Friday 10 October 2014

တောင်ကြီးမြို့ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် လူငယ်တို့ ပေါင်းလုပ်မည်

Photo: တောင်ကြီးမြို့ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် လူငယ်တို့ ပေါင်းလုပ်မည်
Friday, Ocotber 10, 2014

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့လုံခြုံရေ နှင့် တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့နှင့် လူငယ်တို့ အစုအဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ပြည်သူပူးပေါင်းပါဝင်သည့် လုံခြုံရေးစနစ်ဖြစ်ပေါ်ရန်၊ လုံခြုံရေး ထိန်းသိမ်းနည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေတို့ကို ပြည်သူတို့ သိရှိရန် ရပ်ကွက်များအလိုက် ပြည်သူတို့နှင့် ကွင်းဆင်းဆွေးနွေးနေသည်ဟု ၎င်းက ပြောသည်။

“ကိုယ့်နယ်မြေ ကိုယ့်ဒေသ ရဲဌာန အားနည်းချက်တွေကို အားဖြည့်ပေးတဲ့ ပုံစံမျိုးတွေက လူတိုင်းမှာတာဝန်ရှိတယ်။ လုံခြုံရေး ကွန်ယက်ကို ပိုမိုအားကောင်းအောင် လုပ်သွားမယ် ” ဟု  ဦးဇော်မြင့်သိန်းက ပြောသည်။

တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်ရှိ တက်ကြွသောလူငယ်များ ပူးပေါင်းပါဝင်သော ရပ်ရွာလုံခြုံရေး အဖွဲ့များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဖွဲ့စည်းပေးထားပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းမည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထူးက ဆိုသည်။ ရှမ်းပြည်နယ်အတွင်း လူဦးရေ ၁၅၀၀ လျှင် ရဲဝန်ထမ်းတစ်ဦးနှုန်းသာ ရှိသည်ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၄ ရက် ညပိုင်းက တောင်ကြီးမြို့ပေါ်ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) အနီး၊  အမှတ် ၂၁၂ ဆက်သွယ်ရေးတပ်ရှေ့နှင့် ယာဉ်ထိန်းရုံးရှေ့တို့၌ ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး ရပခရှေ့ လမ်းလယ်ကျွန်းတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံးတွေ့ရှိသည်။ ယင်းသို့ ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။

"ညပိုင်းဆို အပြင်ဘက် သိပ်ထွက်မလည်ရဲတော့ဘူး။ စိုးရိမ် စိတ်ရှိနေတာပေါ့” ဟု တောင်ကြီးဒေသခံ လူငယ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ် ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲသာဖြစ်သည်ဟု ခရိုင် ရဲမှူးကြီး ဝင်းထွန်းက ပြောသည်။

Mizzima - News in Burmese 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၁၅ ယာဉ်ထိန်းရုံးရှေ့ အောက်တိုဘာ ၄ ရက် ညက မိုင်းပေါက်ကွဲမှုအပြီး ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈျိမ)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၁၅ ယာဉ်ထိန်းရုံးရှေ့ အောက်တိုဘာ ၄ ရက် ညက မိုင်းပေါက်ကွဲမှု အပြီး ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈျိမ)
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့လုံခြုံရေနှင့် တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့နှင့် လူငယ် တို့ အစုအဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ပြည်သူပူးပေါင်းပါဝင်သည့် လုံခြုံရေးစနစ်ဖြစ်ပေါ်ရန်၊ လုံခြုံရေး ထိန်းသိမ်းနည်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်သည့် အခြေအနေတို့ကို ပြည်သူတို့ သိရှိရန် ရပ်ကွက်များအလိုက် ပြည်သူတို့နှင့် ကွင်းဆင်းဆွေးနွေး နေသည်ဟု ၎င်းက ပြောသည်။

“ကိုယ့်နယ်မြေ ကိုယ့်ဒေသ ရဲဌာန အားနည်းချက်တွေကို အားဖြည့်ပေးတဲ့ ပုံစံမျိုးတွေက လူတိုင်းမှာ တာဝန်ရှိတယ်။ လုံခြုံရေး ကွန်ယက်ကို ပိုမိုအားကောင်းအောင် လုပ်သွားမယ် ” ဟု  ဦးဇော်မြင့်သိန်းက ပြော သည်။

တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်ရှိ တက်ကြွသောလူငယ်များ ပူးပေါင်းပါဝင်သော ရပ်ရွာလုံခြုံရေး အဖွဲ့များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဖွဲ့စည်းပေးထားပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းမည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထူးက ဆိုသည်။ ရှမ်းပြည်နယ်အတွင်း လူဦးရေ ၁၅၀၀ လျှင် ရဲဝန်ထမ်းတစ်ဦးနှုန်းသာ ရှိသည်ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၄ ရက် ညပိုင်းက တောင်ကြီးမြို့ပေါ်ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) အနီး၊  အမှတ် ၂၁၂ ဆက်သွယ်ရေးတပ်ရှေ့နှင့် ယာဉ်ထိန်းရုံးရှေ့တို့၌ ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး ရပခရှေ့ လမ်းလယ်ကျွန်း တွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံးတွေ့ရှိသည်။ ယင်းသို့ ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။

"ညပိုင်းဆို အပြင်ဘက် သိပ်ထွက်မလည်ရဲတော့ဘူး။ စိုးရိမ် စိတ်ရှိနေတာပေါ့” ဟု တောင်ကြီးဒေသခံ လူငယ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ် ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲသာဖြစ်သည်ဟု ခရိုင် ရဲမှူးကြီး ဝင်းထွန်းက ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment