Sunday 26 October 2014

မြန်မာ ယူ-၁၉ ဘောလုံးအသင်း နယူဇီလန်နှင့် ဂျာမနီ နိုင်ငံတွင် လေ့ကျင့်မှုများ သွားရောက် ပြုလုပ်မည်

မြန်မာယူ-၁၉ ဘောလုံးအသင်းသည် ၂ဝ၁၅ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ယူ-၂ဝကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ် ၍ နယူးဇီလန်နှင့် ဂျာမနီ နိုင်ငံတွင် လေ့ကျင့်မှုများ သွားရောက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
''နယူးဇီလန်နဲ့ ဂျာမနီ နိုင်ငံတွေမှာ လေ့ကျင့်မှုတွေ သွားရောက် ပြုလုပ်မှာပါ။ နှစ်နိုင်ငံပေါင်းကို အနည်းဆုံး တစ်လခွဲ လောက်ကြာမှာပါ။ ပြိုင်ပွဲကလဲ ကျင်းပဖို့ အချိန် သိပ်မလိုတော့ တာကြောင့် ဒီကြားထဲမှာ သွားရောက် လေ့ကျင့်မှုပြု လုပ်မှာပါ။ မြန်မာယူ-၁၉ ဘောလုံး အသင်း အဲဒီခရီးစဉ် ကနေ ပြန်လာရင် သိသိသာသာ ခြေစွမ်း တက်လာ အုံးမှာပါ''ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြန်မာယူ-၁၉ ဘောလုံး အသင်းသည်နယူးဇီလန် နိုင်ငံတွင် လေ့ကျင့်မှုများ သွားရောက်ပြုလုပ်စဉ် ချစ်ကြည်ရေး ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ချစ်ကြည်ရေး ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာတွင် နယူးဇီလန် ယူ-၁၉ ဘောလုံးအသင်း အပါအဝင် နယူးဇီလန်နိုင်ငံရှိ ကလပ်အသင်းများနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွား မည်ဖြစ်သည်။

ထို့ပြင် မြန်မာ ယူ-၁၉ ဘောလုံးအသင်းသည် အဆိုပါ လေ့ကျင့်ရေး ခရီးစဉ်တွင် နည်းပြ အဖွဲ့ဝင် အားလုံးနှင့် ကစားသမား အစုံအလင် ခေါ်ဆောင် သွားမည်ဖြစ် ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment