Monday 27 October 2014

စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ စတင်ဖွဲ့စည်း

အငြင်းပွားမှု စေ့စပ်ညှိ နှိုင်းပေးခြင်းနှင့် အသိပညာဗဟု သုတများ ဖြည့်တင်းပေးနိုင်ရန် ရန်ကုန် တိုင်းဒေ သကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို အောက်တိုဘာ ၂၀ ရက်တွင် စတင်ဖွဲ့စည်း လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
‘‘အဖွဲ့က အခုမှ ဖွဲ့ပြီးတာ ပဲ ရှိသေးတယ်။ စားသုံးသူ ပြည် သူတွေကို အဓိကကာကွယ်ပေးဖို့ ပါ’’ ဟု အဆိုပါ အဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး  ဦးသန်းမြင့်က ပြောသည်။

စားသုံးသူများက ကုန်စည် (သို့မဟုတ်) ၀န်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိသည် ဟု ထင်မြင်ခြင်း၊ စားသုံးရန် မသင့်ဟု ထင်မြင်ပါက စာနှင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ၀န်ကြီး က ပြောသည်။

‘‘စားသုံးသူ ကာကွယ်ရေးက ဒီနိုင်ငံမှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ပဲ’’ဟု ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံး သူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။


 စားသုံးသူ ကာကွယ်ရေး ဥပဒေကို တရားဝင်ပြဋ္ဌာန်းနိုင်မှု ကြောင့် ယခုကဲ့သို့ အဖွဲ့အစည်းများ ဖွဲ့ စည်းဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု ဦးသန်းမြင့်က ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး စား သုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့အစည်းကို တိုင်းဒေသကြီး စီးပွားစီမံ ၀န်ကြီးက ဥက္ကဋ္ဌတာဝန် ယူ၍ သက်ဆိုင်ရာ အဖွဲ့ အစည်း များဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသ ကြီးအတွင်း စားသုံးသူ ကာကွယ် ပေးရေး လုပ်ငန်းများကို ပိုမိုထိ ရောက်အောင် ဆောင်ရွက်ရန် ဖွဲ့စည်းခြင်း ဖြစ် သည်ဟု ဆိုသည်။

7Day DAILY

No comments:

Post a Comment