Monday 27 October 2014

ရန်ကုန်မြို့အတွင်းရှိ စူပါမားကက်များနှင့် ဓာတ်ဆီဆိုင်များတွင် အီလက် ထရွန်နစ် စနစ်ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံနိုင်ရန်စီစဉ်

 Photo: ရန်ကုန်မြို့အတွင်းရှိ စူပါမားကက်များနှင့် ဓာတ်ဆီဆိုင်များတွင် အီလက် ထရွန်နစ် စနစ်ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံနိုင်ရန်စီစဉ်
Monday, October 27, 2014

ရန် ကုန်မြို့အတွင်းရှိ စူပါမားကက်များ နှင့် ဓာတ်ဆီဆိုင်များတွင် အီလက် ထရွန်နစ် စနစ်ဖြင့် ကုန်သွယ်လုပ် ငန်းခွန်ကောက်ခံနိုင်ရန် စီစဉ် ဆောင် ရွက်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူးဦးမင်းထွဋ် က ပြောသည်။

ယင်းကဲ့သို့ကောက်ခံနိုင်ရန် အတွက် အောက်တိုဘာ၂၄ရက်က ပြည်တွင်း အခွန်များ ဦးစီးဌာနရုံး တွင်ပြုလုပ်သည့် လုပ်ငန်းရှင်များ နှင့်တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ပြောခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန မှညွှန်ကြားရေးမှူး ဦးမင်းထွဋ်က
''စူပါမတ်ကက်တွေ၊ ဓာတ်ဆီဆိုင် တွေကို အီလက်ရွန်နစ်စက်တွေနဲ့ ကုန်သွယ်ခွန်ကောက်ခံဖို့အတွက် လက်ရှိမှာ ပုဂ္ဂလိကကုမ္ပဏီများနဲ့ ဆွေးနွေးနေပါတယ်''ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းအခွန် များဦးစီးဌာနအနေဖြင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊အောင်ဘာ လေထီအခွန်၊ တံဆိပ်ခေါင်းအခွန် စသည်ဖြင့် လေးမျိုးကောက်ခံ လျက်ရှိပြီး၊ ယခုဘဏ္ဍာနှစ်လက်ရှိ အချိန်တွင် ကျပ်ငွေ ဘီလီယံ ၁၈ဝဝ ကျော် ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ဦးမင်းထွဋ်က ''လက်ရှိမှာက စားသောက်ဆိုင်တွေကို အရင် စလုပ် တာပါ၊ ဒီစနစ်က အောင်မြင်သွားရင်၊ လုပ်ကိုင်မယ့်သူတွေကို တင်ဒါခေါ်ယူ သွားမယ်၊ ပြီးရင် စက်တွေတပ်ဆင် သွားမယ်၊ စက်တွေက သိပ်ပြီး အ ဆင်မပြေနိုင်ဘူး ဆိုရင်၊ ဒီအခွန်တံ ဆိပ်နှိပ်ပြီး ကောက်ခံတာကို တခြား လုပ်ငန်းတွေကိုပါ ဆက်လုပ်သွားမှာ ပါ''ဟု ယင်းကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ စား သောက်ဆိုင်များကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ ကုန်သွယ်ခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာနမှ ပြော ကြားထားသည်။

လမ်းမတော်မြို့နယ်မိသားစု စူပါမတ်မှ တာဝန်ရှိသူတစ်ဦးက ''ဝင်ငွေခွန်ကတော့ နှစ်တိုင်းပေး ဆောင်နေရပါတယ်။ ကုန်သွယ်လုပ် ငန်းခွန်က လက်ရှိရောင်းချနေတဲ့ ပစ္စည်းအမျိုးအစားပေါ်မှာ ဘယ် လို ကောက်ခံမယ်ဆိုတာတော့မသိ သေးဘူး''ဟုပြောသည်။

ယခု ဘဏ္ဍာနှစ်အတွက် အ ခွန်ကောက်ခံမှုကို ကျပ်ဘီလီယံ လေး ထောင်ကျော်ရရှိမည်ဟု ဘဏ္ဍာ အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

Yangon Media Group
ရန်ကုန်မြို့အတွင်းရှိ စူပါမားကက်များ နှင့် ဓာတ်ဆီဆိုင်များတွင် အီလက် ထရွန်နစ် စနစ်ဖြင့် ကုန်သွယ်လုပ် ငန်းခွန်ကောက်ခံနိုင်ရန် စီစဉ် ဆောင် ရွက်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမင်းထွဋ် က ပြောသည်။
ယင်းကဲ့သို့ကောက်ခံနိုင်ရန် အတွက် အောက်တိုဘာ၂၄ရက်က ပြည်တွင်း အခွန်များ ဦးစီးဌာနရုံး တွင်ပြုလုပ်သည့် လုပ်ငန်းရှင်များ နှင့်တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ပြောခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန မှညွှန်ကြားရေးမှူး ဦးမင်းထွဋ်က
''စူပါမတ်ကက်တွေ၊ ဓာတ်ဆီဆိုင် တွေကို အီလက်ရွန်နစ်စက်တွေနဲ့ ကုန်သွယ်ခွန်ကောက်ခံဖို့အတွက် လက်ရှိမှာ ပုဂ္ဂလိကကုမ္ပဏီများနဲ့ ဆွေးနွေးနေပါတယ်''ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းအခွန် များဦးစီးဌာနအနေဖြင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ၊အောင်ဘာ လေထီ အခွန်၊ တံဆိပ်ခေါင်းအခွန် စသည်ဖြင့် လေးမျိုးကောက်ခံ လျက်ရှိပြီး၊ ယခုဘဏ္ဍာနှစ်လက်ရှိ အချိန်တွင် ကျပ်ငွေ ဘီလီယံ ၁၈ဝဝ ကျော် ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ဦးမင်းထွဋ်က ''လက်ရှိမှာက စားသောက်ဆိုင်တွေကို အရင် စလုပ် တာပါ၊ ဒီစနစ်က အောင်မြင်သွားရင်၊ လုပ်ကိုင်မယ့်သူတွေကို တင်ဒါခေါ်ယူ သွားမယ်၊ ပြီးရင် စက်တွေတပ်ဆင် သွားမယ်၊ စက်တွေက သိပ်ပြီး အ ဆင်မပြေနိုင်ဘူး ဆိုရင်၊ ဒီအခွန်တံ ဆိပ်နှိပ်ပြီး ကောက်ခံတာကို တခြား လုပ်ငန်းတွေကိုပါ ဆက်လုပ်သွားမှာ ပါ''ဟု ယင်းကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ စား သောက်ဆိုင်များကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ ကုန်သွယ်ခွန် ကောက်ခံ သွား မည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာနမှ ပြော ကြားထားသည်။

လမ်းမတော်မြို့နယ်မိသားစု စူပါမတ်မှ တာဝန်ရှိသူတစ်ဦးက ''ဝင်ငွေခွန်ကတော့ နှစ်တိုင်းပေး ဆောင်နေရ ပါတယ်။ ကုန်သွယ်လုပ် ငန်းခွန်က လက်ရှိရောင်းချနေတဲ့ ပစ္စည်းအမျိုးအစားပေါ်မှာ ဘယ် လို ကောက်ခံမယ်ဆိုတာတော့မသိ သေးဘူး''ဟုပြောသည်။

ယခု ဘဏ္ဍာနှစ်အတွက် အ ခွန်ကောက်ခံမှုကို ကျပ်ဘီလီယံ လေး ထောင်ကျော်ရရှိမည်ဟု ဘဏ္ဍာ အခွန် ဝန်ကြီး ဌာနက ထုတ်ပြန်ထား သည်။

Yangon Media Group

No comments:

Post a Comment