Monday 27 October 2014

အင်ဒို သမ္မတသစ်၏ အစိုးရ အဖွဲ့အား ကြေညာ၊ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးပါဝင်

Photo: အင်ဒို သမ္မတသစ်၏ အစိုးရ အဖွဲ့အား ကြေညာ၊ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးပါဝင်
Monday, October 27, 2014

အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒိုမှာ တတ်သိပညာရှင်များ အများစုပါဝင်သည့် ၎င်း၏ ကတ်ဘိနက် အဖွဲ့ကို ယမန်နေ့က ကြေညာခဲ့သည်ဟု သိရသည်။

ဝီဒိုဒို၏ အဆိုပါ ကတ်ဘိနက် အဖွဲ့တွင် ၀န်ကြီး ၃၄ ဦး ပါဝင်ပြီး ၁၅ ဦးမှာ ၎င်း အား ထောက်ခံသော နိုင်ငံရေးပါတီများမှဖြစ်ကာ ကျန် ၁၉ ဦးမှာ ယခင်အစိုးရ လက်ထက်တွင် ထမ်းဆောင်ခဲ့ဖူးသော ၀န်ကြီးများနှင့် တတ်သိပညာရှင်များ ဖြစ်ကြသည်။

ဘဏ္ဍာရေးဝန်ကြီး အဖြစ် ယခင် ဒုတိယ၀န်ကြီး  Bambang Brodjonegoro ကို ခန့်အပ်ခဲ့ပြီး၊ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ၀န်ကြီး အဖြစ် ယခင်အစိုးရ၏ သတင်း အချက်အလက် ၀န်ကြီးဟောင်း Sofyan Djalil အား ခန့်အပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးနေရာကိုမူ ယခင် နယ်သာလန်ဆိုင်ရာ အင်ဒိုနီးရှား သံ အမတ်ကြီး  Retno Lestary Priansari Marsudi ကို ခန့်အပ်ခဲ့ပြီး ၎င်းမှာ ထိုရာထူး ကို တာဝန်ယူသော ပထမဆုံး အမျိုးသမီး ၀န်ကြီး ဖြစ်လာမည်ဖြစ် သည်။ ၀ီဒိုဒိုကမူ

“ကျွန်တော်ဟာ ဒီကတ်ဘိနက် ကို အလုပ်လုပ်မယ့် ကတ်ဘိနက် အဖြစ် ကင်ပွန်းတပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဝီဒိုဒိုမှာ အင်ဒိုနီးရှား နိုင်ငံရေးနှင့် စီးပွားရေး ကျောထောက်နောက်ခံပြုထား သည့် အသိုင်း အ၀ိုင်း အပြင်ဘက် ပြည်သူများထဲမှ ပထမဆုံး သမ္မတဖြစ်လာ ခဲ့သူဖြစ်သည်။ ၀ီဒိုဒိုနှင့် ၎င်း၏ ကတ်ဘိနက် အဖွဲ့မှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

M-Media
အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒိုမှာ တတ်သိပညာရှင်များ အများစုပါဝင်သည့် ၎င်း၏ ကတ်ဘိနက် အဖွဲ့ကို ယမန်နေ့က ကြေညာခဲ့သည်ဟု သိရသည်။

ဝီဒိုဒို၏ အဆိုပါကတ်ဘိနက်အဖွဲ့တွင် ၀န်ကြီး ၃၄ ဦး ပါဝင်ပြီး ၁၅ ဦးမှာ ၎င်းအား ထောက်ခံသော နိုင်ငံရေး ပါတီများမှဖြစ်ကာ ကျန် ၁၉ ဦးမှာ ယခင်အစိုးရ လက်ထက်တွင် ထမ်းဆောင်ခဲ့ဖူးသော ၀န်ကြီးများနှင့် တတ်သိပညာရှင်များ ဖြစ်ကြသည်။

ဘဏ္ဍာရေးဝန်ကြီး အဖြစ် ယခင် ဒုတိယ၀န်ကြီး  Bambang Brodjonegoro ကို ခန့်အပ်ခဲ့ပြီး၊ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ၀န်ကြီး အဖြစ် ယခင်အစိုးရ၏ သတင်း အချက်အလက် ၀န်ကြီးဟောင်း Sofyan Djalil အား ခန့်အပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးနေရာကိုမူ ယခင် နယ်သာလန်ဆိုင်ရာ အင်ဒိုနီးရှား သံ အမတ်ကြီး  Retno Lestary Priansari Marsudi ကို ခန့်အပ်ခဲ့ပြီး ၎င်းမှာ ထိုရာထူး ကို တာဝန်ယူသော ပထမဆုံး အမျိုးသမီး ၀န်ကြီး ဖြစ်လာမည်ဖြစ် သည်။ ၀ီဒိုဒိုကမူ

“ကျွန်တော်ဟာ ဒီကတ်ဘိနက်ကို အလုပ်လုပ်မယ့် ကတ်ဘိနက်အဖြစ် ကင်ပွန်းတပ်ပါတယ်” ဟု ပြောကြား ခဲ့သည်။

ဝီဒိုဒိုမှာ အင်ဒိုနီးရှား နိုင်ငံရေးနှင့် စီးပွားရေး ကျောထောက်နောက်ခံပြုထား သည့် အသိုင်း အ၀ိုင်း အပြင် ဘက် ပြည်သူများထဲမှ ပထမဆုံး သမ္မတဖြစ်လာ ခဲ့သူဖြစ်သည်။ ၀ီဒိုဒိုနှင့် ၎င်း၏ ကတ်ဘိနက် အဖွဲ့မှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

M-Media 

No comments:

Post a Comment