Wednesday 3 September 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု ၄၊၅ရက်ကြာလျှင် ထူးမည်ဟုဆိုပြန် ( ရေငုပ်သမားများစမ်းမိသောအရာမှာ သံစည်ပိုင်းမဟုတ်ဘဲခေါင်းလောင်းဟု ယူဆရပြီး ခေါင်းလောင်းရှာတွေ့ကြောင်း သတင်းထုတ်ပြန်ပြီးနှစ်ရက် အကြာတွင်ပြော)

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့မှ ဆလုံလူမျိုးများ ရေငုပ်ရှာဖွေမိသောအရာမှာ သံ စည်ပိုင်းတစ်ခု မဟုတ်ဘဲ ဓမ္မစေ တီခေါင်းလောင်းကြီးဟု ယူဆရပြီး၎၊၅ရက်ကြာလျှင်ထူးခြားနိုင်မည်ဟု ခန့် မှန်းကြောင်း ပြန် ကြားေ ရး အဖွဲ့ဝင်ဦးကြည်ဝင်းက ပြောကြားသည်။
ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာပြီးရှစ် ရက်မြောက်နေ့တွင်  ဓမ္မစေတီ ခေါင်းလောင်းကြီး ဟု ယူဆရ သောအရာကို   သံမဏိကြိုးများဖြင့်ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း ၎င်းကပြော သည်။

အင်တာနက်လူမှုကွန်ရက် စာမျက်နှာသတင်းများတွင် ဓမ္မစေတီခေါင်းလောင်းအကြောင်း အ ပျက်သဘော မျိုးရေး သားခြင်းများ ကိုလည်း  အများပြည်သူမယုံ ကြည်စေလိုကြောင်း၊  ယခုဆို ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ အဖျက်သီချင်းများပင်ထုတ်နေ ကြောင်း၊ သို့သော် ပြန်ကြားရေးအ ဖွဲ့က အပြစ်မမြင်ပါကြောင်း ၎င်း ကပြောသည်။

‘‘သတင်းမထုတ်ပြန်ချင်ဘူး။ခဏစောင့်ပေးပါ။  ကြိုးစားနေ တယ်။ မလုပ်ဘဲရပ်ထားတာမ ဟုတ်ဘူး။ မိုးလည်း ရွာနေတယ်။ ရေထဲက ကိစ္စတွေပြီးရင်ကြေညာ မယ်။ ဦးစံလင်းနေကောင်းတယ်။ ဘာမှမလို အပ်ဘူး လို့ လည်းပြော တယ်’’ဟုဦးကြည်ဝင်းကပြော ကြားသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်ကြိုးပမ်းမှုမှာ၂၅ ရက်ရှိပြီဖြစ်ပြီး  ကုန်းပေါ်ရောက်မှ သာ ဓမ္မစေ တီခေါင်းလောင်း အ စစ်ဟုတ်၊ မဟုတ်သမိုင်းပညာရှင် များက စစ်ဆေးနိုင်မည်ဖြစ်သည်။

 ‘‘နဂါးသေတာလုပ်ကြံဖန် တီးရောင်းစားနေတယ်။ တစ်ပုံ တစ်ထောင်နဲ့။ နားမလည်တဲ့သူ က၀ယ်တယ်။ အင်တာနက်သ တင်းတွေလည်း ချင့်ယုံစေချင် တယ်’’ဟု  ဦးကြည်ဝင်းကဆို သည်။

ခေါင်းလောင်းရှာဖွေသည့် နေရာတွင် ဒုတိယကမ္ဘာစစ်မတိုင် မီက သင်္ဘောချည်သောဗော်ယာ များ ရန်ကုန်မြစ်အောက်၌ သူ့အဆင့်ဖြင့်  သူအများအပြား  ရှိနိုင်ကြောင်း၊  ရေကြောင်းပညာရှင်များက သုံး သပ်ပြောကြားသည်။

အင်ဂျင်နီယာများကလည်း နှစ်ပေါင်း ၄၀၀ ကျော်ကြာ ရေအောက်ရောက်နေသော ခေါင်းလောင်းကို ဆယ်ယူမည်ဆိုလျှင် နုန်းပို့ချမှုကို ထည့်သွင်းတွက်ချက်ပြီး တူးဖော်မှ ရနိုင်မည်ဖြစ်ပြီး ၀ိဇ္ဇာနည်းဖြင့်မည်သို့မှ ရှာဖွေတွေ့ရှိမည်မဟုတ်ဟု တညီတညွတ်တည်းပြောကြားသည်။

7Day DAILY

No comments:

Post a Comment