Monday 27 October 2014

ကွယ်လွန်သွားပြီ ဖြစ်သော်လည်း ပရိသတ်များ အပေါ် လွှမ်းမိုးနိုင်မှု ရှိနေဆဲ ဂျွန်လင်နွန်

Photo: ကွယ်လွန်သွားပြီ ဖြစ်သော်လည်း ပရိသတ်များ အပေါ် လွှမ်းမိုးနိုင်မှု ရှိနေဆဲ ဂျွန်လင်နွန်
Monday, October 27, 2014

နယူးယော့ခ်၊ အောက်တိုဘာ ၂၇။ အင်္ဂလိပ် ရော့ခ်ဂီတ အဖွဲ့ “The Beatles” အဖွဲ့ဝင် တစ်ဦးဖြစ်သူ အဆိုတော် ဂျွန်လင်နွန် ရေးသား ခဲ့သည့် စာတစ်စောင်ကို အောက်တိုဘာလ ၂၃ ရက်က ပြုလုပ်ခဲ့ သည့် လေလံပွဲ တစ်ခုတွင် ဒေါ်လာ နှစ်သောင်း ရှစ်ထောင်ဖြင့် ရောင်းချ ခဲ့သည်။

၁၉၇၁ ခုနှစ်က ရေးသားခဲ့သည့် အဆိုပါ စာကို ဂျွန်လင်နွန်က အမေရိကန် ရုပ်သံ အစီအစဉ်မှူး ဂျိုးဖရန်ကလင်းဆီ ရေးသား ခဲ့ခြင်း ဖြစ်ပြီး စာထဲတွင် ဇနီးဖြစ်သူ ဂျပန်လူမျိုး အဆိုတော် ယိုကိုအိုနို၏ ဂီတ အရည်အသွေးကို ချီးမွန်းခန်း ဖွင့်ထားကာ ဇနီး ဖြစ်သူ၏ နောက်ဆုံးထွက် အယ်လ်ဘမ်ကို နားထောင်ရန် ဂျိုးကို ညွှန်းခဲ့သည်။

မန်ဆာချူးဆက် ပြည်နယ်၊ ဘော်စတွန် မြို့တွင် ပြုလုပ်ခဲ့သည့် လေလံပွဲတွင် အဆိုပါ စာကို ဒေါ်လာ နှစ်သောင်း ရှစ်ထောင်ဖြင့် ရောင်းချ နိုင်ခဲ့သည်။ အဆိုပါ လေလံပွဲတွင် ဂျွန်လင်နွန်၏ စာအပြင် အခြား အနုပညာရှင် များ၏ အမှတ်တရ ပစ္စည်းများ ကိုလည်း ရောင်းချခဲ့သည်။

Ref: Contact Music
Mizzima - News in Burmese
နယူးယော့ခ်၊ အောက်တိုဘာ ၂၇။ အင်္ဂလိပ် ရော့ခ်ဂီတ အဖွဲ့ “The Beatles” အဖွဲ့ဝင် တစ်ဦးဖြစ်သူ အဆိုတော် ဂျွန်လင်နွန် ရေးသား ခဲ့သည့် စာတစ်စောင်ကို အောက်တိုဘာလ ၂၃ ရက်က ပြုလုပ်ခဲ့သည့် လေလံပွဲ တစ်ခုတွင် ဒေါ်လာ နှစ်သောင်း ရှစ်ထောင်ဖြင့် ရောင်းချ ခဲ့သည်။

၁၉၇၁ ခုနှစ်က ရေးသားခဲ့သည့် အဆိုပါစာကို ဂျွန်လင်နွန်က အမေရိကန်ရုပ်သံ အစီအစဉ်မှူး ဂျိုးဖရန် ကလင်းဆီ ရေးသားခဲ့ခြင်း ဖြစ်ပြီး စာထဲတွင် ဇနီးဖြစ်သူ ဂျပန်လူမျိုး အဆိုတော် ယိုကိုအိုနို၏ ဂီတ အရည် အသွေးကို ချီးမွန်းခန်း ဖွင့်ထားကာ ဇနီး ဖြစ်သူ၏ နောက်ဆုံးထွက် အယ်လ်ဘမ်ကို နားထောင်ရန် ဂျိုးကို ညွှန်းခဲ့ သည်။

မန်ဆာချူးဆက် ပြည်နယ်၊ ဘော်စတွန် မြို့တွင် ပြုလုပ်ခဲ့သည့် လေလံပွဲတွင် အဆိုပါ စာကို ဒေါ်လာ နှစ်သောင်း ရှစ်ထောင်ဖြင့် ရောင်းချ နိုင်ခဲ့သည်။ အဆိုပါ လေလံပွဲတွင် ဂျွန်လင်နွန်၏ စာအပြင် အခြား အနုပညာရှင် များ၏ အမှတ်တရ ပစ္စည်းများ ကိုလည်း ရောင်းချခဲ့သည်။

Ref: Contact Music
Mizzima - News in Burmese 

No comments:

Post a Comment