Monday 27 October 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် အီလက်ထရွန်နစ် ငွေကြေးကောက် ခံမှု စနစ် လုပ်ဆောင်နိုင်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် အီလက်ထရွန်နစ် ငွေကြေးကောက် ခံမှု စနစ် လုပ်ဆောင်နိုင်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်
Monday, October 27, 2014

ရန် ကုန်-မန္တလေးအမြန်လမ်းမပေါ်ရှိ တိုးဂိတ်များတွင် အီလက်ထရွန် နစ် ငွေ ကြေးကောက်ခံမှုစနစ် (Electronic Toll Collection) အတွက် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်းမပြုပြင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လမ်း မများပေါ်တွင် လက်ရှိအသုံးပြုလျက် ရှိသည့် ကြိုတင်ငွေသွင်းစနစ် (Prepaid)ဖြင့် ငွေကောက်ခံလျက်ရှိပြီး ယခုနှစ် အောက် တိုဘာလကုန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် ရှိ ကြိုတင်ငွေသွင်းစနစ် တိုးဂိတ် များကို ရပ်နားမည်ဖြစ်သည်။

အီလက်ထရွန်နစ်ငွေကြေး ကောက်ခံမှုစနစ် (နူနခအမသညငခွှသူ ဃသူနခအငသည)ကို အသုံးပြုနိုင်ရန် အ ဆိုပါစနစ်ဖြင့် ချိတ်ဆက်ထားသည့် ဘဏ်များတွင် ငွေကြေးကြိုတင်ပေး သွင်းထားရမည်ဖြစ်ပြီး လမ်းကြေး ကောက် ခံမည့်ငွေကြေးများကို ဘဏ် မှတစ်ဆင့် ပေးသွင်းရမည်ဖြစ်၍ ဃမနိငအ ကတ်စနစ်ပုံစံ ဆောင်ရွက် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုစနစ်ကို လုပ် ဆောင်ရန် စိတ်ဝင်စားနေသည့် ပြည် တွင်း ပြည်ပကုမ္ပဏီအများအပြား ရှိနေပြီး အဆိုပါကုမ္မဏီများအနေ ဖြင့် ယခုနှစ် အောက်တိုဘာလကုန် အထိ လုပ်ငန်းဆောင်ရွက်နိုင်မည့် အချိန်ကာလ၊ ဆောင်ရွက်မည့် နည်း ပညာ၊ အသုံးပြုမည့်ပစ္စည်းများနှင့် ဆောင်ရွက်မည့်ပုံစံ၊ ကုမ္ပဏီမှတ်ပုံ တင်၊ ကုမ္ပဏီအကြောင်းနှင့် အတွေ့ အကြုံများကို အဆိုပြုတင်သွင်းရ မည်ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မပေါ်တွင် တိုးဂိတ်အများအပြား ရှိနေခြင်းကြောင့် ခရီးကြန့်ကြာခြင်း နှင့် ငွေကြေးကွာဟစွာ ကောက်ခံ ခြင်းများကြောင့် ပြဿနာများဖြစ်ပေါ် ခြင်းများရှိနေပြီး အဆိုပါစနစ်သည် လမ်းကြေးကို တိကျသည့် အလိုအ လျောက် ငွေကြေးကောက်ခံပေး နိုင်ရန် စီစဉ်ထားသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါက ကောင်းမွန်သည့်စနစ် ပြောင်းလဲမှု တစ်ခုကို လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Yangon Media Group
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်ရှိ တိုးဂိတ်များတွင် အီလက်ထရွန် နစ် ငွေ ကြေးကောက်ခံမှုစနစ် (Electronic Toll Collection) အတွက် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ လေ့လာ ဆန်းစစ် မှုများ ပြုလုပ် မည်ဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်းမပြုပြင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လမ်း မများပေါ်တွင် လက်ရှိအသုံးပြုလျက် ရှိသည့် ကြိုတင်ငွေသွင်းစနစ် (Prepaid)ဖြင့် ငွေကောက်ခံလျက်ရှိပြီး ယခုနှစ် အောက် တိုဘာလကုန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မပေါ် ရှိ ကြိုတင်ငွေသွင်းစနစ် တိုးဂိတ် များကို ရပ်နားမည်ဖြစ်သည်။

အီလက်ထရွန်နစ်ငွေကြေး ကောက်ခံမှုစနစ် (နူနခအမသညငခွှသူ ဃသူနခအငသည)ကို အသုံးပြုနိုင်ရန် အ ဆိုပါစနစ်ဖြင့် ချိတ်ဆက်ထားသည့် ဘဏ်များတွင် ငွေကြေးကြိုတင်ပေး သွင်းထားရမည်ဖြစ်ပြီး လမ်းကြေး ကောက် ခံမည့်ငွေကြေးများကို ဘဏ် မှတစ်ဆင့် ပေးသွင်းရမည်ဖြစ်၍ ဃမနိငအ ကတ်စနစ် ပုံစံ ဆောင်ရွက် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုစနစ်ကို လုပ် ဆောင်ရန် စိတ်ဝင်စားနေသည့် ပြည် တွင်း ပြည်ပကုမ္ပဏီအများအပြား ရှိနေပြီး အဆိုပါကုမ္မဏီများအနေ ဖြင့် ယခုနှစ် အောက်တိုဘာလကုန် အထိ လုပ်ငန်းဆောင်ရွက်နိုင်မည့် အချိန်ကာလ၊ ဆောင်ရွက်မည့် နည်း ပညာ၊ အသုံးပြုမည့် ပစ္စည်း များနှင့် ဆောင်ရွက်မည့်ပုံစံ၊ ကုမ္ပဏီမှတ်ပုံ တင်၊ ကုမ္ပဏီအကြောင်းနှင့် အတွေ့ အကြုံများကို အဆိုပြုတင် သွင်း ရ မည်ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် တိုးဂိတ်အများအပြား ရှိနေခြင်းကြောင့် ခရီးကြန့် ကြာခြင်း နှင့် ငွေေ ကြး ကွာဟစွာ ကောက်ခံ ခြင်းများကြောင့် ပြဿနာများဖြစ်ပေါ် ခြင်းများရှိနေပြီး အဆိုပါစနစ်သည် လမ်းကြေး ကို တိကျသည့် အလိုအ လျောက် ငွေကြေးကောက်ခံပေး နိုင်ရန်စီစဉ်ထားသဖြင့် အမြန်ဆုံး အကောင် အထည်ဖော်နိုင်ပါက ကောင်းမွန်သည့်စနစ် ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment