Wednesday 3 September 2014

တာချီလိတ်တွင် အနုကြမ်းစီးပြီး အိမ်ရှင်အမျိုးသမီးကို သတ်ဖြတ်မှုဖြစ်ပေါ်

တာချီလိတ်မြို့ရှိ အိမ်တစ်အိမ်ကို လူတစ်စုက အနုကြမ်းစီးခဲ့ပြီး အိမ်ပိုင်ရှင်အမျိုး သမီးကို သတ်ဖြတ် သွားကြောင်း သတင်းရရှိသည်။
သြဂုတ် ၃၁ ရက် ညက တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက် ရှိ အိမ်တစ်အိမ်ကို အမျိုးသား သုံးဦးက အနုကြမ်းစီးခဲ့ပြီး အသက်(၃၆)နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကို သတ်၍ မီးခံ သေတ္တာထဲမှ ရွှေထည်ပစ္စည်း များနှင့် ငွေကြေးအချို့ကို ယူဆောင်သွားကြောင်း တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး က ပြော သည်။

‘‘အသေးစိတ်တော့ မပြော နိုင်သေးဘူး။ စစ်ဆေးနေတုန်းပဲ။ ဘာပစ္စည်းတွေ ပါသွားပြီး ပိုက်ဆံ ဘယ်လောက် ဆိုတာ စိစစ်နေတုန်းပဲ’’ဟု အဆိုပါ ရဲအရာရှိ က ပြောသည်။

တာချီလိတ်မြို့သည် ထိုင်း နိုင်ငံနှင့် နယ်စပ်ချင်းကပ်လျက်ရှိ ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မှုခင်း များ အဖြစ်များကာ ထိုအမှုမှာလည်း မူးယစ်ဆေးပြဿနာနှင့် ဆက်နွှယ်ဖွယ်ရှိကြောင်းဒေသခံ အချို့က ပြော သည်။

7Day DAILY

No comments:

Post a Comment