Monday 27 October 2014

တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ်သိန်းရာချီဈေးပေါက်ပြီး အရောင်းသွက်

Photo: တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ်သိန်းရာချီဈေးပေါက်ပြီး အရောင်းသွက်
Monday, October 27, 2014

 ဟိုတယ်ဇုန်စီမံကိန်း နှင့် မြေကွက်ဝယ်ယူစုဆောင်းမှု များကြောင့် တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ် သိန်းရာချီ ဈေးပေါက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းအနီးရှိ လယ်ယာမြေများမှာ မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀နှင့် ကျပ်သိန်း ၅၀၀ ကြား ဈေးပေါက်ကာ အရောင်းအ၀ယ်သွက်နေသ လို ဈေးနှုန်းများမှာလည်း လွန်ခဲ့ သည့် ခြောက်လခန့်ကထက် နှစ် ဆနီးပါး   မြင့်တက်လာသည်ဟု တံတားဦးမြို့မှ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။

‘‘ဟိုတယ်ဇုန်က မကြာခင် ဆောက်တော့မှာဆိုတော့ မြို့က လူတွေ လာဝယ်ကြတယ်။ ဗမာ တွေရော၊ တရုတ်တွေရော လာ ၀ယ်ကြတာ။ အခုဆိုရင် မြေယာ ၀ယ်ချင်တဲ့သူကများပြီး ရောင်းသူ မရှိဘူးဖြစ်နေတယ်’’ဟု တံတား ဦးမြို့မှ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ တင်ကာ တံတားဦးမြို့နယ်အ တွင်းရှိ လယ်ယာမြေများ အ ရောင်းအ၀ယ်သွက်နေခြင်း ဖြစ်ပြီးရန်ကုန်-မန္တလေးအမြန်လမ်းမ ဘေးနှင့် ဟိုတယ်ဇုန်စီမံကိန်းအနီး ၀န်းကျင်ရှိ  လယ်ယာမြေများကို မန္တလေးမြို့မှ ငွေကြေးတတ်နိုင် သူများက ၀ယ်ယူထားကြသည်ဟု ဒေသခံများက ပြောသည်။

လမ်းမကြီးများနှင့် အနီးအ ဝေး၊ မြေနေရာအကွက်အကွင်း ကောင်းမှုအပေါ် မူတည်ကာ လယ်ယာမြေဈေးနှုန်းများကွာခြားပြီး တံတားဦးမြို့နယ်အတွင်းရှိ လယ် ယာမြေများတွင် မြေတစ်ဧကအ နိမ့်ဆုံးဈေး ကျပ်သိန်း ၁၀၀ ခန့် ဈေးပေါက်သည်ဟု ဒေသခံများ က ပြောသည်။

‘‘ရန်ကုန်-မန္တလေးအမြန် လမ်းမဘေးနဲ့ ကျောက်စိမ်းဈေး သစ်အနီးက လယ်ယာမြေတွေဆို ရင် တစ်ဧကသိန်းတစ်သောင်း ကျော် ပေါက်ဈေးရှိတယ်။ စစ် ကိုင်း-မြစ်ငယ်လမ်းဘေးက မြေ တွေလည်း တစ်ဧကသောင်းချီ ဈေးပေါက်တယ်။ သူဌေးတွေက ၀ယ်ထားပြီး ပြန်မရောင်းတော့ ဘူး။ အခုလည်း တရုတ်တွေက ဧရာဝတီမြစ်ဘေး   တံတားဦး မြို့နယ်ထဲက လယ်ယာမြေတွေ ကို ဈေးကောင်းပေးလိုက်ဝယ်နေ တယ်’’ဟု ဒေသခံအိမ်ခြံမြေအ ကျိုးဆောင်တစ်ဦးက ပြောသည်။

တံတားဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနဖူးရှိ လယ်ယာမြေများမှာ တစ်ဧကလျှင်ကျပ်သိန်း တစ်ထောင်ခန့်အထိ ဈေးပေါက် နေသည်ဟု ဆိုသည်။ လယ်ယာ မြေများအရောင်းအ၀ယ်ပြုလုပ် ရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ ပိုင်ဆိုင်မှုအထောက် အထားအဖြစ် ထုတ်ပေးသည့် ပုံစံ (၇)၊ ပုံစံ (၁၀၅)တို့ဖြင့် အရောင်းအ၀ယ်ပြုလုပ်ကြခြင်းဖြစ်သည် ဟု ဆိုသည်။တံတားဦးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင်အိမ်ခြံမြေ ပွဲစားဝိုင်းများရှိပြီး နေ့စဉ်အရောင်းအ၀ယ်ပြုလုပ်နေသူ များရှိကြောင်း  ဒေသခံအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

တံတားဦးမြို့နှင့် ဆက်စပ် နေသည့် ငါန်းဇွန်မြို့နယ် မြို့သာ စီမံကိန်းအနီးရှိ မြေကွက်များမှာ လည်း ဈေးနှုန်းမြင့်တက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း သတင်းရရှိသည်။

မြန်မာခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ သည် တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းကို တံတားဦးမြို့အနီးရှိ မြေ ဧက ၅၀၀၀ခန့်ပေါ်တွင် အကောင်အထည်ဖော်တည်ဆောက်ရန် စီ စဉ်နေသည်။ 

7Day DAILY 

တံတားဦးလေဆိပ်အနီးရှိလယ်ယာမြေအချို့ကိုဝေဟင်မှတွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
တံတားဦးလေဆိပ်အနီးရှိလယ်ယာမြေအချို့ကိုဝေဟင်မှတွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဟိုတယ်ဇုန်စီမံကိန်း နှင့် မြေကွက်ဝယ်ယူစုဆောင်းမှု များကြောင့် တံတားဦးမြို့နယ်ရှိ လယ်ယာမြေများ တစ်ဧကကျပ် သိန်းရာချီ ဈေးပေါက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းအနီးရှိ လယ်ယာမြေများမှာ မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀နှင့် ကျပ်သိန်း ၅၀၀ ကြား ဈေးပေါက်ကာ အရောင်းအ၀ယ်သွက်နေသ လို ဈေးနှုန်းများမှာလည်း လွန်ခဲ့ သည့် ခြောက်လ ခန့်က ထက် နှစ် ဆနီးပါး   မြင့်တက်လာသည်ဟု တံတားဦးမြို့မှ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦး က ပြော သည်။

‘‘ဟိုတယ်ဇုန်က မကြာခင် ဆောက်တော့မှာဆိုတော့ မြို့က လူတွေ လာဝယ်ကြတယ်။ ဗမာ တွေရော၊ တရုတ်တွေရော လာ ၀ယ်ကြတာ။ အခုဆိုရင် မြေယာ ၀ယ်ချင်တဲ့သူကများပြီး ရောင်းသူ မရှိဘူးဖြစ်နေ တယ်’’ ဟု တံတား ဦးမြို့မှ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ တံတားဦးမြို့နယ်အတွင်းရှိ လယ်ယာမြေများ အ ရောင်းအ၀ယ် သွက်နေခြင်း ဖြစ်ပြီးရန်ကုန်-မန္တလေးအမြန်လမ်းမ ဘေးနှင့် ဟိုတယ်ဇုန်စီမံကိန်းအနီး ၀န်းကျင်ရှိ  လယ် ယာမြေ များကို မန္တလေးမြို့မှ ငွေကြေးတတ်နိုင် သူများက ၀ယ်ယူထားကြသည်ဟု ဒေသခံများ က ပြော သည်။

လမ်းမကြီးများနှင့် အနီးအ ဝေး၊ မြေနေရာအကွက်အကွင်း ကောင်းမှုအပေါ် မူတည်ကာ လယ် ယာမြေဈေးနှုန်းများကွာခြားပြီး တံတားဦးမြို့နယ်အတွင်းရှိ လယ် ယာမြေများတွင် မြေတစ်ဧကအ နိမ့် ဆုံးဈေး ကျပ်သိန်း ၁၀၀ ခန့် ဈေးပေါက်သည်ဟု ဒေသခံများ က ပြောသည်။

‘‘ရန်ကုန်-မန္တလေးအမြန် လမ်းမဘေးနဲ့ ကျောက်စိမ်းဈေး သစ်အနီးက လယ်ယာမြေတွေဆို ရင် တစ်ဧက သိန်းတစ်သောင်း ကျော် ပေါက်ဈေးရှိတယ်။ စစ် ကိုင်း-မြစ်ငယ်လမ်းဘေးက မြေ တွေလည်း တစ်ဧကသောင်း ချီ ဈေးပေါက်တယ်။ သူဌေးတွေက ၀ယ်ထားပြီး ပြန်မရောင်းတော့ ဘူး။ အခုလည်း တရုတ်တွေက ဧရာဝတီမြစ်ဘေး   တံတားဦး မြို့နယ်ထဲက လယ်ယာမြေတွေ ကို ဈေးကောင်းပေးလိုက်ဝယ်နေ တယ်’’ဟု ဒေသခံအိမ်ခြံမြေအ ကျိုးဆောင်တစ်ဦးက ပြောသည်။

တံတားဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနဖူးရှိ လယ်ယာမြေများမှာ တစ်ဧကလျှင်ကျပ်သိန်း တစ်ထောင်ခန့် အထိ ဈေးပေါက် နေသည်ဟု ဆိုသည်။ လယ်ယာ မြေများအရောင်းအ၀ယ်ပြုလုပ် ရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ ပိုင်ဆိုင်မှုအထောက် အထားအဖြစ် ထုတ်ပေးသည့် ပုံစံ (၇)၊ ပုံစံ (၁၀၅)တို့ဖြင့် အရောင်းအ၀ယ်ပြုလုပ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။တံတားဦးမြို့ပေါ်နှင့် အနီးဝန်းကျင် ရှိ ကျေးရွာ များ တွင် အိမ်ခြံမြေ ပွဲစားဝိုင်းများရှိပြီး နေ့စဉ်အရောင်းအ၀ယ်ပြုလုပ်နေသူ များရှိကြောင်း  ဒေသ ခံ အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

တံတားဦးမြို့နှင့် ဆက်စပ် နေသည့် ငါန်းဇွန်မြို့နယ် မြို့သာစီမံကိန်းအနီးရှိ မြေကွက်များမှာ လည်း ဈေးနှု န်းမြင့် တက်ကာ အ ရောင်းအ၀ယ်သွက်နေကြောင်း သတင်းရရှိသည်။

မြန်မာခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ သည် တံတားဦးဟိုတယ်ဇုန်စီမံ ကိန်းကို တံတားဦးမြို့အနီးရှိ မြေ ဧက ၅၀၀၀ခန့်ပေါ်တွင် အကောင်အထည်ဖော်တည်ဆောက်ရန် စီ စဉ်နေသည်။

7Day DAILY

No comments:

Post a Comment