Friday 10 October 2014

IS အဖွဲ့၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တူရကီ ဆွေးနွေးရန် စီစဉ်

Photo: IS အဖွဲ့၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တူရကီ ဆွေးနွေးရန် စီစဉ်
Friday, Ocotber 10, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု တွင်ကျယ်လာသည့် အခြေအနေကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အမေရိကန်နှင့် တူရကီတို့ လာမည့် သီတင်းပတ်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။

တူရကီနိုင်ငံ၊ အန်ကာရာ မြို့တော်တွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံမည့် အစီအစဉ်ကို အောက်တိုဘာ (၉)ရက်၌ အတည်ပြု သဘောတူညီခဲ့သည်။ အမေရိကန်၏ ထိပ်တန်း အရာရှိနှစ်ဦး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အန်ကာရာတွင် တူရကီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ခဲ့ပြီး ရက်စက်ကြမ်းတမ်းသော နည်းလမ်းများဖြင့် ဖိနှိပ်အုပ်ချုပ်နေသည့် IS အဖွဲ့သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အာရုံစိုက်ရသည့် အကြမ်းဖက် အဖွဲ့တစ်ခု ဖြစ်လာခဲ့သော်လည်း အစောပိုင်းတွင် တူရကီက ISကို ဖြိုခွင်းသည့် အစီအစဉ်များနှင့် အတန်ငယ် လက်ရှောင်နေခဲ့သည်။ ယင်းမှာလည်း IS အဖွဲ့၏ လက်ထဲတွင် တူရကီ နိုင်ငံသား ဓားစာခံ အများအပြား ရှိနေ၍ ဖြစ်သည်။

ယခုအခါတွင်မူ IS တပ်ဖွဲ့၏ ထိုးဖောက် တိုက်ခိုက်မှုသည် တစ်စထက်တစ်စ ကျယ်ပြန့်လာပြီး တူရကီ နယ်စပ်ရှိ ဆီးရီးယားမြို့ ကိုဘာနီကိုပင် သိမ်းယူနိုင်လုနီးပါး အခြေအနေသို့ ရောက်လာသည်။ IS အဖွဲ့၏ ခြိမ်းခြောက်လာမှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးမည့် ကိစ္စကို အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို သတင်းထုတ်ပြန်ရန်မူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ငြင်းဆိုခဲ့သည်။

သူမက “ပူးပေါင်း စစ်ဘက် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ အန်ကာရာကို လာမယ့် သီတင်းပတ်မှာ သွားရောက်ပါမယ်။ ဆွေးနွေးမှု အစီအစဉ်ဟာ နှစ်နိုင်ငံ စစ်ဘက်ရေးရာ ဆက်နွယ်မှုကို ဦးတည်ပါမယ်”ဟုသာ ပြောကြားခဲ့သည်။ သူမက IS အဖွဲ့၏ စွမ်းဆောင်ရည်ကို လက်ရှိထက် သိသိသာသာ လျှော့ချနိုင်ရန် လိုအပ်နေပြီ ဆိုခြင်းကို အမေရိကန်ရော၊ တူရကီကပါ လက်ခံထားကြောင်းမူ ဝန်ခံခဲ့သည်။

IS တပ်ဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်နေရုံ သက်သက်ဖြင့် မလုံလောက်ကြောင်း ဝေဖန်မှုများ ရှိနေချိန်တွင် တူရကီ နိုင်ငံခြားရေး ဝန်ကြီး မက်ဗ်လုတ် ကာဗူဆော့ဂ်လူက မြေပြင်ထိုးစစ် ဆင်နွှဲမည် ဆိုပါကလည်း တူရကီ တစ်နိုင်ငံတည်း၏ အင်အားဖြင့် ဖြစ်နိုင်ဖွယ် မရှိကြောင်း အစောပိုင်းက ပြောကြားထားသည်။ “တူရကီက ကိုယ့်အစီအစဉ်နဲ့ကိုယ် မြေပြင်ထိုးစစ်တစ်ရပ် ဦးဆောင်ဆင်နွှဲဖို့ ဆိုတာကတော့ လက်တွေ့ကျတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ”ဟု ၎င်းက မှတ်ချက်ပြုထားသည်။

Ref: Channelnewsasia
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု တွင်ကျယ်လာသည့် အခြေအနေကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အမေရိကန်နှင့် တူရကီတို့ လာမည့် သီတင်းပတ်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။

တူရကီနိုင်ငံ၊ အန်ကာရာ မြို့တော်တွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံမည့် အစီအစဉ်ကို အောက် တိုဘာ (၉)ရက်၌ အတည်ပြု သဘောတူညီခဲ့သည်။ အမေရိကန်၏ ထိပ်တန်း အရာရှိနှစ်ဦး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အန်ကာရာတွင် တူရကီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ခဲ့ပြီး ရက်စက်ကြမ်းတမ်းသော နည်းလမ်းများဖြင့် ဖိနှိပ်အုပ်ချုပ်နေသည့် IS အဖွဲ့သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အာရုံစိုက်ရသည့် အကြမ်းဖက် အဖွဲ့တစ်ခု ဖြစ်လာခဲ့သော်လည်း အစောပိုင်းတွင် တူရကီက ISကို ဖြိုခွင်းသည့် အစီအစဉ်များနှင့် အတန်ငယ် လက်ရှောင်နေခဲ့သည်။ ယင်းမှာလည်း IS အဖွဲ့၏ လက်ထဲတွင် တူရကီ နိုင်ငံသား ဓားစာခံ အများအပြား ရှိနေ၍ ဖြစ်သည်။

ယခုအခါတွင်မူ IS တပ်ဖွဲ့၏ ထိုးဖောက် တိုက်ခိုက်မှုသည် တစ်စထက်တစ်စ ကျယ်ပြန့်လာပြီး တူရကီ နယ်စပ်ရှိ ဆီးရီးယားမြို့ ကိုဘာနီကိုပင် သိမ်းယူနိုင်လုနီးပါး အခြေအနေသို့ ရောက်လာသည်။ IS အဖွဲ့၏ ခြိမ်းခြောက်လာမှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးမည့် ကိစ္စကို အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို သတင်းထုတ်ပြန်ရန်မူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ငြင်းဆိုခဲ့သည်။

သူမက “ပူးပေါင်း စစ်ဘက် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ အန်ကာရာကို လာမယ့် သီတင်းပတ်မှာ သွားရောက်ပါမယ်။ ဆွေးနွေးမှု အစီအစဉ်ဟာ နှစ်နိုင်ငံ စစ်ဘက်ရေးရာ ဆက်နွယ်မှုကို ဦးတည်ပါမယ်”ဟုသာ ပြောကြားခဲ့သည်။ သူမက IS အဖွဲ့၏ စွမ်းဆောင်ရည်ကို လက်ရှိထက် သိသိသာသာ လျှော့ချနိုင် ရန် လိုအပ်နေပြီ ဆိုခြင်းကို အမေရိကန်ရော၊ တူရကီကပါ လက်ခံထားကြောင်းမူ ဝန်ခံခဲ့သည်။

IS တပ်ဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်နေရုံ သက်သက်ဖြင့် မလုံလောက်ကြောင်း ဝေဖန်မှုများ ရှိနေချိန်တွင် တူရကီ နိုင်ငံခြားရေး ဝန်ကြီး မက်ဗ်လုတ် ကာဗူဆော့ဂ်လူက မြေပြင်ထိုးစစ် ဆင်နွှဲမည် ဆိုပါကလည်း တူရကီ တစ်နိုင်ငံတည်း၏ အင်အားဖြင့် ဖြစ်နိုင်ဖွယ် မရှိကြောင်း အစောပိုင်းက ပြောကြားထားသည်။ “တူရကီက ကိုယ့်အစီအစဉ်နဲ့ကိုယ် မြေပြင်ထိုးစစ်တစ်ရပ် ဦးဆောင်ဆင်နွှဲဖို့ ဆိုတာကတော့ လက်တွေ့ကျတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ”ဟု ၎င်းက မှတ်ချက်ပြုထားသည်။

Ref: Channelnewsasia
7Day DAILY 

No comments:

Post a Comment