Monday 27 October 2014

မန္တလေးမြို့သို့ ရေကြောင်းမှ ကုန်စည်စီးဆင်းမှု များပြားနေ၍ ဒီဇင်ဘာလတွင် Mobile Team များဖြင့် စစ်ဆေးအရေးယူမည်

စီး ပွားရေးလုပ်ငန်းများတွင် အချက်အ ချာကျသည့် မန္တလေးမြို့သို့ ကုန်စည် စီးဆင်းမှုသည် ကုန်းကြောင်းမှ ဝင် ရောက်မှုထက် ရေကြောင်းမှ ဝင် ရောက်မှု များပြားနေသောကြောင့် Mobile Team များဖြင့် နိုဝင်ဘာ တွင် ပညာပေးကာလအဖြစ် စတင် စစ်ဆေးအရေးယူမှုများ ဆောင်ရွက် တော့ မည်ဖြစ်ကြောင်း ကူး သန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
ဧရာဝတီမြစ်တစ်လျှောက် တ ရားမဝင်ကုန်သွယ်မှုများကို တရား မဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေး ဗဟိုကော်မတီ၊ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့ ခွဲ(မန္တလေး)၊ မြို့နယ် အထွေထွေ အုပ် ချုပ်ရေးမှူးရုံး ကုန်သည် များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ သ တင်းနှင့် ပြန်ကြားရေးရုံး တို့ပူးပေါင်း ၍ Mobile Team များဖြင့်တားဆီး ကာကွယ်မှုနှင့် ထိန်းသိမ်းမှုများ ဆောင်ရွက် သွားမည်ဖြစ် သည်။

နိုင်ငံတော်မှတားမြစ်ထားသည့် အရက်၊ စီးကရက်၊ ဘီယာ၊ ဝိုင် စသည့် တရားမဝင်ပစ္စည်းများ စစ်ဆေး တွေ့ရှိ ပါက အကောက်ခွန်ဥပဒေအ ရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ရာ ကုန်ပစ္စည်းများ ကို ခေတ္တသိမ်း ဆည်းထားပြီး ကုန်ပစ္စည်းအပေါ်မူ တည်၍ ဒဏ်ကြေးပေးဆောင် ကာ ပြန်လည်ရွေး ရမည်ဖြစ်သည်။ တရား မဝင်ကုန်ပစ္စည်းများအဖြစ် စစ်ဆေး တွေ့ရှိ ပါက ဥပဒေအတိုင်းအရေးယူ သွား မည်ဖြစ်ပြီး အဆိုပါပစ္စည်းများ ကို ဖျက်ဆီး သွားမည်ဖြစ်သည်။

မန္တလေးမြို့သို့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ရေကြောင်းဖြင့် ကုန်စည်ဝင်ရောက်မှု များပြားနေပြီး ပူးပေါင်းအဖွဲ့များဖြင့် ဒီဇင်ဘာလမှ စတင်၍ ထိရောက်စွာကွင်းဆင်းစစ် ဆေးအရေး ယူ ဆောင် ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

AXE
Yangon Media Group

No comments:

Post a Comment