Monday 27 October 2014

မဲရုံတာဝန်ကို အစိုးရဝန်ထမ်းများမဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်းများကိုပါ အချိုးကျကျ တာဝန်ပေးအပ်မည်ဆိုပါက တရားမျှတ၍ လွတ်လပ်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟု နိုင်ငံရေး ပါတီများပြောကြား

Photo: မဲရုံတာဝန်ကို အစိုးရဝန်ထမ်းများမဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်းများကိုပါ
အချိုးကျကျ တာဝန်ပေးအပ်မည်ဆိုပါက တရားမျှတ၍ လွတ်လပ်မှုရှိသော
ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟု နိုင်ငံရေး ပါတီများပြောကြား
Monday, October 27, 2014

၂ဝ၁၅ ရွေးကောက်ပွဲတွင် အစိုးရဝန်ထမ်း များကိုသာ မဲရုံတာဝန်များအားလုံးပေးအပ်မထားဘဲ အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ၊ အများယုံကြည်လေးစားမှုရရှိထားသူများကိုပါ အချိုးကျကျတာဝန်ပေးအပ်မည်ဆိုပါက ရွေးကောက်ပွဲသည် တရားမျှတ၍ လွတ်လပ်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟုနိုင်ငံ ရေးပါတီများ အထူးသဖြင့် တိုင်းရင်းသားပါတီများက ပြောကြားလိုက်သည်။

၂ဝ၁၅ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ်(သို့မဟုတ်) ဒီဇင်ဘာပထမပတ် တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအဖွဲ့များကို အစိုးရ ဝန်ထမ်းဆရာ၊ ဆရာမများကိုသာ တာဝန်အားလုံးမပေးအပ်ဘဲ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေအတိုင်းလုပ်ဆောင်ရန် နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)သို့ အကြံပြုတင်ပြခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးစုများတိုးတက်ရေးပါတီမှ ဦးဆန်လှေးမန်က
''မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ပညာရေးမှူးတို့ရဲ့ဆရာ၊ ဆရာမတွေအပေါ်မှာ သြဇာလွှမ်းမိုးမှုဟာ တော်တော်ကိုကြီးမားတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ တွေတုန်းက မဲရုံစောင့်တဲ့ပညာရေးဝန်ထမ်းတွေရဲ့အပြုအမူတချို့ကိုတွေ့ခဲ့ ရတယ်။ သက်ဆိုင်ရာကိုတိုင်ဖို့လုပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတိုင်ဖြစ်ခဲ့ဘူး။ ဒါတွေဟာ သူတို့အပေါ် အဖွဲ့အစည်းရဲ့သြဇာကြောင့်ဖြစ်လာ ရတာတွေပဲ။

ဒါကြောင့် မဲရုံမှာ သမာသမတ်ရှိသူ တွေ ပါဝင်ဖို့ ကျွန်တော်တို့ တောင်း ဆိုရတာဖြစ်တယ်''ဟုပြောသည်။

ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲဥပဒေအပိုဒ် ၃၉ တွင် နိုင်ငံ့ဝန်ထမ်း များထဲမှ သင့်တော်သူများကို မဲရုံ မှူးများအဖြစ် ခန့်အပ်ရမည်ဟုဖော်ပြ ထားသည်။

ထို့ပြင် မဲရုံအဖွဲ့များကို ဖြစ်နိုင် သရွေ့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသ ခံအများပြည်သူတို့၏ ယုံကြည်လေး စားခြင်းခံရပြီး မဲစာရင်းတစ်ခုခုတွင် ပါရှိသော နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူများ နှင့် သတ်မှတ်ထားသည့်အတိုင်း ဖွဲ့ စည်းတာဝန်ပေးအပ်ရမည်ဟု ပါရှိ သည်။

မဲရုံတွင် third party ဟု ခေါ် သော အရပ်ဘက်အဖွဲ့အစည်း များ၊ ရပ်မိရပ်ဖများ၊ အများယုံကြည် လေး စားခံရသူများပါဝင်ဖို့ လိုသည်ဆို သော်လည်း ထိုသူများအနေဖြင့် မဲရုံ နှင့်ပတ်သက်၍ နားလည်တတ်ကျွမ်း သော ပညာတတ်များ ဖြစ်သင့် ကြောင်း နိုင်ငံရေးပါတီများနှင့် အ ရပ်ဘက် အဖွဲ့အစည်းများက အကြံ ပြုထားသည်။

ဦးဆန်လှေးမန်က ''အစိုးရဝန် ထမ်းမဟုတ်တော့တဲ့ ပင်စင်စားမျိုး၊ ဒါမှမဟုတ်ရင်လဲ ရပ်ရွာထဲမှာအများ ယုံကြည်မှုရှိပြီးသား ခေါင်းဆောင်လို လူမျိုးတွေ ပါသင့်တယ်''ဟုဆိုသည်။

ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေးနှင့် မဲဆန္ဒရှင် ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသော New Myanmar Foundation မှ မမြနန္ဒာက ''အရပ်ဘက်အဖွဲ့အစည်း တွေပါဝင်လာရင်၊ အများယုံကြည်မှု ရထားသူတွေပါဝင်လာရင် ပြဿနာ တွေဟာ ပြေလည်သွားနိုင်တဲ့သဘော မှာရှိတယ်''ဟုပြောသည်။

UEC ၏ရှေ့ပြေးမဲဆန္ဒရှင်စာ ရင်းဖြည့်သွင်းပြုစုခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သော New Myanmar Foundation အနေဖြင့်လည်း မဲရုံ များတွင် အရပ်ဘက်အဖွဲ့အစည်း များနှင့် သမာသမတ်ရှိပြီး ဘက်မ လိုက်သူများ ထည့်သွင်းဆောင်ရွက် ရန် အကြံပြုချက်များကို ၂ဝ၁၃ခုနှစ် က UEC သို့ တင်ပြခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ''မဲ ရုံမှူးများကို ဝန်ထမ်းများကိုခန့်အပ် ရမယ်လို့ ဒါက ဥပဒေရှိနေတယ်။ဥပဒေဖြစ်တဲ့အတွက်ကြောင့် ဘဘ တို့က ဥပဒေကို ဘယ်လိုမှလုပ်လို့မရ ဘူး။ ဥပဒေမှာရှိပြီးသားမို့လို့ ဘဘ တို့က ဥပဒေကိုကျော်လွန်ပြီး လုပ် လို့မရပါဘူး''ဟု ပြောသည်။

မဲရုံတာဝန်များကို ရယူထား သည့် ဆရာ၊ ဆရာမများအနေဖြင့် လည်း မဲရုံနှင့်သက်ဆိုင်သည့် ဥပဒေ များကို နားလည်သိရှိရန်လိုအပ်ပြီး ဥပဒေအတိုင်း လိုက်နာကျင့်သုံးရန် လိုအပ်သည်ဟု New Myanmar Foundation က ထောက်ပြပြောဆို သည်။

''သက်ဆိုင်ရာမဲရုံအလိုက် ဆန္ဒ မဲပေးခြင်းပြီးပြတ်ပါက မဲရုံမှူးကိုယ် တိုင်ဖြစ်စေ၊ မဲရုံမှူးကတာဝန်ပေးအပ် ထားသော မဲရုံအဖွဲ့ဝင်ကဖြစ်စေ မဲ ရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ် စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်''ဟု ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအခန်း(၁ဝ)တွင် ဖော်ပြထားသည်။

''ကျွန်မတို့ လေ့လာစောင့်ကြည့် ခဲ့တဲ့၂ဝ၁ဝနဲ့ ၂ဝ၁၂ခုနှစ်ရွေးကောက် ပွဲအတွေ့အကြုံအရဆိုရင် မဲရုံမှူး တွေဟာ ရွေးကောက်ပွဲဥပဒေကိုမသိ တာမျိုးတွေ တွေ့ရတယ်။ ဥပမာ- မဲရေတဲ့အခါမှာ အများပြည်သူတွေ အနေနဲ့ ကြည့်ခွင့်ရှိတယ်ဆိုတာကို မသိတော့ ရပ်ကွက်ထဲကလူတွေလာ ကြည့်တဲ့အခါမျိုးမှာ မောင်းထုတ်တာ မျိုး၊ အထက်က ညွှန်ကြားထားလို့ဆို တာမျိုးတွေ တွေ့ရတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လဲ ဖိအားပေးမှု မရှိဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးဖြစ် သင့်တယ်''ဟုမမြနန္ဒာကပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းညွန့် လွင်က ''ဆရာ၊ ဆရာမတွေကျတော့ ရေတာတွက်တာ ပိုကောင်းတယ်။မမှားနိုင်ဘူးပေါ့။ ဒါပေမဲ့ အရပ်ဘက် က သမာသမတ်ရှိသူတွေပါတဲ့အခါ ကျတော့ ပိုပြီးမျှတတာပေါ့။ အဲဒီသူ ကလဲ စေ့စပ်သေချာသူဖြစ်ဖို့တော့လို တယ်''ဟု ပြောသည်။

အောက်တိုဘာ ၂၁ရက်က ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် နိုင်ငံ ရေးပါတီများနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တို့ ရွေးကောက် ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက် မှုအစည်းအဝေးတွင် တိုင်းရင်းသား ပါတီအများစုက အစိုးရဝန်ထမ်းများ မဲရုံအဖွဲ့များနှင့်ပတ်သက်၍ တင်ပြ ခဲ့ကြခြင်းဖြစ်သည်။ 

Yangon Media Group
၂ဝ၁၅ ရွေးကောက်ပွဲတွင် အစိုးရဝန်ထမ်း များကိုသာ မဲရုံတာဝန်များအားလုံးပေးအပ်မထားဘဲ အစိုးရ မဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ၊ အများယုံကြည်လေးစားမှုရရှိထားသူများကိုပါ အချိုးကျကျ တာဝန်ပေးအပ်မည်ဆိုပါက ရွေးကောက်ပွဲသည် တရားမျှတ၍ လွတ်လပ်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟုနိုင်ငံ ရေးပါတီများ အထူးသဖြင့် တိုင်းရင်းသားပါတီ များက ပြောကြား လိုက်သည်။
၂ဝ၁၅ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ်(သို့မဟုတ်) ဒီဇင်ဘာပထမပတ်တွင် ကျင်းပမည့် အထွေထွေရွေးေ ကာက် ပွဲကြီးတွင် မဲရုံအဖွဲ့များကို အစိုးရ ဝန်ထမ်းဆရာ၊ ဆရာမများကိုသာ တာဝန်အားလုံး မပေး အပ်ဘဲ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေအတိုင်းလုပ်ဆောင် ရန် နိုင်ငံရေးပါတီများက ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် (UEC)သို့ အကြံပြုတင်ပြခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးစုများတိုးတက်ရေးပါတီမှ ဦးဆန်လှေးမန်က ''မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ပညာရေးမှူးတို့ရဲ့ ဆရာ၊ ဆရာမတွေအပေါ်မှာ သြဇာလွှမ်းမိုးမှုဟာ တော်တော်ကိုကြီးမားတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ တွေ တုန်းက မဲရုံစောင့်တဲ့ပညာရေးဝန်ထမ်းတွေရဲ့အပြုအမူတချို့ကိုတွေ့ခဲ့ ရတယ်။ သက်ဆိုင်ရာကို တိုင်ဖို့ လုပ်ပေ မယ့် အကြောင်းအမျိုးမျိုးကြောင့် မတိုင်ဖြစ်ခဲ့ဘူး။ ဒါတွေဟာ သူတို့အပေါ် အဖွဲ့အစည်းရဲ့သြ ဇာကြောင့်ဖြစ် လာ ရတာတွေပဲ။

ဒါကြောင့် မဲရုံမှာ သမာသမတ်ရှိသူ တွေ ပါဝင်ဖို့ ကျွန်တော်တို့ တောင်း ဆိုရတာဖြစ်တယ်''ဟုပြောသည်။

ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲဥပဒေအပိုဒ် ၃၉ တွင် နိုင်ငံ့ဝန်ထမ်း များထဲမှ သင့်တော်သူများကို မဲရုံ မှူးများအဖြစ် ခန့်အပ်ရမည်ဟုဖော်ပြ ထားသည်။

ထို့ပြင် မဲရုံအဖွဲ့များကို ဖြစ်နိုင် သရွေ့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသ ခံအများပြည်သူတို့၏ ယုံကြည်လေး စားခြင်းခံရပြီး မဲစာရင်းတစ်ခုခုတွင် ပါရှိသော နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူ များ နှင့် သတ်မှတ်ထားသည့်အတိုင်း ဖွဲ့ စည်းတာဝန်ပေးအပ်ရမည်ဟု ပါရှိ သည်။

မဲရုံတွင် third party ဟု ခေါ် သော အရပ်ဘက်အဖွဲ့အစည်း များ၊ ရပ်မိရပ်ဖများ၊ အများယုံကြည် လေး စားခံရသူများပါဝင်ဖို့ လိုသည်ဆို သော်လည်း ထိုသူများအနေဖြင့် မဲရုံ နှင့်ပတ်သက်၍ နားလည်တတ် ကျွမ်း သော ပညာတတ်များ ဖြစ်သင့် ကြောင်း နိုင်ငံရေးပါတီများနှင့် အ ရပ်ဘက် အဖွဲ့အစည်းများက အကြံ ပြုထားသည်။

ဦးဆန်လှေးမန်က ''အစိုးရဝန် ထမ်းမဟုတ်တော့တဲ့ ပင်စင်စားမျိုး၊ ဒါမှမဟုတ်ရင်လဲ ရပ်ရွာထဲမှာအများ ယုံကြည်မှုရှိပြီးသား ခေါင်းဆောင်လို လူမျိုးတွေ ပါသင့်တယ်''ဟုဆိုသည်။

ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေးနှင့် မဲဆန္ဒရှင် ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသော New Myanmar Foundation မှ မမြနန္ဒာက ''အရပ်ဘက်အဖွဲ့အစည်း တွေပါဝင်လာရင်၊ အများယုံကြည်မှု ရထားသူတွေပါဝင်လာရင် ပြဿနာ တွေဟာ ပြေလည်သွားနိုင်တဲ့သဘော မှာရှိတယ်''ဟုပြောသည်။

UEC ၏ရှေ့ပြေးမဲဆန္ဒရှင်စာ ရင်းဖြည့်သွင်းပြုစုခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သော New Myanmar Foundation အနေဖြင့်လည်း မဲရုံ များတွင် အရပ်ဘက်အဖွဲ့အစည်း များနှင့် သမာသမတ်ရှိပြီး ဘက်မ လိုက်သူများ ထည့်သွင်းဆောင်ရွက် ရန် အကြံပြုချက်များကို ၂ဝ၁၃ခုနှစ် က UEC သို့ တင်ပြခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ''မဲ ရုံမှူးများကို ဝန်ထမ်းများကိုခန့်အပ် ရမယ် လို့ ဒါက ဥပဒေရှိနေတယ်။ဥပဒေဖြစ်တဲ့အတွက်ကြောင့် ဘဘ တို့က ဥပဒေကို ဘယ်လိုမှလုပ်လို့မရ ဘူး။ ဥပဒေမှာရှိပြီးသားမို့လို့ ဘဘ တို့က ဥပဒေကိုကျော်လွန်ပြီး လုပ် လို့မရပါဘူး''ဟု ပြောသည်။

မဲရုံတာဝန်များကို ရယူထား သည့် ဆရာ၊ ဆရာမများအနေဖြင့် လည်း မဲရုံနှင့်သက်ဆိုင်သည့် ဥပဒေ များကို နားလည်သိရှိရန်လိုအပ်ပြီး ဥပဒေအတိုင်း လိုက်နာကျင့်သုံးရန် လိုအပ်သည်ဟု New Myanmar Foundation က ထောက်ပြပြောဆို သည်။

''သက်ဆိုင်ရာမဲရုံအလိုက် ဆန္ဒ မဲပေးခြင်းပြီးပြတ်ပါက မဲရုံမှူးကိုယ် တိုင်ဖြစ်စေ၊ မဲရုံမှူးကတာဝန်ပေးအပ် ထားသော မဲရုံအဖွဲ့ဝင်ကဖြစ်စေ မဲ ရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ် စားလှယ်များနှင့် အများပြည်သူ တို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်''ဟု ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၁ဝ)တွင် ဖော်ပြထားသည်။

''ကျွန်မတို့ လေ့လာစောင့်ကြည့် ခဲ့တဲ့၂ဝ၁ဝနဲ့ ၂ဝ၁၂ခုနှစ်ရွေးကောက် ပွဲအတွေ့အကြုံအရဆိုရင် မဲရုံမှူး တွေဟာ ရွေးကောက်ပွဲဥပဒေကိုမသိ တာမျိုးတွေ တွေ့ရတယ်။ ဥပမာ- မဲရေတဲ့အခါမှာ အများပြည် သူတွေ အနေနဲ့ ကြည့်ခွင့်ရှိတယ်ဆိုတာကို မသိတော့ ရပ်ကွက်ထဲကလူတွေလာ ကြည့်တဲ့အခါမျိုး မှာ မောင်း ထုတ်တာ မျိုး၊ အထက်က ညွှန်ကြားထားလို့ဆို တာမျိုးတွေ တွေ့ရတယ်။ ဆရာ၊ ဆရာမတွေ အနေနဲ့ လဲ ဖိအားပေးမှု မရှိဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးဖြစ် သင့်တယ်''ဟုမမြနန္ဒာကပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းညွန့် လွင်က ''ဆရာ၊ ဆရာမတွေကျတော့ ရေတာ တွက်တာ ပိုကောင်းတယ်။မမှားနိုင်ဘူးပေါ့။ ဒါပေမဲ့ အရပ်ဘက် က သမာသမတ်ရှိသူတွေပါတဲ့အခါ ကျတော့ ပိုပြီးမျှတတာပေါ့။ အဲဒီသူ ကလဲ စေ့စပ်သေချာသူဖြစ်ဖို့တော့လို တယ်''ဟု ပြောသည်။

အောက်တိုဘာ ၂၁ရက်က ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် နိုင်ငံ ရေးပါတီများနှင့် ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်တို့ ရွေးကောက် ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက် မှုအစည်းအဝေးတွင် တိုင်းရင်းသား ပါတီအများစုက အစိုးရဝန်ထမ်းများ မဲရုံအဖွဲ့များနှင့်ပတ်သက်၍ တင်ပြ ခဲ့ကြခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment