Friday 10 October 2014

ရွေးကောက်ပွဲစနစ် မပြောင်းလိုသည့်အတွက် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်အဖွဲ့ဝင်အချို့ ထပ်မံလေ့လာမှုမလုပ်

ပြည်သူ့လွှတ်တော်သို့ ရွေးကောက်ပွဲစနစ် ခုနစ်မျိုး ပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသော် လည်း ရွေးကောက်ပွဲ စနစ်မပြောင်းလို၍ ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်အဖွဲ့ဝင်အချို့ ရွေးကောက်ပွဲစနစ် ခုနစ်မျိုးပြည့်ရန် ထပ်မံလေ့လာမှုပြုလုပ်ခြင်းမရှိ ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့က ရွေး ကောက်ပွဲစနစ်ကို မပြောင်းချင် ဘူး။ အဲဒီတော့ ခုနစ်မျိုးပြည့် အောင် လေ့လာမှုမလုပ်တော့ဘူး ပြောင်းချင်တဲ့သူတွေလုပ်ပေါ့’’ ဟု ယင်းကော်မရှင်မှ အဖွဲ့ဝင်ဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင် က ပြောသည်။

စက်တင်ဘာ ၂၄ ရက်က ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ သည့် ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင် အစီရင်ခံစာတွင် ရွေးကောက်ပွဲစနစ် သုံးမျိုးသာပါ ၀င်သဖြင့် အနည်းဆုံး ခုနစ်မျိုး ရွေးချယ်၍ ပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက ပြောကြားထားသည်။

ကော်မရှင်အစီရင်ခံစာကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံး တင်ပြရန် သတ်မှတ်ခဲ့သော်လည်း ယခုအစီရင်ခံစာအရ ပြည်သူ့ ကိုယ်စားလှယ်များအား ယခု ထက်ပို၍ ရွေးချယ်ရန် အခွင့်အ ရေးပေးသင့်သည်ဟုထင်၍ ကော် မရှင်အနေဖြင့် အစီရင်ခံစာ ထပ်မံပြုစုပြီး အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထားကာ လွှတ် တော်သို့ တင်ပြရမည်ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

ရွေးကောက်ပွဲစနစ်များကို ထပ်မံလေ့လာကာ လွှတ်တော် သို့ တင်ပြရေးနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ရွေးကောက် ပွဲစနစ် လေ့လာသုံးသပ်ရေးကော် မရှင်တွင်ပါဝင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များကလည်း အ ခြားသော နည်းစနစ်များ လေ့ လာနေဆဲဖြစ်သည်ဟု ယင်းကိုယ် စားလှယ်များထံမှ သိရသည်။

ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သည့် ရွေးကောက်ပွဲစနစ် သုံးမျိုးတွင် နိုင်သူအကုန်ယူစနစ်၊ အချိုးကျကိုယ်စားပြုစနစ်နှင့် ယင်းနှစ်မျိုးစလုံးကို ပေါင်းစပ် ထားသည့် စနစ်သုံးမျိုးကို ထည့် သွင်းဖော်ပြထားခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment