Friday 10 October 2014

NLD ပါဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ခေါင်းဆောင် အမည်စာရင်းများ နိုဝင်ဘာလဆန်း အစည်းအဝေးမှသာ ထုတ်ပြန်နိုင်မည်

Photo: NLD ပါဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ခေါင်းဆောင် အမည်စာရင်းများ နိုဝင်ဘာလဆန်း အစည်းအဝေးမှသာ ထုတ်ပြန်နိုင်မည်
Friday, Ocotber 10, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများ ပါဝင်သော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) ၏ ခေါင်းဆောင်အမည်စာရင်းများကို နိုဝင်ဘာလဆန်း ပုံမှန်အစည်းအဝေး၌ အတည်ပြုထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများက ပြောကြားသည်။
 
အဆိုပါ တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို အောက်တိုဘာ ၄ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး  အတည်ပြုဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
 
ထိုသို့ ဖွဲ့စည်းရာတွင် အဖွဲ့ခေါင်းဆောင်အဖြစ် NLD က တာဝန်ယူပြီး တွဲဖက်ခေါင်းဆောင်များအဖြစ် CRPP ကိုယ်စားပြုတစ်ဦး၊ UNA မှကိုယ်စားပြုတစ်ဦးနှင့် CRPP နှင့် UNA တို့တွင် လုံးဝပါဝင်ခဲ့ခြင်း မရှိသည့် အခြားနိုင်ငံရေးပါတီများမှ ကိုယ်စားပြုတစ်ဦး ပါဝင်မည်ဖြစ်ပြီး ကျန်ပါတီများအနေဖြင့် အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်မည့်သူများကို သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့် ထပ်မံတွေ့ဆုံမည့် နိုဝင်ဘာလဆန်းအစည်းအဝေးမှသာ ထုတ်ဖော်ပြောကြားမည် ဖြစ်ကြောင်း သိရသည်။
 
 NLD အနေဖြင့် ခေါင်းဆောင်အဖြစ် ပါဝင်မည့်ပုဂ္ဂိုလ်၏ အမည်စာရင်း ကြိုတင်ထုတ်ပြန်ရန် ရှိ မရှိနှင့်ပတ်သက်၍“NLD ကလည်း နိုဝင်ဘာလဆန်း အစည်းအဝေးလုပ်တဲ့နေ့ကျရင် ကြေညာပါမယ်”ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
 
ယခုဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့တွင် NLD အနေဖြင့် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော်လည်း NLD မှ ဦးဆောင်သည့် ပုံစံမျိုးမဟုတ်ဘဲ မဟာမိတ်ပုံစံသာဖြစ်ကြောင်း သိရသည်။
 
ထို့အတူ UNA အနေဖြင့်လည်း တွဲဖက်ခေါင်းဆောင်တစ်ဦး အမည်စာရင်းပေးရမည်ဖြစ်သော်လည်း UNA အဖွဲ့ဝင်ပါတီများ တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ရသေးသဖြင့် ကိုယ်စားလှယ်အဖြစ် ပါဝင်မည့်သူအား ရွေးချယ်ခြင်းမပြုလုပ်ရသေးကြောင်း EAPP ဖွဲ့စည်းရာတွင် UNA  အဖွဲ့ကိုယ်စား ပါဝင်ခဲ့သည့် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။
 
သို့ရာတွင် CRPP  မှ အဖွဲ့ဝင်ကိုယ်စားပြုတစ်ဦး ပါဝင်ရန်မှာ CRPP အနေဖြင့် သီးခြားအဖွဲ့ပုံစံမရှိတော့ဘဲ CRPP တွင် ပါဝင်ခဲ့သည့်သူများမှာ လက်ရှိ UNA  တွင် ပါဝင်နေသူများဖြစ်သဖြင့် CRPP ကိုယ်စားရွေးချယ်ရန် မည်သို့လုပ်ဆောင်မည်ကိုလည်း မသိရှိရသေးကြောင်း ဦးမင်းကျော်ဝင်းက ဆိုသည်။ တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံရေး ပြဿနာများအား အတူတကွ ညှိနှိုင်းဖြေရှင်းမှုပုံစံဖြင့် ဆောင်ရွက်နိုင်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်ရေးအတွက် လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများ ပါဝင်သော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) ၏ ခေါင်းဆောင်အမည်စာရင်းများကို နိုဝင်ဘာလဆန်း ပုံမှန်အစည်းအဝေး၌ အတည်ပြုထုတ်ပြန် နိုင်မည် ဖြစ်ကြောင်း အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါ တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို အောက်တိုဘာ ၄ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အတည်ပြုဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖွဲ့စည်းရာတွင် အဖွဲ့ခေါင်းဆောင်အဖြစ် NLD က တာဝန်ယူပြီး တွဲဖက်ခေါင်းဆောင်များအဖြစ် CRPP ကိုယ်စားပြု တစ်ဦး၊ UNA မှကိုယ်စားပြုတစ်ဦးနှင့် CRPP နှင့် UNA တို့တွင် လုံးဝပါဝင်ခဲ့ခြင်း မရှိသည့် အခြားနိုင်ငံရေးပါတီများမှ ကိုယ်စားပြုတစ်ဦး ပါဝင်မည်ဖြစ်ပြီး ကျန်ပါတီများအနေဖြင့် အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်ကာ အဖွဲ့ခေါင်းဆောင် အဖြစ် ပါဝင်မည့်သူများကို သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့် ထပ်မံတွေ့ဆုံမည့် နိုဝင်ဘာလဆန်းအစည်းအဝေးမှသာ ထုတ်ဖော်ပြောကြားမည် ဖြစ်ကြောင်း သိရသည်။

NLD အနေဖြင့် ခေါင်းဆောင်အဖြစ် ပါဝင်မည့်ပုဂ္ဂိုလ်၏ အမည်စာရင်း ကြိုတင်ထုတ်ပြန်ရန် ရှိ မရှိနှင့်ပတ်သက်၍“NLD ကလည်း နိုဝင်ဘာလဆန်း အစည်းအဝေးလုပ်တဲ့နေ့ကျရင် ကြေညာပါမယ်”ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ယခုဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့တွင် NLD အနေဖြင့် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော်လည်း NLD မှ ဦးဆောင်သည့် ပုံစံမျိုးမဟုတ်ဘဲ မဟာမိတ်ပုံစံသာဖြစ်ကြောင်း သိရသည်။

ထို့အတူ UNA အနေဖြင့်လည်း တွဲဖက်ခေါင်းဆောင်တစ်ဦး အမည်စာရင်းပေးရမည်ဖြစ်သော်လည်း UNA အဖွဲ့ဝင်ပါတီ များ တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ရသေးသဖြင့် ကိုယ်စားလှယ်အဖြစ် ပါဝင်မည့်သူအား ရွေးချယ်ခြင်းမပြုလုပ်ရ သေးကြောင်း EAPP ဖွဲ့စည်းရာတွင် UNA အဖွဲ့ကိုယ်စား ပါဝင်ခဲ့သည့် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။

သို့ရာတွင် CRPP မှ အဖွဲ့ဝင်ကိုယ်စားပြုတစ်ဦး ပါဝင်ရန်မှာ CRPP အနေဖြင့် သီးခြားအဖွဲ့ပုံစံမရှိတော့ဘဲ CRPP တွင် ပါဝင်ခဲ့သည့်သူများမှာ လက်ရှိ UNA တွင် ပါဝင်နေသူများဖြစ်သဖြင့် CRPP ကိုယ်စားရွေးချယ်ရန် မည်သို့ လုပ်ဆောင်မည်ကိုလည်း မသိရှိရသေးကြောင်း ဦးမင်းကျော်ဝင်းက ဆိုသည်။ တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်း အဖွဲ့ကို တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံရေး ပြဿနာများအား အတူတကွ ညှိနှိုင်းဖြေရှင်းမှုပုံစံဖြင့် ဆောင်ရွက်နိုင်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တစ်ရပ် ပေါ်ပေါက်ရေးအတွက် လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။ 

Eleven Media Group 

No comments:

Post a Comment