Monday 27 October 2014

ခါကာဘိုရာဇီတောင်သို့ အောင်မြင်စွာ တက်ရောက်နိုင်သော အဖွဲ့ကို ဂုဏ်ပြုပွဲပြုလုပ်မည်

Photo: ခါကာဘိုရာဇီတောင်သို့ အောင်မြင်စွာ တက်ရောက်နိုင်သော အဖွဲ့ကို ဂုဏ်ပြုပွဲပြုလုပ်မည်
Monday, October 27, 2014

မြန်မာနိုင်ငံ၏ အမြင့်ဆုံး ခါကာဘိုရာဇီရေခဲတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် တောင်တက် အဖွဲ့အား ဂုဏ်ပြုပွဲပြုလုပ်မည်ဟု သတင်းရရှိသည်။

ခါကာဘိုရာဇီရေခဲတောင်ထိပ်သို့ ဩဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံအလံ ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် တက္ကသိုလ်ခြေ လျင် နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)မှ ၊ ကိုဝေယံမင်း သူ အပါအဝင် တောင်ခြေအထိ တက်ရောက်နိုင်ခဲ့သည့် တောင် တက်သမား များ နှင့် ခါကာဘိုရာဇီရေခဲတောင် တက်ရောက်နိုင်ရန် အကူ အညီ ပေးခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးမျိုးသန့် က ပြောသည်။

ထို့အပြင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို ကူညီရှာဖွေပေး သည့် ထူးဖောင်ဒေးရှင်းနှင့် ရှာဖွေရေးပြုလုပ်နေစဉ် ရဟတ်ယာဉ်ပျက်ကျ ပြီး သေဆုံးသွားခဲ့သည့် ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်မှူး ဦးအောင်မြတ် တိုး တို့ ကိုလည်း ချီးကျူးဂုဏ်ပြုပွဲပြုလုပ်မည်ဟု ၎င်းက ပြောသည်။
ခါကာဘိုရာဇီရေခဲတောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် တောင်တက်သမားနှစ်ဦး ပျောက်ဆုံးနေသည် မှာ နှစ်လနီးပါးကြာမြင့်လာပြီး လက်ရှိအချိန်ထိ တွေ့ရှိခြင်းမရှိသေးသည့်အတွက် ခါကာဘိုရာဇီ သူရဲကောင်းများ ဂုဏ်ပြုပွဲပြုလုပ်မည်ကို ဝေဖန်မှုများရှိနေသည်။

‘‘မလုပ်သင့်ဘူး ပြောတာတွေက ဒါသူတို့ရဲ့ ပုဂ္ဂိုလ်ရေး အရ ပြော တာ၊ ရေးတာတွေ ရှိပေမယ့် ဆရာတို့ကတော့ သူတို့ကို ဂုဏ်ပြုပွဲလုပ်ပေး သင့်တယ်ထင်လို့လုပ်တာ’’ဟု ဦးမျိုးသန့်က ပြောသည်။

ခါကာဘိုရာဇီသူရဲကောင်းများဂုဏ်ပြုပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီခွဲတွင် မင်းရဲကျော်စွာလမ်းရှိ UMFCCI ၌ ပြုလုပ်မည်ဖြစ်သည်။

ပျောက်ဆုံးနေဆဲဖြစ်သည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် ခါကာ ဘိုရာဇီရေခဲတောင်တက်ရောက်နေသည့် ဂျပန်တောင်တက်အဖွဲ့နှင့် အမေရိကန်တောင်တက်အဖွဲ့ဝင်များထံ အကူအညီ တောင်းထားကြောင်း ထူးဖောင်ဒေးရှင်းမှ သတင်းရရှိသည်။

7 Day Daily
မြန်မာနိုင်ငံ၏ အမြင့်ဆုံး ခါကာဘိုရာဇီရေခဲတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် တောင်တက် အဖွဲ့အား ဂုဏ်ပြုပွဲပြုလုပ်မည်ဟု သတင်းရရှိသည်။

ခါကာဘိုရာဇီရေခဲတောင်ထိပ်သို့ ဩဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံအလံ ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပြီး နောက် ပျောက်ဆုံးနေသည့် တက္ကသိုလ်ခြေ လျင် နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)မှ ၊ ကိုဝေယံမင်း သူ အပါအဝင် တောင်ခြေအထိ တက်ရောက်နိုင်ခဲ့သည့် တောင် တက်သမား များ နှင့် ခါကာဘိုရာဇီရေခဲတောင် တက်ရောက်နိုင်ရန် အကူအညီပေးခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ် မည်ဖြစ်ေ ကြာင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးမျိုးသန့် က ပြောသည်။

ထို့အပြင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို ကူညီရှာဖွေပေး သည့် ထူးဖောင်ဒေးရှင်းနှင့် ရှာဖွေရေးပြုလုပ်နေစဉ် ရဟတ်ယာဉ်ပျက်ကျ ပြီး သေဆုံးသွားခဲ့သည့် ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်မှူး ဦးအောင်မြတ် တိုး တို့ ကိုလည်း ချီးကျူးဂုဏ်ပြုပွဲပြုလုပ်မည်ဟု ၎င်းက ပြောသည်။

ခါကာဘိုရာဇီရေခဲတောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် တောင်တက်သမားနှစ်ဦး ပျောက်ဆုံးနေသည် မှာ နှစ်လနီးပါးကြာမြင့်လာပြီး လက်ရှိအချိန်ထိ တွေ့ရှိခြင်းမရှိသေးသည့်အတွက် ခါကာဘိုရာဇီ သူရဲကောင်းများ ဂုဏ်ပြုပွဲပြုလုပ်မည်ကို ဝေဖန်မှုများရှိနေသည်။

‘‘မလုပ်သင့်ဘူး ပြောတာတွေက ဒါသူတို့ရဲ့ ပုဂ္ဂိုလ်ရေး အရ ပြော တာ၊ ရေးတာတွေ ရှိပေမယ့် ဆရာတို့ ကတော့ သူတို့ကို ဂုဏ်ပြုပွဲလုပ်ပေး သင့်တယ်ထင်လို့လုပ်တာ’’ဟု ဦးမျိုးသန့်က ပြောသည်။

ခါကာဘိုရာဇီသူရဲကောင်းများဂုဏ်ပြုပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီခွဲတွင် မင်းရဲကျော်စွာလမ်းရှိ UMFCCI ၌ ပြုလုပ်မည်ဖြစ်သည်။

ပျောက်ဆုံးနေဆဲဖြစ်သည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် ခါကာ ဘိုရာဇီရေခဲတောင်တက်ရောက် နေသည့် ဂျပန်တောင်တက်အဖွဲ့နှင့် အမေရိကန်တောင်တက်အဖွဲ့ဝင်များထံ အကူအညီတောင်းထား ကြောင်း ထူးဖောင်ဒေးရှင်းမှ သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment