Monday 27 October 2014

မဲခေါင်ဒေသ စီးပွားရေးပြိုင်ပွဲသို့ မြန်မာစီးပွားရေးအသင်းနှစ်သင်း ယှဉ်ပြိုင်ခွင့်ရ

ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တွင် ကျင်းပပြုလုပ်မည့် မဲခေါင်ဒေသစီးပွားရေး ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေး အသင်း နှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ် လိုက်ကြောင်း ဆင်ဟွာ သတင်းဌာနက  ရေးသားထား သည်။
စတုတ္ထအကြိမ်မြောက် မြန်မာစီးပွားရေးပြိုင်ပွဲ ၂၀၁၄ တွင် ကျွမ်းကျင်အဆင့်ဖြင့် ဆုရရှိ ထားသော အဖွဲ့နှစ် ဖွဲ့ကို ၂၀၁၅ ခုနှစ် မတ်လ ၁၅ ရက်တွင် စတင် ကျင်းပမည့် မဲခေါင်ဒေသစီးပွား ရေးပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင် စေမည် ဖြစ် သည်။

မြန်မာစီးပွားရေးပြိုင်ပွဲတွင် ထိရောက်၍ ဈေးနှုန်းသက်သာ ရေသန့် စက် ခေါင်းစဉ်ဖြင့် ပထမ ဆု၊  အိမ်တိုင် ရာရောက်ကုန် ပစ္စည်းဖြန့်ဝေမှု စီးပွားရေးစတင် ထူထောင်ခြင်း  ခေါင်းစဉ်ဖြင့် ဒုတိယဆုရရှိခဲ့သော  အဖွဲ့တို့ သည် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်(ယူ နန်ခရိုင်)တို့မှ အသင်းတို့နှင့် ယှဉ် ပြိုင်ရမည် ဖြစ်သည်။


  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMF CCI) နှင့် နယ်စည်းမခြား နိုင်ငံတကာ ပညာရေး ထောက်ပံ့မှုဆိုင်ရာ ဂျပန်ဖောင် ဒေးရှင်းတို့ ပူးပေါ င်းဆောင် ရွက် ခဲ့သော မြန်မာ့စီးပွားရေးပြိုင်ပွဲ သည် မြန်မာလူငယ်စွန့်ဦးတီထွင် သူ မျိုးဆက်သစ် များ ပေါ် ထွက် လာရန် ရည်ရွယ်ထားကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment