Sunday 12 October 2014

ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူ (၄၀၀၀)ကျော်ထိ ရှိလာ


Photo: ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူ (၄၀၀၀)ကျော်ထိ ရှိလာ
Sunday, Ocotber 12, 2014

ယခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၄၀၀၀)ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

WHOက အောက်တိုဘာ (၈)ရက်ထိ ကောက်ခံထားသော စာရင်းကို အောက်တိုဘာ (၁၀)ရက်တွင် ကြေညာခဲ့ရာ အီဘိုလာကြောင့် ယခုနှစ်အတွင်း လူပေါင်း(၄၀၃၃)ဦး ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။ အီဘိုလာရောဂါ ကူးစက်သည့် နိုင်ငံအရေအတွက် (၇)ခုထိ ရှိခဲ့ပြီး လူပေါင်း(၈၃၉၉)ဦး ထက်မနည်း ရောဂါကူးစက်ခဲ့ကြောင်းလည်း သိရသည်။

အနောက်အာဖရိက နိုင်ငံများတွင် လျင်လျင်မြန်မြန် ကူးစက်လာသော ရောဂါသည် ယခုအခါ ဥရောပတွင်ပါ ပထမဆုံးအကြိမ် လူအချင်းချင်း ကူးစက်မှု ဖြစ်ပေါ်ခဲ့သည်။ အီဘိုလာ ဖြစ်ပွားနေရာ အာဖရိက နိုင်ငံများတွင် သွားရောက် လုပ်အားပေးခဲ့သည့် စပိန် သာသနာပြု ဘုန်းတော်ကြီး နှစ်ပါး ရောဂါကူးစက်ခံရသဖြင့် စပိန်သို့ ပြန်လည် ခေါ်ဆောင်ကာ ကုသပေးခဲ့သော်လည်း ၎င်းတို့ ကွယ်လွန်ခဲ့သည်။ ဘုန်းတော်ကြီး နှစ်ပါးကို ကုသပေးခဲ့သည့် သူနာပြု ဝန်ထမ်းတစ်ဦးမှာ ယခုအခါ အဆိုပါရောဂါ ထပ်ဆင့်ကူးစက်မှု ခံနေရကြောင်း စပိန်က အတည်ပြုထားသည်။ ယင်းသည် အာဖရိက ပြင်ပတွင် ပထမဆုံးအကြိမ် လူလူချင်း အီဘိုလာ ကူးစက်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခုနှစ်ကုန်ပိုင်း မတိုင်မီ အီဘိုလာရောဂါကို အပြီးသတ် ထိန်းချုပ်ရန်မှာ အနည်းဆုံး ဒေါ်လာ (၁)ဘီလီယံမျှ လိုအပ်လိမ့်မည်ဟုလည်း WHOက ဆိုသည်။ ယခုအခါ နိုင်ငံအများအပြားသည် အီဘိုလာကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာကြီး တစ်ရပ်သဖွယ် ရှုမြင်လာပြီး ကြိုတင်ကာကွယ်မှု အစီအစဉ်များ ချမှတ် လုပ်ဆောင်လျက်ရှိသည်။

_ Ref: Channelnewsasia

Credit to ပြည်မြန်မာ
ယခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၄၀၀၀)ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတင်းထုတ်ပြန် ကြေညာခဲ့သည်။
WHOက အောက်တိုဘာ (၈)ရက်ထိ ကောက်ခံထားသော စာရင်းကို အောက်တိုဘာ (၁၀)ရက်တွင် ကြေညာခဲ့ရာ အီဘိုလာကြောင့် ယခုနှစ်အတွင်း လူပေါင်း(၄၀၃၃)ဦး ထက်မနည်း သေဆုံး ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။ အီဘိုလာရောဂါ ကူးစက်သည့် နိုင်ငံအရေအတွက် (၇)ခုထိ ရှိခဲ့ပြီး လူပေါင်း(၈၃၉၉)ဦး ထက်မနည်း ရောဂါကူးစက်ခဲ့ကြောင်းလည်း သိရသည်။

အနောက်အာဖရိက နိုင်ငံများတွင် လျင်လျင်မြန်မြန် ကူးစက်လာသော ရောဂါသည် ယခုအခါ ဥရောပတွင်ပါ ပထမဆုံးအကြိမ် လူအချင်းချင်း ကူးစက်မှု ဖြစ်ပေါ်ခဲ့သည်။ အီဘိုလာ ဖြစ်ပွားနေရာ အာဖရိက နိုင်ငံများတွင် သွားရောက် လုပ်အားပေးခဲ့သည့် စပိန် သာသနာပြု ဘုန်းတော်ကြီး နှစ်ပါး ရောဂါကူးစက်ခံရသဖြင့် စပိန်သို့ ပြန်လည် ခေါ်ဆောင်ကာ ကုသပေးခဲ့သော်လည်း ၎င်းတို့ ကွယ်လွန်ခဲ့သည်။ ဘုန်းတော်ကြီး နှစ်ပါးကို ကုသပေးခဲ့သည့် သူနာပြု ဝန်ထမ်းတစ်ဦးမှာ ယခုအခါ အဆိုပါရောဂါ ထပ်ဆင့်ကူးစက်မှု ခံနေရကြောင်း စပိန်က အတည်ပြုထားသည်။ ယင်းသည် အာဖရိက ပြင်ပတွင် ပထမဆုံးအကြိမ် လူလူချင်း အီဘိုလာ ကူးစက်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခုနှစ်ကုန်ပိုင်း မတိုင်မီ အီဘိုလာရောဂါကို အပြီးသတ် ထိန်းချုပ်ရန်မှာ အနည်းဆုံး ဒေါ်လာ (၁)ဘီလီယံမျှ လိုအပ်လိမ့်မည်ဟုလည်း WHOက ဆိုသည်။ ယခုအခါ နိုင်ငံအများအပြားသည် အီဘိုလာကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာကြီး တစ်ရပ်သဖွယ် ရှုမြင်လာပြီး ကြိုတင်ကာကွယ်မှု အစီအစဉ်များ ချမှတ် လုပ်ဆောင်လျက်ရှိသည်။

_ Ref: Channelnewsasia

Credit to ပြည်မြန်မာ

No comments:

Post a Comment