Friday 10 October 2014

၂၀၁၅ တွင် တင်သွင်းသည့်ကားများ ဘယ်မောင်းဖြစ်ရန် ဌာနအားလုံး ထောက်ခံချက်လို

၂၀၁၅ တွင် တင်သွင်းသမျှ မော်ဒယ်များ အားလုံးကို ဘယ်မောင်းကားများကိုသာ သွင်းခွင့်ပြုမည်ဆိုခြင်းမှာ သက်ဆိုင်ရာ ဌာနအားလုံး၏ ထောက်ခံချက်လိုအပ်ပြီး လတ်တလော မသေချာသေးကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမင်းမင်းက ပြောသည်။
‘‘အားလုံးရဲ့ မှတ်ချက်တွေ အပေါ် မူတည်ပြီး ဘယ်မောင်း တင်သွင်းခွင့်ကို ထည့်သွင်းစဉ်း စားရမှာပါ’’ ဟု ဦးမင်းမင်းက ဆို သည်။

ပြည်တွင်း၌ ၂၀၁၄ ခုနှစ် ဇန် န၀ါရီ ၁ ရက်မှစ၍ ၂၀၁၃ နှင့် ၂၀၁၄ မော်ဒယ်များ တင်သွင်းပါ က ဘယ်မောင်းသာ တင်သွင်းရ မည်ဟု သတ်မှတ်ထားခဲ့ပြီး ယခု အခါ ကျန်မော်ဒယ်များကိုပါ တင် သွင်းပါကလည်း ဘယ်မောင်း တင်သွင်းရန် အစိုးရက စီစဉ်နေ ခြင်းဖြစ်သည်။

တင်သွင်းသမျှ မော်ဒယ် အားလုံး ဘယ်မောင်းတင်သွင်း ခွင့်ပေးရန် သတ်မှတ်ချက်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနက ထောက်ခံထား ကြောင်းလည်း သတင်းရရှိသည်။

‘‘ဘယ်မောင်းက လမ်းစနစ် နဲ့ အရမ်းကိုက်ညီတယ်။ ယာဉ် အန္တရာယ်အတွက်လည်း အများ ကြီးလုံခြုံတယ်’’ ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲ အုပ်တစ်ဦးက ပြောသည်။

ကားဈေးကွက်တွင်လည်း ၂၀၁၅ ခုနှစ် CIF တန်ဖိုးနှုန်းထား သစ်နှင့်အတူ တင်သွင်းလာသမျှ ကားအားလုံးကို ဘယ်မောင်းများ ကိုသာ တင်သွင်းခွင့်ပြုဖွယ် ရှိ သည်ဟု သတင်းများ ထွက်ပေါ် နေသည်။

ဘယ်မောင်းကားများသာ နောက်ပိုင်းတင်သွင်းခွင့်ရမည်ဆို ပါက ဂျပန်လေလံဈေးကွက်အ ပေါ် ရိုက်ခတ်မှုရှိနိုင်ပြီး လေလံဆွဲရာတွင် နှောင့်နှေးမှုများ ရှိလာ နိုင်ကြောင်း ကားအရောင်းပြခန်း ပိုင်ရှင်တစ်ဦးက သုံးသပ်သည်။

ဘယ်မောင်းကား အများစု သည် ဥရောပနိုင်ငံထုတ် ကား များသာ အများစုဖြစ်ပြီး ဂျပန် တစ်ပတ်ရစ်လေလံဈေးကွက် တွင်လည်း နောက်ပိုင်းထုတ်လုပ် သည့် ကားများ၌ ဘယ်မောင်း ကားများလာကြောင်း ကားတင် သွင်းသူအချို့က ဆိုသည်။

7Day DAILY

No comments:

Post a Comment