Friday 10 October 2014

ကျောင်းသားထု တစ်ရပ်လုံး လိုလားသည့် ပညာရေးဥပဒေပြဋ္ဌာန်းနိုင်ရန် ကျောင်းသားထု အရေးပေါ် အစည်းအဝေးလုပ်မည်

ကျောင်းသားထုတစ်ရပ် လုံး လိုလားသည့် အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းပေးရန် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂ များ ပူးပေါင်း ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါ အရေးပေါ်အစည်း အဝေး ခေါ်ယူနိုင်ရေးအတွက် ဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့ကို လည်း ဖွဲ့စည်းထားသည်။

‘‘ကျွန်တော်တို့က ပြည် ထောင်စုလွှတ်တော်က အတည် ပြုလိုက်ပြီး သမ္မတက လက်မှတ် ထိုးလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေမှာ ပါသင့်တဲ့ အချက်တွေ ကို တင်ပြပါတယ်။ ဒါပေမဲ့ မပါ လာပါဘူး။ အဲဒါကြောင့် ကျောင်း သားထု အစည်း အဝေးခေါ်ဖို့ လုပ် တာပါ’’ ဟု နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးခေါ်ယူနိုင်ရေး ဖြစ်မြောက် ရေး လုပ်ငန်းအဖွဲ့ သတင်းပြန်ကြားရေးမှ ကိုရဲရင့်ကျော်က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်း သားထုအရေးပေါ် အစည်းအဝေး ကို နိုဝင်ဘာလ ဒုတိယပတ်အ တွင်းကျင်းပရန် စီစဉ်ထားပြီး လက်ရှိပညာရေးစနစ်ဖြင့် သင် ကြားနေသော ကျောင်းသားများ မည်သူမဆိုတက်ရောက်နိုင်ရန် ဖိတ်ကြားသွားမည်ဟု ၎င်းကဆို သည်။

ယင်းအစည်းအဝေးတွင် လက်ရှိ အတည်ပြုပြဋ္ဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေကို မည်သို့ပုံစံဖြင့် ပြန်လည်ပြင် ဆင်သွားမည်ကို ဆွေးနွေးသွား မည်ဖြစ်သည်။

အမျိုးသားပညာရေး ဥပဒေကို မပြဋ္ဌာန်းမီ ဥပဒေမူကြမ်းက တည်းကပင် ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ပေးရန် ကျောင်း သား သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေးတို့အတွက် တင်ပြခဲ့သော်လည်း ဥပဒေပြဋ္ဌာန်းရာတွင် ယင်းအချက်များ မပါလာကြောင်း ကိုရဲရင့်ကျော်ကပြောသည်။

လွှတ်တော်တွင် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဆွေး နွေးနေစဉ်ကပင် ကျောင်းသား သမဂ္ဂများက ဆန္ဒ ထုတ်ဖော်မှု များ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုလွှတ် တော်က ယင်းဥပဒေကြမ်းကို အတည်ပြုခဲ့ကာ နိုင်ငံတော်သမ္မတ ကလည်း လက်မှတ်ရေးထိုးထုတ် ပြန်ခဲ့သည်။



7Day DAILY

No comments:

Post a Comment