Friday 10 October 2014

ရန်ကုန်မှ ဆိုးလ်သို့ MAI တိုက်ရိုက်ပြေးဆွဲမည်

Photo: ရန်ကုန်မှ ဆိုးလ်သို့ MAI တိုက်ရိုက်ပြေးဆွဲမည်
Friday,October 10, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ ရန်ကုန်မှ တောင်ကိုရီးယားနိုင်ငံသို့ တစ်ပတ်လျှင် ငါးကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း MAI မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက မဇ္ဈိမကို ပြောသည်။

ယခင်က ကိုရီးယားခရီးစဉ်များကို Korean Air၊ Asiana Airlines တို့နှင့် Code Share အကျိုးတူပူးပေါင်း၍ ရန်ကုန်-ဆိုးလ်-ရန်ကုန် ခရီးစဉ်များကို စင်လုံးငှား လေယာဉ်များဖြင့် ပျံသန်းခဲ့သော်လည်း ယခုအခါ ကိုရီးယားသို့ MAI တစ်ဦး တည်း Airbus A320 ဖြင့် တိုက်ရိုက်ပျံသန်းမည် ဖြစ်သည်။

"အခုလို တိုက်ရိုက်ပြေးဆွဲတာက မြန်မာနိုင်ငံကိုဝင်တဲ့ ခရီးသွားတွေ တိုးလာမယ်။ နောက်ပြီး နှစ်နိုင်ငံကြားက စီးပွားရေးကဏ္ဍ  တိုးမြင့်စေဖို့ ရည်ရွယ်ပြီး ပြေးဆွဲပေးတာပါ"ဟု ဒေါ်အေးမရသာက ဆိုသည်။

MAI သည် လက်ရှိတွင် ဂျပန်နိုင်ငံမှ ခရီးသည်များအား ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိပြီး လာမည့် ပွင့်လင်းရာသီတွင် တောင်ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ်များဖြင့် ပျံသန်းပြေးဆွဲသွားတော့မည်ဖြစ်သည်။

MAI သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးနှင့် ဂါယာမြို့များသို့ Airbus A320 (လူဦးရေ ၁၈၀ ဆန့်)၊ Airbus A319 (လူဦးရေ ၁၂၀ ဆန့်) လေယာဉ်များဖြင့် ပုံမှန်ပျံသန်းပေးလျက်ရှိသည်။

Mizzima - News in Burmese
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ ရန်ကုန်မှ တောင်ကိုရီးယားနိုင်ငံသို့ တစ်ပတ်လျှင် ငါးကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း MAI မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက မဇ္ဈိမကို ပြောသည်။

ယခင်က ကိုရီးယားခရီးစဉ်များကို Korean Air၊ Asiana Airlines တို့နှင့် Code Share အကျိုးတူပူးပေါင်း၍ ရန်ကုန်-ဆိုးလ်-ရန်ကုန် ခရီးစဉ်များကို စင်လုံးငှား လေယာဉ်များဖြင့် ပျံသန်းခဲ့သော်လည်း ယခုအခါ ကိုရီးယားသို့ MAI တစ်ဦး တည်း Airbus A320 ဖြင့် တိုက်ရိုက်ပျံသန်းမည် ဖြစ်သည်။

"အခုလို တိုက်ရိုက်ပြေးဆွဲတာက မြန်မာနိုင်ငံကိုဝင်တဲ့ ခရီးသွားတွေ တိုးလာမယ်။ နောက်ပြီး နှစ်နိုင်ငံကြား က စီးပွားရေးကဏ္ဍ  တိုးမြင့်စေဖို့ ရည်ရွယ်ပြီး ပြေးဆွဲပေးတာပါ"ဟု ဒေါ်အေးမရသာက ဆိုသည်။

MAI သည် လက်ရှိတွင် ဂျပန်နိုင်ငံမှ ခရီးသည်များအား ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိပြီး လာမည့် ပွင့်လင်းရာသီတွင် တောင် ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ်များဖြင့် ပျံသန်းပြေးဆွဲသွားတော့မည်ဖြစ်သည်။

MAI သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးနှင့် ဂါယာမြို့များသို့ Airbus A320 (လူဦးရေ ၁၈၀ ဆန့်)၊ Airbus A319 (လူဦးရေ ၁၂၀ ဆန့်) လေယာဉ်များဖြင့် ပုံမှန်ပျံသန်း ပေးလျက်ရှိသည်။

Mizzima - News in Burmese 

No comments:

Post a Comment