Friday 10 October 2014

ကိုဘာနီမြို့မှာ Kurdish တွေ ပြန်လည်အသာစီးရ

ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့ ​နေရာတချို့ကို ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​သိမ်းပိုက်နိုင်ခဲ့ပေမယ့် ​အခုအခါမှာ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တိုက်ခိုက်မှုနဲ့ ​Kurdish ​အဖွဲ့ရဲ့ ​ထိုးစစ်ဆင်မှုတွေကြောင့် ​IS ​အဖွဲ့တွေ ​ရှုံးနိမ့်နေတဲ့ ​အခြေအနေ ​ရောက်ရှိနေပါတယ်။

ကိုဘာနီမြို့ရဲ့ ​သုံးပုံ ​တစ်ပုံကို ​IS ​တပ်ဖွဲ့က ​သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ခဲ့ပေမယ့် ​အခုအခါမှာ ​Kurdish ​တပ်ဖွဲ့က ​သူတို့ ​အဲ ​ဒီ ​နေရာ ​တွေကို ​ပြန်လည် ​ရရှိ ​ထားပြီလို့ ​ပြောပါတယ်။

ညတုန်းကတော့ ​အမေရိကန် ​ဦးဆောင်တဲ့ ​တပ်တွေက ​Kurdish ​တပ်တွေအတွက် ​ဝေဟင်ကနေ ​တိုက်ခိုက်မှုတွေ ​တိုးမြှင့် ​လုပ်ဆောင်ပေးခဲ့ပါတယ်။

အခုလောလောဆယ် ​IS ​တပ်ဖွဲ့က ​ကိုဘာနီမြို့ရဲ့ ​အရှေ့နဲ့ ​အရှေ့တောင်ပိုင်းက ​နေရာတချို့ကို ​သိမ်းပိုက်ထားတယ်လို့လည်း ​သိရပါတယ်။


ကိုဘာနီမြို့ဟာ ​တူရကီနိုင်ငံနဲ့ ​နီးတဲ့ ​မြို့ဖြစ်တဲ့အတွက် ​တူရကီ ​အစိုးရတပ်ကလည်း ​IS ​တပ်ဖွဲ့ကို ​နှိမ်နင်းမှုတွေလုပ်ဖို့ ​Kurdish ​လူမျိုးတွေက ​တောင်းဆိုနေကြသလို ​အမေရိကန်ကလည်း ​တူရကီ ​အစိုးရကို ​ဖိအားပေးနေပါတယ်။

ဒါပေမဲ့ ​တူရကီခေါင်းဆောင်တွေကတော့ ​သူတို့ ​တစ်နိုင်ငံထဲကိုပဲ ​ဆီးရီးယား ​မြေပြင်ကို ​သွားပြီး ​တိုက်ခိုက်ခိုင်းတာမျိုး ​မလုပ်သင့်ဘူးလို့ ​တုန့်ပြန်ထားပါတယ်။

တူရကီ ​အစိုးရကနေ ​တိုက်ခိုက်မှုအတွင်း ​ဝင်မပါတဲ့အပေါ် ​မကျေနပ်တဲ့အတွက် ​တူရကီနိုင်ငံအတွင်းက ​Kurdish ​လူမျိုးတွေက ​ဆန္ဒပြမှုတွေ ​ဆက်တိုက် ​ပြုလုပ်နေကြပါတယ်။

အရင်ရက်ကတော့ ​ဆန္ဒပြသူတွေနဲ့ ​တူရကီရဲတွေအကြား ​ပဋိပက္ခဖြစ်ခဲ့ရာက ​အနည်းဆုံး ​လူ၂၅ ​ယောက် ​သေဆုံးခဲ့ရတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Hayden ​Cooper ​က ​အစ္စတန်ဘူလ် ​မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment