Friday 10 October 2014

ဖားကန့်မှော်များတွင် ကျောက်စိမ်းတူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက်သို့ ကုန်ကြမ်းဝင်ရောက်မှု မြင့်တက်လာ

Photo: ဖားကန့်မှော်များတွင် ကျောက်စိမ်းတူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက်သို့ ကုန်ကြမ်းဝင်ရောက်မှု မြင့်တက်လာ
Friday, Ocotber 10, 2014

ဖားကန့်မှော်များတွင် ပုဂ္ဂလိကကျောက်စိမ်းလုပ်ကွက်များ ပြန်လည်တူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက်တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း  ဈေးကွက်အတွင်းမှ သိရသည်။
 
ကျောက်စိမ်းလုပ်ကွက်များ၌ စက်တင်ဘာ ၁ ရက်မှ စ၍ကျောက်စိမ်းတူးဖော်မှု စတင်နေပြီဖြစ်သောကြောင့် မန္တလေးသို့ ကုန်ကြမ်းဝင်ရောက်မှု မြင့်တက်လာသော်လည်း မဟာအောင်မြေကျောက်ဝိုင်းတွင် တရုတ်ကုန်သည်များ၏ ဈေးပေးဝယ်မှုမှာမူ ယခင်အတိုင်း နည်းနေဆဲဖြစ်ကြောင်း သိရသည်။
 
“လုပ်ကွက်တွေက ပြန်တော့စနေပြီ။အကုန်တော့ မလုပ်ကြသေးဘူး။ မိုးမပြတ်သေးတာရယ် တစ်လလောက်ပဲ ရှိသေးတော့ တွင်းရှင်းရလင်းရတာနဲ့ ကျောက်အထွက်နည်းသေးတယ်။ မန္တလေးကိုနည်းနည်းပဲ ပို့နိုင်သေးတယ်”ဟု ဖားကန့်မှော်တွင် လုပ်ကိုင်နေသူ ကိုဝင်းဗိုလ်က ပြောကြားသည်။
 
အောက်တိုဘာ ဒုတိယပတ်အတွင်း ပြုလုပ်မည့် နေပြည်တော်ကျောက်မျက်ပြပွဲအပေါ် မန္တလေးမှ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စိတ်ဝင်စားမှု နည်းပါးလျက်ရှိပြီး ဖားကန့်ဒေသမှ ဝင်ရောက်သည့် ကုန်ကြမ်းပေါ်မူတည်ကာ ကုန်ချောပြန်လည်ထုတ်လုပ်မှု ရှိနေကြောင်း သိရသည်။
 
နေပြည်တော်ကျောက်မျက်ပြပွဲနှင့် ပတ်သက်၍ “ခုပွဲက နိုင်ငံခြားငွေနဲ့ မတင်ပို့ပေးနိုင်လို့ ပြည်တွင်းကုန်သည်အချင်းချင်း တရားဝင် ရောင်းဝယ်ခွင့်ပြုပေးတဲ့ ပွဲသေးလို့ ပြောလို့ရပါတယ်။ ပြည်တွင်းကုန်သည်တွေ ဆိုပေမယ့် တချို့တရုတ်တွေက မြန်မာကုန်သည်တွေနဲ့ပေါင်း နာမည်ခံပြီး လာဝယ်တာမျိုးလည်းရှိတယ်”ဟု ဝင်းသီတာ ကျောက်စိမ်းအချောထည်ရောင်းဝယ်ရေးမှ ဦးကျော်ညွန့်က ရှင်းပြသည်။
 
ဖားကန့်ကျောက်စိမ်းမှော်များကို လုံခြုံရေးအခြေအနေအရ ပိတ်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကာ ပြန်ဖွင့်ပေးခဲ့သည်မှာ တစ်လကျော်သာ ရှိသေးသည်။  

Eleven Media Group 

မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်ဝိုင်းအား အောက်တိုဘာ ၇ ရက် နံနက်က တွေ့ရစဉ်
မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်ဝိုင်းအား အောက်တိုဘာ ၇ ရက် နံနက်က တွေ့ရစဉ်
ဖားကန့်မှော်များတွင် ပုဂ္ဂလိကကျောက်စိမ်းလုပ်ကွက်များ ပြန်လည်တူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက် တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ကျောက်စိမ်းလုပ်ကွက်များ၌ စက်တင်ဘာ ၁ ရက်မှ စ၍ကျောက်စိမ်းတူးဖော်မှု စတင်နေပြီဖြစ်သောကြောင့် မန္တလေးသို့ ကုန်ကြမ်းဝင်ရောက်မှု မြင့်တက်လာသော်လည်း မဟာအောင်မြေကျောက်ဝိုင်းတွင် တရုတ်ကုန်သည်များ၏ ဈေးပေးဝယ် မှုမှာမူ ယခင်အတိုင်း နည်းနေဆဲဖြစ်ကြောင်း သိရသည်။

“လုပ်ကွက်တွေက ပြန်တော့စနေပြီ။အကုန်တော့ မလုပ်ကြသေးဘူး။ မိုးမပြတ်သေးတာရယ် တစ်လလောက်ပဲ ရှိသေး တော့ တွင်းရှင်းရလင်းရတာနဲ့ ကျောက်အထွက်နည်းသေးတယ်။ မန္တလေးကိုနည်းနည်းပဲ ပို့နိုင်သေးတယ်”ဟု ဖားကန့်မှော်တွင် လုပ်ကိုင်နေသူ ကိုဝင်းဗိုလ်က ပြောကြားသည်။

အောက်တိုဘာ ဒုတိယပတ်အတွင်း ပြုလုပ်မည့် နေပြည်တော်ကျောက်မျက်ပြပွဲအပေါ် မန္တလေးမှ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စိတ်ဝင်စားမှု နည်းပါးလျက်ရှိပြီး ဖားကန့်ဒေသမှ ဝင်ရောက်သည့် ကုန်ကြမ်းပေါ်မူတည်ကာ ကုန်ချောပြန်လည်ထုတ်လုပ်မှု ရှိနေကြောင်း သိရသည်။

နေပြည်တော်ကျောက်မျက်ပြပွဲနှင့် ပတ်သက်၍ “ခုပွဲက နိုင်ငံခြားငွေနဲ့ မတင်ပို့ပေးနိုင်လို့ ပြည်တွင်းကုန်သည်အချင်းချင်း တရားဝင် ရောင်းဝယ်ခွင့်ပြုပေးတဲ့ ပွဲသေးလို့ ပြောလို့ရပါတယ်။ ပြည်တွင်းကုန်သည်တွေ ဆိုပေမယ့် တချို့တရုတ် တွေက မြန်မာကုန်သည်တွေနဲ့ပေါင်း နာမည်ခံပြီး လာဝယ်တာမျိုးလည်းရှိတယ်”ဟု ဝင်းသီတာ ကျောက်စိမ်း အချောထည်ရောင်းဝယ်ရေးမှ ဦးကျော်ညွန့်က ရှင်းပြသည်။

ဖားကန့်ကျောက်စိမ်းမှော်များကို လုံခြုံရေးအခြေအနေအရ ပိတ်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကာ ပြန်ဖွင့်ပေးခဲ့သည်မှာ တစ်လကျော်သာ ရှိသေးသည်။

Eleven Media Group 

No comments:

Post a Comment