Friday 10 October 2014

မြို့ ၄၉ မြို့မှာ အူရီဒူးဆင်းမ်ကတ်တွေ ရောင်းအုံးမယ်

ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရထားတဲ့ အူရီဒူးက ခုနှစ်အကုန် မြို့ပေါင်း ၄၉ မြို့မှာ ဆင်းမ်ကတ်တွေ ထပ်ပြီးရောင်းအုံးမယ်လို့ သိရပါတယ်။
ထပ်ပြီးရောင်းမယ့် မြို့တွေက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်းက မြို့တွေ ဖြစ်တယ်လို့ အူရီဒူးမြန်မာ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ဆိုပါတယ်။

လတ်တလောမှာ အူရီဒူး မြန်မာက တာဝါတိုင် ငါးရာ ပြီးစီးနေပြီး နှစ်ကုန်ပိုင်းမှာ တာဝါတိုင် ရှစ်ရာကနေ တစ်ထောင် ကျော် အထိ ပြီးစီးအောင် စိုက်ထူမှာဖြစ်တယ်လို့လည်း အူရီဒူးမြန်မာရဲ့ သတင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

အူရီဒူး ဆင်းမ်ကတ်တွေကို သြဂုတ်လတွင်းက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ စရောင်းခဲ့ပြီး ဖုန်းပြောဆို တဲ့အခါမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
The Voice Weekly

No comments:

Post a Comment