Monday 27 October 2014

“နိုင်ငံရေးအသုံးချခံဖြစ်သွားလေပြီလားကိုပါကြီး”

ယနေ့အွန်လိုင်းမီဒီယာပေါ်မှာ လူပြောအများဆုံးအကြောင်းပြောပါဆိုလျှင် သတင်းထောက် ကိုပါကြီး(ခေါ်) ကိုအောင်နိုင် ကျော် ကိစ္စလို့ပဲပြော ရမည်ဖြစ် ပါသည်။ ကိုပါကြီးသေဆုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး ကျွမ်းကျင်သော ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်ပေးဖို့ ဒီမိုကရက်တစ်အဖွဲ့ အစည်းပေါင်း (၄၆)ဖွဲ့က အောက်တို ဘာ လ(၂၆)ရက်နေ့ ရက် စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည့်အပြင် ကိုကိုကြီး၊ မင်းကိုနိုင်၊ နေမျိုးဇင်တို့ကိုယ်တိုင် ဦးဆောင်၍ မြို့တော်ခန်းမရှေ့တွင် စုဝေးကာတောင်းဆိုခဲ့ ကြပါသည်။

ထိုသို့ကြေငြာချက် ထုတ်ပြန်ခြင်း၊ စုဝေးတောင်းဆိုခြင်းများနှင့် ပတ်သက်၍ သတင်းထောက် တစ်ယောက်သေဆုံးခြင်းဟာ နိုင်ငံရေးအသုံးချခံအဖြစ် ဖြစ်လာနေပြီလားဟု မေးခွန်းထုတ်စရာဖြစ်လာပါသည်။

ကြေငြာချက်တွင်ကိုပါကြီး သေဆုံးရခြင်း အား နိုင်ငံသားတစ်ဦးဖြစ်သူ ကိုပါကြီး(ခေါ်) ကိုအောင်နိုင်ကျော် သေဆုံးခြင်းအတွက်ဟု သုံးနှုန်းခြဲ့ပီး၊ ထိုကဲ့သို့ အသုံးအနှုန်း မျိုးကို သုံးစွဲခဲ့သည်ဆိုလျှင် လိပ်ကျွန်းလူသတ်မှုတွင် တရားစွဲခံထားရသည့် ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးမှာလည်း နိုင်ငံ သားတွေများ မဟုတ်ကြဘူးလားဟု မေးရမည်ဖြစ်ပါသည်။ နိုင်ငံသားချင်းအတူတူ ရွှေ့ပြောင်းအလုပ်သမားများ အရေးတွင် ယနေ့ထိတိုင် ပါဝင် ပက်သက်ခြင်း မရှိခြင်းမှာ ဒီမိုကရက်တစ်အင်အားစုများနှင့် အတိုက်အခံပါတီကြီးများမှာ ရိုးသားမှုရှိရဲ့ လားဟု ပြည်သူများစိတ်ထဲတွင် သံသယ၀င်လာကြပါသည်။ 

တစ်ချိန်တည်းမှာပင် ဖြူနှင်းထွေး တရားစွဲခံရသည့်အချိန်တွင် လိပ်ကျွန်းတွင် ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးမှာလည်း တရားစွဲခံထားရသည့်အချိန်ဖြစ်ပြီး၊ ထိုအခြေအနေတွင်လည်း ဒီမိုကရက်တစ်အင်အားစုများမှာ ဖြူနှင်းထွေး လွတ်မြောက် ရေးအတွက်သာ တောင်းဆိုပေးခဲ့ကြ၊ ကြေငြာချက်များထုတ်ပြန် ပေးခဲ့ကြပြီး အစွပ်စွဲခံ အလုပ်သမားနှစ်ဦးအတွက် ကိုမူ မည်သည့်အရေးတယူမှုမျိုးကိုမှ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခဲ့ကြပါ။ ထိုသို့ဆိုလျှင် ယနေ့ထက်တိုင် မတရားအစွပ်စွဲခံထားရ သည့် မြန်မာနိုင်ငံသားနှစ်ဦးမှာ ကျောင်းသားအရေးဆန္ဒပြခဲ့သည့် ဖြူနှင်းထွေးလောက် တန်ဖိုးမရှိဘူးလို့များ ဒီမိုကရေစီ အင်အားစုများက သတ်မှတ်ခဲ့ကြလေသည်လားဟု မေးမြန်းရမည်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံကိုယ်စားပြု၍ ထိပ်တိုက်ရင်ဆိုင်ရမယ့် အရေးများဆိုလျှင် နှုတ်ဆိတ်နေတတ်ပြီး ယခုကိုပါကြီးကိစ္စတွင်မှ လူထု ရှေ့ထွက်လာခြင်းသည် ဒီမိုကရေစီအင်အားစုများအနေဖြင့် ရိုးသားခဲ့ခြင်းမရှိဘဲ၊ ကိုယ်ကျိုးမဖက်ဘူးဟု မည်သူမျှမပြော နိုင်ဖြစ်ရပါသည်။ ဒီမိုကရေစီအင်အားစုများသည် အမှန်တကယ်ပင် နိုင်ငံသားတိုင်းအတွက် ရပ်တည်နေတာလား မိမိကိုယ် ကျိုးအတွက် နိုင်ငံတကာမြင်အောင် မျောက်ပြဆန်တောင်းနေတာလားဟုပင် မေးခွန်းထုတ်စရာဖြစ်ပါသည်။ 

အချုပ်ပြောရလျှင်ဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခကိစ္စများ၊ ရခိုင်-ဘင်္ဂါလီပဋိပက္ခများတွင် သေဆုံးခဲ့ရသည့် မြန်မာများနှင့် မလေးရှားတွင် အပြစ်မဲ့စွာ အသတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားများသည်လည်း ကိုပါကြီးနည်းတူ နိုင်ငံသားများပင် ဖြစ်ကြ ပါသည်။ ထိုကိစ္စများတွင် နှုတ်ဆိတ်နေခဲ့သော ဒီမိုအရေး ဆောင်ရွက်နေသူများ အနေဖြင့် ကိုပါကြီးကို အကြောင်းပြု၍ နိုင်ငံတကာမြင်အောင် လုပ်စားစရာတစ်ကွက်ရသွားပြီလည်းဖြစ်ပါသည်။ ကိုပါကြီး၏ကျန်ရစ်သူမိသားစု မျက်နှာကိုမျှ မထောက် ကိုယ်ကျိုးအတွက် အသုံးချခံဖြစ်ခဲ့ရသည့် ကိုပါကြီး အတွက် စိတ်မကောင်းကြီးစွာဖြစ်ရပြီး နောက်နောင် လူအဖြစ် ဆက်လက်ရှင်သန်ရဦးမည် ဆိုလျှင်လည်း မျောက်ပြဆန်တောင်း ဒီမိုလက်သစ်များ၏ရန်မှကင်းဝေးနိုင်ပါစေလို့ ဆုတောင်း လိုက်ရပါသည်။

မင်းညီခေတ်

No comments:

Post a Comment