Wednesday 3 September 2014

အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးရန် မွေးရေ/ကျေးလက်ဝန်ကြီးဌာနအား လုပ်ငန်းရှင်များ တိုက်တွန်း

Photo: အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးရန် မွေးရေ/ကျေးလက်ဝန်ကြီးဌာနအား လုပ်ငန်းရှင်များ တိုက်တွန်း
Wenesday, September 3, 2014

 ရေထွက်ပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အခြေခံ အဆောက်အအုံ များ ဖြည့်ဆည်း ပေးရန် မွေးရေ/ကျေးလက် ၀န်ကြီးဌာနအား မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ လုပ်ငန်းရှင်များက တိုက်တွန်းထားသည်။

နိုင်ငံတော်က ရေထွက်ပို့ ကုန်တင်ပို့သူများထံမှ ၀င်ငွေ ၁၀ ရာခိုင်နှုန်း အခွန်ကောက် ခံခြင်းကို ရပ်တန့်လိုက်ကာ နိုင်ငံတကာက လည်း တားဆီး ပိတ်ဆို့မှု တချို့ လျှော့ချပေးနေသည့် အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့ ကလည်း အထူးအခွန်သက်သာ ခွင့်ပေးနေ၍ ၀န်ကြီးဌာနအနေဖြင့်လည်း အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးစေလိုကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

‘‘သဘာဝက ဖမ်းဆီးမှု ကျ လာတာလည်း မှန်တယ်။ မွေးမြူ ထုတ်လုပ်မှု ကျလာတာ လည်း မှန်တယ်။ ငွေလဲနှုန်းတွေ ကျလာ လို့ ငွေကြေး ကျုံ့သွားတာလည်း မှန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၀န်ကြီးဌာနက လုပ်ငန်းဆောင် ရွက်မှု စီမံကိန်းတွေ ဆွဲပေးတာနဲ့ ၀န်ကြီးကဦးဆောင်ပြီး လုပ်ငန်း ရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် တာ မရှိဘူး။ ကျွန်တ်ာတို့ ရေလုပ် ငန်းကဏ္ဍ တိုးတက်လာဖို့ ပိုက်ဆံ ချေးပေးနေရုံနဲ့ မရဘူး။ အရင်း အားနည်းလို့ အရင်းမရှိတာနဲ့ နည်းပညာအားနည်းတာက ငွေ ရှင်နဲ့ ပညာရှင်တွေ ၀ိုင်းပံ့ပိုးပေး လို့ ရပေမယ့် အခြေခံအဆောက် အအုံတွေကတော့ နိုင်ငံတော်နဲ့ ၀န်ကြီးဌာနက လုပ်ပေးစေချင် တယ်’’ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရေထွက်ပို့ကုန်လုပ်ငန်းမှ ၀င်ငွေတိုးလာရန် လုပ်ငန်းရှင် များက ကြိုးစားနေချိန် ၀န် ကြီးအပြောင်းအလဲဖြစ်၍ ၀န် ကြီးဌာနလည်း တိုးချဲ့လိုက်ပြီးမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကာ အခြေခံအဆောက် အအုံများ လိုအပ်နေ၍ ၀န်ကြီး ဌာန၏ ဦးဆောင်မှု မရသကဲ့သို့ ခံစားကြရကြောင်း ရေထွက်ပို့ ကုန်လုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။

‘‘၀န်ကြီးအသစ်တက်လာ ပြီး ၀န်ကြီးဌာနလည်း တိုးချဲ့လိုက် တယ်။ ဒါကြောင့် ဌာနသုံးခုအ တွက် ဒုဝန်ကြီးသုံးပါးနဲ့ အလုပ် တွေပိုလာချိန်မှာ ကျေးလက် ဒေသဖွံ့ဖြိုးရေးကိုပဲ ဦးစားပေး လုပ်နေတော့၊ ကျွန်တော်တို့ အ သားနဲ့ ငါးကဏ္ဍမှာ အားနည်းလာ တယ်။ ကျွန်တော်တို့ရုံးကို မလာ သလောက်ကို ဖြစ်သွားတာ၊ အ ရင်ဝန်ကြီးတွေတုန်းက နှစ်ပတ် လည်ပွဲတိုင်း ရောက်လာကြပေ မယ့် ၀န်ကြီးအသစ်က မလာဘူး။ ဒုဝန်ကြီးတစ်ပါးကတော့ ပုံမှန် လာပေးနေပါတယ်’’ ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

၂၀၁၃ သြဂုတ်တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနအဖြစ် တိုးချဲ့ဆောင်ရွက်နေကြောင်း ၀န်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

‘‘ဒီအတိုင်း ဆက်သွားနေ ရင် ကျွန်တော်တို့တော့ နာလန်ထူမှာ မဟုတ်ဘူး’’ ဟု အစည်းအဝေး တက်ရောက်သူ တစ်ဦးက ပြောသည်။

ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးကမူ ရေလုပ် ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန် အလုပ်ရုံဆွေးနွေးပွဲများ ပုံမှန်လုပ် ပေးနေကြောင်း ပြောသည်။

7Day DAILY

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပြည်ပသို့ တင်ပို့မှုမှာ ယခုနှစ်ပိုင်းအတွင်း ဆက်တိုက် ကျဆင်း ခဲ့သည် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပြည်ပသို့ တင်ပို့မှုမှာ ယခုနှစ်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းခဲ့သည် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 ရေထွက်ပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အခြေခံအဆောက်အအုံများ ဖြည့်ဆည်း ပေး ရန် မွေးရေ /ကျေး လက် ၀န်ကြီးဌာနအား မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ လုပ်ငန်းရှင်များက တိုက်တွန်း ထားသည်။
နိုင်ငံတော်က ရေထွက်ပို့ ကုန်တင်ပို့သူများထံမှ ၀င်ငွေ ၁၀ ရာခိုင်နှုန်း အခွန်ကောက် ခံခြင်းကို ရပ်တန့် လိုက်ကာ နိုင်ငံတကာက လည်း တားဆီး ပိတ်ဆို့မှု တချို့ လျှော့ချပေးနေသည့် အပြင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့ ကလည်း အထူးအခွန်သက်သာ ခွင့်ပေးနေ၍ ၀န်ကြီးဌာနအနေဖြင့်လည်း အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးစေလိုကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးဝင်းကြိုင်က ပြောကြားသည်။

‘‘သဘာဝက ဖမ်းဆီးမှု ကျ လာတာလည်း မှန်တယ်။ မွေးမြူ ထုတ်လုပ်မှု ကျလာတာ လည်း မှန် တယ်။ ငွေလဲနှုန်းတွေ ကျလာ လို့ ငွေကြေး ကျုံ့သွားတာလည်း မှန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၀န်ကြီးဌာန က လုပ်ငန်းဆောင် ရွက်မှု စီမံကိန်းတွေ ဆွဲပေးတာနဲ့ ၀န်ကြီးကဦးဆောင်ပြီး လုပ်ငန်း ရှင်တွေနဲ့ ပူးပေါင်းဆောင် ရွက် တာ မရှိဘူး။ ကျွန်တ်ာတို့ ရေလုပ် ငန်းကဏ္ဍ တိုးတက်လာဖို့ ပိုက်ဆံ ချေးပေးနေရုံနဲ့ မရဘူး။ အရင်း အားနည်းလို့ အရင်းမရှိတာနဲ့ နည်းပညာအားနည်းတာက ငွေ ရှင်နဲ့ ပညာရှင်တွေ ၀ိုင်းပံ့ ပိုးပေး လို့ ရပေမယ့် အခြေခံအဆောက် အအုံတွေကတော့ နိုင်ငံတော်နဲ့ ၀န်ကြီးဌာနက လုပ်ပေးစေချင် တယ်’’ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရေထွက်ပို့ကုန်လုပ်ငန်းမှ ၀င်ငွေတိုးလာရန် လုပ်ငန်းရှင် များက ကြိုးစားနေချိန် ၀န် ကြီးအပြောင်းအလဲဖြစ်၍ ၀န် ကြီးဌာနလည်း တိုးချဲ့လိုက်ပြီးမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကာ အခြေခံအဆောက် အအုံများ လိုအပ်နေ၍ ၀န်ကြီး ဌာန၏ ဦးဆောင်မှု မရသကဲ့သို့ ခံစားကြရကြောင်း ရေ ထွက်ပို့ ကုန်လုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။

‘‘၀န်ကြီးအသစ်တက်လာ ပြီး ၀န်ကြီးဌာနလည်း တိုးချဲ့လိုက် တယ်။ ဒါကြောင့် ဌာနသုံးခုအ တွက် ဒုဝန်ကြီး သုံးပါးနဲ့ အလုပ် တွေပိုလာချိန်မှာ ကျေးလက် ဒေသဖွံ့ဖြိုးရေးကိုပဲ ဦးစားပေး လုပ်နေတော့၊ ကျွန်တော်တို့ အ သားနဲ့ ငါးကဏ္ဍမှာ အားနည်းလာ တယ်။ ကျွန်တော်တို့ရုံးကို မလာ သလောက်ကို ဖြစ်သွားတာ၊ အ ရင်ဝန်ကြီးတွေတုန်းက နှစ်ပတ် လည်ပွဲတိုင်း ရောက်လာကြပေ မယ့် ၀န်ကြီးအသစ်က မလာဘူး။ ဒုဝန်ကြီးတစ်ပါးကတော့ ပုံမှန် လာပေးနေပါတယ်’’ ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

၂၀၁၃ သြဂုတ်တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၏ သဘောတူညီ ချက်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနအဖြစ် တိုးချဲ့ဆောင်ရွက်နေကြောင်း ၀န်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

‘‘ဒီအတိုင်း ဆက်သွားနေ ရင် ကျွန်တော်တို့တော့ နာလန်ထူမှာ မဟုတ်ဘူး’’ ဟု အစည်းအဝေး တက်ရောက်သူ တစ်ဦးက ပြောသည်။

ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးကမူ ရေလုပ် ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန် အလုပ်ရုံဆွေးနွေး ပွဲများ ပုံမှန်လုပ် ပေးနေကြောင်း ပြောသည်။

7Day DAILY

No comments:

Post a Comment