetyo နဲ့ Marcus တို့ဟာ မနှစ်က နိုဝင်ဘာလ က အကျဉ်းရုံး စေ့စပ်ခဲ့တဲ့ အကြောင်း ဖေ့စ်ဘုတ်ပေါ် အသိပေးခဲ့တာလို့ ဆိုပါတယ်။ 

 ဧရာဝတီ BLOG

No comments:

Post a Comment