Monday 27 October 2014

တရုတ်နိုင်ငံတွင်ပြစ်မှု ၉ ခုကို သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုစာရင်းမှ ပယ်ဖျက်ရန် စဉ်းစားနေ

Photo: တရုတ်နိုင်ငံတွင်ပြစ်မှု ၉ ခုကို သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုစာရင်းမှ ပယ်ဖျက်ရန် စဉ်းစားနေ
Monday, October 27, 2014

တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သော ပြစ်မှုများစာရင်းမှ ပြစ်မှု ၉ ခုကို ပယ်ဖျက်ပေးရန်အတွက် အာဏာရကွန်မြူနစ်ပါတီက စဉ်းစားနေကြောင်း နိုင်ငံပိုင်မီဒီယာ က ပြောသည်။

တရုတ်နိုင်ငံသည် သေဒဏ်အသုံးပြုမှုအများဆုံးနိုင်ငံဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်မမျှတမှုများအပေါ် အများပြည်သူက စိုးရိမ်လျက်ရှိကြောင်း အခွင့်အရေးအဖွဲများက ပြောသည်။

တရုတ်နိုင်ငံ ရာဇ၀တ်မှုစီရင်ထုံး ပြင်ဆင်ရေးမူကြမ်းအား အမျိုးသားပြည်သူ့လွှတ်တော်သို့ ဆွေးနွေးအကြံပြုရန်တင်ပြထားပြီးဖြစ်ကြောင်း စင်ဟွာသတင်းဌာနမှ သိရသည်။

သေဒဏ်ပယ်ဖျက်ပေးရန်စဉ်းစားနေသော ပြစ်မှုများမှာ လက်နက်၊ ခဲယမ်း၊ နျူကလီးယားသတ္တိကြွပစ္စည်းများနှင့် ငွေစက္ကူအတုများ မှောင်ခိုတင်သွင်းခြင်း၊ ရန်ပုံငွေဗန်းပြ ငွေကြေးလိမ်လည်ရယူခြင်း၊ ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးခြင်း၊ အဓမ္မခိုင်းစေခြင်းတို့ ပါဝင်ကြောင်း စင်ဟွာက သတင်းဖော်ပြသည်။

ယင်းအပြင် တာဝန်ဝတ္တရားနှောက်ယှက်မှုနှင့် စစ်ပွဲကာလအတွင်း ကောလဟလ လီဆယ်ထုတ်လွှင့်ခြင်း စသည့် ပြစ်မှုများအတွက်လည်း သေဒဏ်ပယ်ဖျက်ပေးရန် ပြန်လှန်စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံတွင် လိမ်လည်မှု၊ တရားမ၀င်ငွေချေးခြင်းအပါအ၀င် သေဒဏ်ချမှတ်နိုင်သော ရာဇ၀တ်ပြစ်မှုပေါင်း ၅၀ ရှိပြီး ကွပ်မျက်ခံရသူအရေအတွက်ကို နိုင်ငံတော်လျို့ဝှက်ချက်အဖြစ် ထားရှိသည်။

တရုတ်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအရေးဆိုသည့် ဆန်ဖရန်စ္စကိုအခြေစိုက် ဒွီဟွာဖောင်ဒေရှင်း၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံ၌ ၂၀၁၃ခုနှစ်က ၂၄၀၀ ဦး ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံတွင် ၂၀၁၃ခုနှစ်က ၃၉ဦး ကွပ်မျက်ခဲ့သည်။

ကွန်မြူနစ်ပါတီက အဆိုပါတရားရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးကို လွန်ခဲ့သောရက်သတ္တပတ်က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် စီစဉ်နေသော်လည်း တရားရေးမဏ္ဍိုင်တခုလုံးကို ပါတီ၏ ထိန်းချုပ်မှုအောက်တွင်ပင်ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားခဲ့သဖြင့် သိသာထင်ရှားသော နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာဖွယ်မရှိကြောင်း လေ့လာအကဲဖြတ်သူများက ပြောသည်။

ပုံ-၀ူဟန် အမှတ် ၁ အကျဉ်းစခန်း၌ သေဒဏ်ချမှတ်ခံအမျိုးသမီးတဦးအား ကွပ်မျက်ရန် ထောင်စောင့်များက ခေါ်ဆောင်သွားနေပုံ
Ref;Reuters

စောင့်ကြည့်သတင်းဂျာနယ်
ပုံ-၀ူဟန် အမှတ် ၁ အကျဉ်းစခန်း၌ သေဒဏ်ချမှတ်ခံအမျိုးသမီးတဦးအား ကွပ်မျက်ရန် ထောင်စောင့် များ က ခေါ်ဆောင်သွားနေပုံ
တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သော ပြစ်မှုများစာရင်းမှ ပြစ်မှု ၉ ခုကို ပယ်ဖျက်ပေးရန်အတွက် အာဏာရ ကွန်မြူနစ်ပါတီက စဉ်းစားနေကြောင်း နိုင်ငံပိုင်မီဒီယာ က ပြောသည်။

တရုတ်နိုင်ငံသည် သေဒဏ်အသုံးပြုမှုအများဆုံးနိုင်ငံဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်မမျှတမှုများအပေါ် အများပြည်သူ က စိုးရိမ်လျက်ရှိကြောင်း အခွင့်အရေးအဖွဲများက ပြောသည်။

တရုတ်နိုင်ငံ ရာဇ၀တ်မှုစီရင်ထုံး ပြင်ဆင်ရေးမူကြမ်းအား အမျိုးသားပြည်သူ့လွှတ်တော်သို့ ဆွေးနွေး အကြံပြုရန် တင်ပြထားပြီးဖြစ်ကြောင်း စင်ဟွာသတင်းဌာနမှ သိရသည်။

သေဒဏ်ပယ်ဖျက်ပေးရန်စဉ်းစားနေသော ပြစ်မှုများမှာ လက်နက်၊ ခဲယမ်း၊ နျူကလီးယားသတ္တိကြွ ပစ္စည်း များနှင့် ငွေစက္ကူအတုများ မှောင်ခိုတင်သွင်းခြင်း၊ ရန်ပုံငွေဗန်းပြ ငွေကြေးလိမ်လည်ရယူခြင်း၊ ပြည့်တန်ဆာ လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးခြင်း၊ အဓမ္မခိုင်းစေခြင်းတို့ ပါဝင်ကြောင်း စင်ဟွာကသတင်း ဖော်ပြ သည်။

ယင်းအပြင် တာဝန်ဝတ္တရားနှောက်ယှက်မှုနှင့် စစ်ပွဲကာလအတွင်း ကောလဟလ လီဆယ်ထုတ်လွှင့်ခြင်း စသည့် ပြစ်မှုများအတွက်လည်း သေဒဏ်ပယ်ဖျက်ပေးရန် ပြန်လှန်စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံတွင် လိမ်လည်မှု၊ တရားမ၀င်ငွေချေးခြင်းအပါအ၀င် သေဒဏ်ချမှတ်နိုင်သော ရာဇ၀တ်ပြစ်မှုပေါင်း ၅၀ ရှိပြီး ကွပ်မျက်ခံရသူအရေအတွက်ကို နိုင်ငံတော်လျို့ဝှက်ချက်အဖြစ် ထားရှိ သည်။

တရုတ်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအရေးဆိုသည့် ဆန်ဖရန်စ္စကိုအခြေစိုက် ဒွီဟွာဖောင်ဒေရှင်း ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံ၌ ၂၀၁၃ခုနှစ်က ၂၄၀၀ ဦး ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ အမေရိကန်နို င်ငံ တွင် ၂၀၁၃ခုနှစ်က ၃၉ဦး ကွပ်မျက်ခဲ့သည်။

ကွန်မြူနစ်ပါတီက အဆိုပါတရားရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးကို လွန်ခဲ့သောရက်သတ္တပတ်က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် စီစဉ်နေသော်လည်း တရားရေးမဏ္ဍိုင်တခုလုံးကို ပါတီ၏ ထိန်းချုပ်မှုအောက်တွင်ပင်ဆက်လက် ထားရှိသွား မည်ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားခဲ့သဖြင့် သိသာထင်ရှားသော နိုင်ငံရေး အပြောင်း အလဲ ဖြစ်လာဖွယ်မရှိကြောင်း လေ့လာအကဲဖြတ်သူများက ပြောသည်။

Ref;Reuters
စောင့်ကြည့်သတင်းဂျာနယ်

No comments:

Post a Comment