Friday 10 October 2014

အခွန်အမှတ်တံဆိပ်များ နိုင်ငံခြားမှ မှာယူသုံးစွဲမည်

ဈေးကွက်တွင် သုံးစွဲ လျက်ရှိသည့် အခွန်အမှတ်တံ ဆိပ်များကို နိုင်ငံခြားမှ မှာယူပြီး ဒီ ဇင်ဘာလအတွင်း စတင်ပြောင်း လဲ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကပြောကြားသည်။
‘‘လက်ရှိအစိုးရက ထုတ်နေ တဲ့ အမှတ်တံဆိပ်တွေမှာ ကော် မပါဘူး။ ဒီလိုမပါတော့ ကုမ္ပဏီ လုပ်ငန်းရှင်တွေက သူတို့ဘာသာ ကော်သုံးပြီး ကပ်ရပါတယ်။ အဲဒီ ကော်က မကောင်းတော့ ကွာတာ ရှိတယ်။ အခုအဲဒီလိုမဖြစ်အောင် နိုင်ငံခြားကနေ အခွန်အမှတ်တံ ဆိပ်ကို မှာတယ်။ ကော်ပါမှာ တာ။ ချိတ်တော့ ချိတ်ထားတယ်။ ဒီဇင်ဘာလမှာ စမယ်’’ဟု ၎င်းက ပြောကြားသည်။

ပြောင်းလဲအသုံးပြုမည့် အ ဆင့်မြင့်အခွန်အမှတ်တံဆိပ်များ တွင် အသံ၊ လေဆာစသည်ဖြင့် စမ်းသပ်နိုင်ပြီး လုံခြုံရေး စနစ် ကိုးမျိုးခန့် ပါဝင်ကာ ယင်းတို့ကို နိုင်ငံခြားမှ မှာယူပြီး ပြည်တွင်းအခွန်ဦးစီးဌာနက ဆက်လက်လုပ် ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီး ဌာနအနေဖြင့် ပုဂ္ဂလိကကို အခွန် အမှတ်တံဆိပ် လုပ်ကိုင်ခွင့်ပေး ရန်၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်တွင် တင်ဒါခေါ်ယူခဲ့သော်လည်း မအောင်မြင်ခဲ့၍ ယခုကဲ့သို့ နိုင်ငံခြားမှ မှာယူရခြင်းဖြစ်သည်။

လက်ရှိအရက်၊ ဘီယာနှင့် စီးကရက်များ၌ အသုံးပြုနေသည့် အစိုးရထုတ် အခွန်အမှတ်တံဆိပ် များသည် ခွာယူ ရလွယ်ကူခြင်း၊ ပါးလွှာခြင်း၊ ရေစိုလျှင် ပေါက်ပြဲ လွယ်ခြင်းစသည့် အားနည်းချက် များရှိနေသည့်အပြင် ထုတ်လုပ် သည့် အစိုးရစက်ရုံမှလည်း အသုံးပြုမည့်အရေအတွက် အချိန်မီ မရရှိခြင်း၊ ပမာဏအနည်းငယ် သာ ထုတ်လုပ်နိုင်ခြင်းတို့ ကြောင့် နိုင်ငံခြားမှ အဆင့်မြင့် အခွန် အမှတ်တံဆိပ်များ ပြောင်းလဲသုံးစွဲသွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးအခွန်ဦးစီးဌာနမှ သိရ သည်။

မြန်မာနိုင်ငံတွင် တရားဝင် အခွန်ဆောင်ထားသည့် အရက်၊ ဘီယာလုပ်ငန်းပေါင်း ၃၀ ၀န်း ကျင်နှင့် ပြည်တွင်းထုတ်စီးကရက် အမျိုးအစား ခြောက်ခုရှိပြီး ၎င်းတို့ ထံမှ ကုန်သွယ်ခွန်ရရှိမှုပမာဏမှာ ကျပ်ငွေဘီလီယံ ၃၀ ခန့်နှင့် ၀င် ငွေခွန်ရရှိမှုပမာဏမှာ ကျပ်ငွေ ၁၀ ဘီလီယံခန့်ရှိကြောင်း သိရ သည်။

7Day DAILY

No comments:

Post a Comment