Friday 10 October 2014

မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ရေကန်ကြီးများအား ပြန်လည်ပြုပြင်၍ ယနေ့တိုင်အသုံးပြုနေ

Photo: မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ရေကန်ကြီးများအား
ပြန်လည်ပြုပြင်၍ ယနေ့တိုင်အသုံးပြုနေ
Friday,October 10, 2014

မန္တ လေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင် ကြီးတို့မှ လှူဒါန်းခဲ့သော ရေကန် ကြီး နှစ်ကန်အား နန်းရှေ့ မဟာဝိသုတာ ရာမတိုက်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ယနေ့တိုင် အသုံး ပြုနေဆဲဖြစ်ကြောင်း သိရသည်။

ယခုအခါ ရေကန်ကြီးများမှာ ယိုယွင်းပျက်စီးလာခြင်းကြောင့် အ လှူရှင်များမှ မင်းတုန်းမင်းတရားကြီး နှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့ အား အမှူးထား ကာ ပြန်လည်ပြုပြင် လှူဒါန်းထားသည်။

မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့သည် နန်းတော်ကြီး၏အရှေ့ထိပ် ၂၉ဒသမ ၂ဝဧကကျယ်ဝန်းသော မြေနေရာ တွင် မြန်မာသက္ကရာဇ် ၁၂၁၈ခုနှစ် တပို့တွဲလပြည့်ကျော် ၅ရက် သော ကြာနေ့ ပန္နက်ချပြီး မဟာတုလွတ် ဘုမ်စံ ရွှေကျောင်းတော်ကြီးအား ဝဲဘက်ထောင့်၊ ယာဘက်ထောင့်တွင် ရေကန်တော်ကြီးတစ်ကန်စီ အရန် ကျောင်းပေါင်း ၂ဝဖြင့်ဆောက်လုပ် ကာ ဥေယျဓမ္မာဘိမုနိဝရဥာဏကိတ္တိ သီရိဓဇ ဓမ္မသေနာပတိ မဟာဓမ္မရာ ဇာဓိရာဇဂုရုရွှေတံဆိပ်တော်ရ သု ဓမ္မာသာသနာပိုင်ဆရာတော်ကြီး အားတင်လှူတော်မူခဲ့သည်။

ကျောင်း တော်ကြီးမှာ ဒုတိယကမ္ဘာစစ်ဘေး ကြောင့်ပျက်စီးခဲ့ပြီး လှေကားလက် ရန်းအုတ်ခုံကြီးလေးခုသာ ကျန်ရှိ သည်။

ယခုအခါ အရန်ကျောင်း ၂ဝ တွင် တိုက်အုပ်နှင့် နာယက ဆရာ တော်အပါအဝင် သံဃာတော်များ သီတင်းသုံးလျက်ရှိပြီး ရေကန်ကြီး နှစ်ကန်မှ ရေကို အသုံးပြု လျက် ရှိခြင်း ကြောင့် ယခုနှစ်အတွင်း ရေကန်ကြီး များအားပြန်လည်ပြုပြင်ခဲ့သည်။

Yangon Media Group
မန္တလေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးနှင့် စကြာဒေဝီ မိဖုရား ခေါင်ကြီးတို့မှ လှူဒါန်းခဲ့သော ရေကန် ကြီး နှစ်ကန်အား နန်းရှေ့ မဟာဝိသုတာ ရာမတိုက် ဘုန်းတော်ကြီး ကျောင်းရှိ သံဃာတော်များ ယနေ့တိုင် အသုံး ပြုနေဆဲဖြစ်ကြောင်း သိရသည်။

ယခုအခါ ရေကန်ကြီးများမှာ ယိုယွင်းပျက်စီးလာခြင်းကြောင့် အ လှူရှင်များမှ မင်းတုန်းမင်းတရားကြီး နှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့ အား အမှူးထား ကာ ပြန်လည်ပြုပြင် လှူဒါန်းထားသည်။

မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့သည် နန်းတော်ကြီး၏အရှေ့ထိပ် ၂၉ဒသမ ၂ဝ ဧက ကျယ်ဝန်းသော မြေနေရာ တွင် မြန်မာသက္ကရာဇ် ၁၂၁၈ခုနှစ် တပို့တွဲလပြည့်ကျော် ၅ရက် သော ကြာနေ့ ပန္နက်ချပြီး မဟာတုလွတ် ဘုမ်စံ ရွှေကျောင်းတော်ကြီးအား ဝဲဘက်ထောင့်၊ ယာဘက်ထောင့်တွင် ရေကန်တော်ကြီးတစ်ကန်စီ အရန်ကျောင်းပေါင်း ၂ဝဖြင့်ဆောက်လုပ် ကာဥေယျဓမ္မာဘိမုနိဝရဥာဏ ကိတ္တိ သီရိဓဇ ဓမ္မသေနာပတိ မဟာဓမ္မရာ ဇာဓိရာဇဂုရုရွှေတံဆိပ်တော်ရ သုဓမ္မာသာသနာပိုင် ဆရာတော် ကြီး အားတင်လှူတော်မူခဲ့သည်။

ကျောင်း တော်ကြီးမှာ ဒုတိယကမ္ဘာစစ်ဘေး ကြောင့်ပျက်စီးခဲ့ပြီး လှေကားလက် ရန်းအုတ်ခုံကြီးလေးခုသာ ကျန်ရှိ သည်။

ယခုအခါ အရန်ကျောင်း ၂ဝ တွင် တိုက်အုပ်နှင့် နာယက ဆရာ တော်အပါအဝင် သံဃာတော်များ သီတင်း သုံးလျက်ရှိပြီး ရေကန်ကြီး နှစ်ကန်မှ ရေကို အသုံးပြုလျက်ရှိခြင်းကြောင့် ယခုနှစ်အတွင်း ရေကန်ကြီးများ အား ပြန်လည်ပြုပြင်ခဲ့သည်။

Yangon Media Group 

No comments:

Post a Comment